အာဖရိက ၂
ခင်ဗျားရဲ့ မွဲတေမှုကို ခြေရာတိုင်းဖို့ ကျွန်တော်လာတယ်
ခင်ဗျားလည်းမွဲ ကျွန်တော်လည်းမွဲ
ဦးပုည ကဗျာထဲကလို
ပြာတောင်ကြီးဟာ ဘယ်သူဖြစ်မလဲပေါ့
ငွေသား လေးရွေးတော့မဟုတ်
ဒေါ်လာလေးရွက်ကို အိတ်ကြားမှာဝှက်
ကျုတ်ကျုတ်ပါအောင် ဆုပ်ထားရ
ဦးပုည ကဗျာထဲကလို
ပြာတောင်ကြီးဟာ ဘယ်သူဖြစ်မလဲပေါ့
ငွေသား လေးရွေးတော့မဟုတ်
ဒေါ်လာလေးရွက်ကို အိတ်ကြားမှာဝှက်
ကျုတ်ကျုတ်ပါအောင် ဆုပ်ထားရ
လာရာလမ်းမှာ ကျုပ်မျက်လုံးတွေပွင့်ခဲ့ရ
ခင်ဗျားဟာ မီးရောင်တွေတောက်ပ
ကျုပ်မျက်လုံးတွေဟာ ဓာတ်လိုက်ခံရ
ကိုင်မိထိလိုက်မိတိုင်းဟာ လှပ
သစ်တောစိမ်းစိမ်းတွေ တောင်တန်းတွေ
စိတ်ကူးထားတဲ့ ခြေရာတိုင်းခြင်း ကို
စွန့်လွှတ်လိုက်ရ
ကိုယ့်တိုင်းပြည်ကို အထင်ကြီးတဲ့စိတ်နဲ့
နာကျင်ခဲ့ရ
ခင်ဗျားဟာ မီးရောင်တွေတောက်ပ
ကျုပ်မျက်လုံးတွေဟာ ဓာတ်လိုက်ခံရ
ကိုင်မိထိလိုက်မိတိုင်းဟာ လှပ
သစ်တောစိမ်းစိမ်းတွေ တောင်တန်းတွေ
စိတ်ကူးထားတဲ့ ခြေရာတိုင်းခြင်း ကို
စွန့်လွှတ်လိုက်ရ
ကိုယ့်တိုင်းပြည်ကို အထင်ကြီးတဲ့စိတ်နဲ့
နာကျင်ခဲ့ရ
အာဖရိက
ခင်ဗျားဟာ ဘယ်အပေါက်က ၀င်ရင်
ဘယ်ကိုပြန်ထွက်ရမယ်သိတဲ့ ကြွက်တွေလိုမျိုးလေ
တိုးရစ် (Tourists) တွေရဲ့  အိတ်ကပ်ထဲမှာ
သွားလာလှုပ်ရှား
ခင်ဗျားဟာ ဘယ်အပေါက်က ၀င်ရင်
ဘယ်ကိုပြန်ထွက်ရမယ်သိတဲ့ ကြွက်တွေလိုမျိုးလေ
တိုးရစ် (Tourists) တွေရဲ့  အိတ်ကပ်ထဲမှာ
သွားလာလှုပ်ရှား
သစ်တောတွေကို ခင်ဗျားတို့ ဆံပင်ညှပ်ဆိုင်မပို့ခဲ့
မြေကြီးက ရွှေသီးတာလည်းမြင်ရ
နှစ်ရာကျော် သစ်တောကြီးများ ဟိုးအဝေးကကြည့်ရင်
ပန်းဂေါ်ဖီကြီးမြင်ရသလို
မြေကြီးက ရွှေသီးတာလည်းမြင်ရ
နှစ်ရာကျော် သစ်တောကြီးများ ဟိုးအဝေးကကြည့်ရင်
ပန်းဂေါ်ဖီကြီးမြင်ရသလို
အာဖရိက
ကျွန်တော့ကို နှုတ်ဆက်ပါ
အီဘိုလာကြောင့် နည်းသွားတဲ့ခရီးသွား
ခင်ဗျားစီးပွားရေးကို တုတ်နဲ့ ထိုးနေတယ်မဟုတ်လား။
ကျွန်တော့ကို နှုတ်ဆက်ပါ
အီဘိုလာကြောင့် နည်းသွားတဲ့ခရီးသွား
ခင်ဗျားစီးပွားရေးကို တုတ်နဲ့ ထိုးနေတယ်မဟုတ်လား။
ခင်ဗျားဆီမှာ မြန်မာတစ်ယောက်တစ်လေများရှိမလား
ကမ္ဘာမပတ်နိုင်တဲ့ လူမျိုးအဖြစ် ကျုပ်သိပ်ငယ်ရ
ဘာတဲ့ လေယာဉ်ပေါ်က ဒက်ခ်ျအမျိုးသမီးကလေ
