နာကျင်ကောင်
နာကျင်ကောင်
အသံထွက်စရာမလိုဘဲ
ငါလည်း အော်ပြတတ်ပါတယ်
ကြားစေလိုသူကို
ကြားစေပြီး
မကြားစေလိုသူကို
မကြားစေနိုင်တဲ့အစွမ်းတော့
ငါ့မှာ မရှိ
ဘူး
လူမှုဆက်ဆံရေးကိုရွေးမလား
ရာထူးကိုရွေးမလား
ငါ့ကိုယ်ငါ
ကိုရွေးမလား
ဘ၀ဆိုတာ ပင်လယ်ထဲက
အပ်ကိုရှာတာမဟုတ်ဘူး
အပ်ပုံထဲက
ပင်လယ်တစ်စက်ကို ယူငင်သယ်ဆောင်ရတာ
ပြောနေရင်း
မောမောလာတယ်
လောလောဆယ်
အသံဝင်နေတယ်
လွမ်းတေးချို
၂၂.၂.၂၀၁၇
Comments
Post a Comment