သင်္ကြန်

သင်္ကြန်
မူးလို့မူးမှန်းမသိ
အိမ်ပြန်ရောက်တော့ ခေါင်းမထောင်နိုင်
ရူးလို့ရူးမှန်းမသိ
ကိုယ့်ကိုယ်ကိုယ် ဖက်ရှင် သိပ်ကျတယ်
ထူးတော့ထူးတယ်
မူးလို့လည်းမ၀ ရူးလို့လည်းမဝ
လွမ်းတေးချို
၁၂.၄.၂၀၁၆

သင်္ကြန် ၂
ပထမဆုံးရေလောင်းသူဟာ ငါ
ငါ့ကိုရေလောင်းတာလည်းနင်
စိတ်ကူးဟာသိပ်လှ
ဗွမ်း
အိမ်နားက ကလေးတစ်ယောက်
ဘယ်ကတည်းက ချောင်းနေလဲ မသိဘူး
လွမ်းတေးချို
၁၂.၄.၂၀၁၆

သင်္ကြန် ၃
နေရာက ရှာမရဘူး
မီးသတ်ပိုက်အောက်ဝင်
သူရောပြီးက လွှတ်ချ
ရေပြတ်သွား
လွမ်းတေးချို
၁၃.၄.၂၀၁၆

သင်္ကြန် ၎
ဆိုင်ကယ်အိပ်ဇောပိုက်က အိုးမဲ ရှာတယ်
ဆပ်ပြာရည် ပုံးလိုက်လောင်းတယ်
အမောပြေဆိုပြီး
ဗူးသီးခြောက်ထဲမှာ ၀ီစကီ
စတုဒိသာ
လွမ်းတေးချို
၁၃. ၄. ၂၀၁၆


သင်္ကြန် ၅
အမေ က စတီးရေပြွတ်
ဝယ်မပေးဘူး
တရုတ်စက် တစ်ရက်စုတ် ဆိုတာ
မှတ်သားခဲ့ရ
လွမ်းတေးချို
၁၃.၄.၂၀၁၆

သင်္ကြန် ၆
ရေက မခြောက်ဘူး
လေတိုက်တော့ချမ်းလာတယ်
တစ်ယောက်တည်း 
ဘယ်သူလည် ချင်မလဲ
လွမ်းတေးချို
၁၃.၄.၂၀၁၆

သင်္ကြန် ၇
ကဲချင်တာကနာမ်
ကဲနေတာက ရုပ်
သူမဟုတ်ငါမဟုတ်
အဲ့ဒါနာမ်နဲ့ ရုပ်
လွမ်းတေးချို
၁၃.၄.၂၀၁၆

သင်္ကြန် ၈
မီးခြစ်က မီးမတောက်ဘူး
ဆေးလိပ်ဘူးကလည်း ရေစို
လွမ်းတေးချို
၁၃.၄.၂၀၁၆



သင်္ကြန် ၉
ဘောင်းဘီက ခဏခဏ
လျော့ကျတယ်
စိတ်တွေကပေါ့ပြီး
လူက လေးလာတယ်
လွမ်းတေးချို
၁၃.၄.၂၀၁၆

သင်္ကြန် ၁၀
ထန်းလျက်ဝှက်ထားတဲ့မုန့်လုံး
ရေပေါ်မှာ ပေါ်လာတယ်
ငရုတ်သီးတွေ
ဘယ်သူထည့်သွားတာလဲ
လွမ်းတေးချို
၁၃.၄.၂၀၁၆


သင်္ကြန် ၁၁
ရှာပုံတော်မင်းသားကြီးဟာ
မဏ္ဍပ်တကာ မရောက်နိုင်တော့ဘူး
ဘယ်တတ်နိုင်မလဲလေ
ဆဲစရာရှိရင် အစိုးရကိုပဲ
ဆဲရမယ်မဟုတ်လား
ပိတောက်တွေရောက်မလာသေးဘူး
လွမ်းတေးချို
၁၄.၄.၂၀၁၆



သင်္ကြန် ၁၂
အဆင်ပြေလား
မိုက်ကို ပရိတ်သတ်ဆီထိုးပေး
ကဲမယ်နော်
လွမ်းတေးချို
၁၄.၄.၂၀၁၆

သင်္ကြန် ၁၃
ပြီးတဲ့ထိမကြည့်နဲ့
ဒါပဲလာမှာ
ပြီးတဲ့ထိ မဖတ်နဲ့
ဒါပဲလာမှာ
ခင်ဗျားလည်း အလွတ်ရ နေလောက်ပါပြီ
လွမ်းတေးချို
၁၄.၄.၂၀၁၆


သင်္ကြန် ၁၄
ဟွန်းသံတွေကြားတယ်
ခွက်စုတ်ကြီးနဲ့ပက်တာလောက်တော့
ရယ်တာပေါ့ရယ်တာပေါ့
ရေခဲရေ ဟာ အသံတိတ်စေတယ်
လွမ်းတေးချို
၁၅.၄.၂၀၁၆


သင်္ကြန် ၁၅
ခွက်ကလေးကိုကိုင်
အပိုင်တော့ ပက်မလေး
ခေးကြီးကို သူ့ဘဲဖက်တော့
လွဲပေါ့ ငတ်သေး
လွမ်းပုည အဲလေ လွမ်းတေးချို
၁၅.၄.၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်