၁၁ ရက်ခရီးကို ယူရိုသုံးသောင်းနှစ်ထောင်ပေးခဲ့တာတဲ့
ကျုပ်မှာတော့ အလကားရတဲ့လက်မှတ်နဲ့
ခင်ဗျားမျက်နှာကို ငေးကြည့်ရ
ကမ္ဘာမပတ်နိုင်တဲ့ လူမျိုးအဖြစ် ကျုပ်သိပ်ငယ်ရ
ဘာတဲ့ လေယာဉ်ပေါ်က ဒက်ခ်ျအမျိုးသမီးကလေ
၁၁ ရက်ခရီးကို ယူရိုသုံးသောင်းနှစ်ထောင်ပေးခဲ့တာတဲ့
ကျုပ်မှာတော့ အလကားရတဲ့လက်မှတ်နဲ့
ခင်ဗျားမျက်နှာကို ငေးကြည့်ရ
လမ်းပေါ်မှာ ပလက်စတစ်တွေ မရှိတော့
ကျိတ်လေးစားခဲ့ရ
အမှိုက်ပုံကြီးတွေ မတွေ့တာကိုပဲ ပျော်ရ
အဲဒီကမ္ဘာ ကျွန်တော်နေချင်တယ်။
ဟဲလို အာဖရိက
ခင်ဗျားလေကြော ဟာ တော်တော်နဲ့ဖြတ်မရ
ခင်ဗျားမိန့်ခွန်းဟာ ရှည်လွန်းမက ရှည်လွန်း
ခင်ဗျားမွေးထားတဲ့မျောက်တွေက
ခုန်ပေါက်ပြေးလွှား
အဆင်ပြေသလို လုစား တတ်သေးရဲ့ 
ခင်ဗျားလေကြော ဟာ တော်တော်နဲ့ဖြတ်မရ
ခင်ဗျားမိန့်ခွန်းဟာ ရှည်လွန်းမက ရှည်လွန်း
ခင်ဗျားမွေးထားတဲ့မျောက်တွေက
ခုန်ပေါက်ပြေးလွှား
အဆင်ပြေသလို လုစား တတ်သေးရဲ့ 
ခင်ဗျားကို ခင်ဗျား ပြန်မရတဲ့ ကြင်နာမှုနဲ့
ခင်ဗျားကို ခင်တယ်
ဗုံသံတွေကြား ခါးလှိုင်းတွန့်သွားပုံ လှပတဲ့အက
အော် နာမည်တစ်လုံးနဲ့ အာဖရိက
ခင်ဗျားကို ခင်တယ်
ဗုံသံတွေကြား ခါးလှိုင်းတွန့်သွားပုံ လှပတဲ့အက
အော် နာမည်တစ်လုံးနဲ့ အာဖရိက
ဟိုးမှာ ကြည့်မှန်တစ်ချပ်
ခင်ဗျား မျက်လုံးဟာ အ၀ါရောင်တွေသမ်း
ခင်ဗျား နှာခေါင်းဟာ ငရုတ်သီးပွပွ
ခင်ဗျား နှုတ်ခမ်းဟာ လက်မ၀က်လောက်ရှိမလား
ဘယ်လို !
ခင်ဗျားတို့ချင်း အသားဖြူပြိုင်တာ ရှိသေးသတဲ့
ပျော်စရာကောင်းတဲ့ အာဖရိက ။
ခင်ဗျား မျက်လုံးဟာ အ၀ါရောင်တွေသမ်း
ခင်ဗျား နှာခေါင်းဟာ ငရုတ်သီးပွပွ
ခင်ဗျား နှုတ်ခမ်းဟာ လက်မ၀က်လောက်ရှိမလား
ဘယ်လို !
ခင်ဗျားတို့ချင်း အသားဖြူပြိုင်တာ ရှိသေးသတဲ့
ပျော်စရာကောင်းတဲ့ အာဖရိက ။
အစိတ်အပိုင်းကို မြင်တာနဲ့
တစ်ခုလုံးကို တော့ ဘယ်မြင်မလဲ
ခင်ဗျားကို ကျွန်တော် လက်လျှော့လိုက်ရ
အာ…….ဖ………ရိ……….က ။
တစ်ခုလုံးကို တော့ ဘယ်မြင်မလဲ
ခင်ဗျားကို ကျွန်တော် လက်လျှော့လိုက်ရ
အာ…….ဖ………ရိ……….က ။
လွမ်းတေးချို
၂၁ နာရီ ၄၁ မိနစ်
၂၃.၁.၂၀၁၅
(Narobi Airport)
၂၁ နာရီ ၄၁ မိနစ်
၂၃.၁.၂၀၁၅
(Narobi Airport)
Comments
Post a Comment