ငါတို့ဟာ ကိုယ့်မျက်နှာကိုယ် ရေခဲရိုက်ဖို့လိုနေပြီ...
ငါတို့ဟာ ကိုယ့်မျက်နှာကိုယ် ရေခဲရိုက်ဖို့လိုနေပြီ...
.........
........
...
ခပ်ထားတဲ့ရေခွက်ကိုသွန်ပစ်ရမယ်
ထပ်ထည့်ဖို့ ရေစက်ကို နေရာပေးရမယ်
သွန်ပစ်လိုက်တဲ့ရေစက်တွေကိုလွမ်
ထည့်ထားတဲ့ရေစက်ကို တစ်စက်ချင်းသောက်နေရင်း
ဒီလိုနဲ့ ငါတို့ တောင်ကြီးမြို့ လေးကို ဆုံးရှုံးလိုက်ရ
ဖိနပ်ပါးပြီး.......ထီးဖြု နေကြသူများ
အသစ်ဝယ်လိုက်တဲ့ ဖိနပ်လည်း ထပ်ပါးမယ်
ငါတို့ဟာ ဗေဒင်ဟောစာတမ်းထဲက စိန်တုံးတွေ ထက်စာရင်
သလင်းကျောက်ဖြစ်ရတာ တန်တယ်လို့ထင်တဲ့ကောင်တွေပေါ့
လမ်းခင်းကျောက်တွေကို ပြုံးပြီးကြည့်လိုက်တယ်
သမိုင်းကို correction pen နဲ့ ဖျက်မယ်တဲ့လား
ရိုးသားမှုအကြောင်းဟော တဲ့ ရန်ကုန်သားက မရိုးသားတဲ့ သူ့ ဇာတ်လမ်းကို
ဇာတ်ကောင်ပြောင်းပြီးပြောပြနေတယ
အဖြူရောင် ကင်းဗတ်စ်စ ပေါ်က အမည်းတစ်စက်ကို လူတွေမြင်တယ်
အဖြူ ရောင် တစ်ခုလုံးကို လူတွေမေ့နေတယ်
ထားလိုက်တော့ ငါတို့ဟာ ကြွက်ချေးနည်းတဲ့ဆွမ်းဆန်ဖြစ်ခဲ
လူတွေက ကြွက်ချေး အကြောင်း လှိုင်လှိုင်ကြီးပြောကြပါစေတော့
လျှော်ဖွပ်ပစ်လိုက်ကြပါစို့
ရိုးရိုးအေးအေး ဆိုတာရေခဲရေကို ဇွန်းမတပ်ပဲချပေးထားတယ်လို့မှတ်
လိမ်မပြောတတ်ပါဘူး
အခု ရေးနေတာ မုသားတွေတော့ ဟုတ်လောက်ဘူးထင်တယ်
ဝက်ခြံဗလဗျစ်နဲ့ လည်း ရည်းစားထားခွင့်ရှိတယ်
ငါတို့ဟာ ကောက်ရိုးပုံဘေးက ခွေးသာသာ ဘ၀မှာရှိတယ်
အဲဒီတော့ငါတို့ ကောက်ရိုးကို ဆိတ်ကျွေးပစ်လိုက်တယ်
မျက်ရည်က သက်သေဆိုရင်
ငါ့တို့တိုက်နံဘေး ကောင်မလေးက
သီအိုရမ်တစ်ခုဖြစ်နေပုံရတယ်
ရွှတ်နောက်နောက်ပြီတီတီ......
ရယ်ပစ်ဖို့လေ့ကျင့်ထားပါ.......
အမှန်တရားဟာ လက်ကျန်ရယ်သံကလေးတွေနဲ့
ဖွဲ့ စည်းထားခြင်းဖြစ်တယ်ဆိုတာကို
လူတွေတစ်နေ့တော့သိလာလိမ့်မယ်
ရည်းစားဟောင်းရဲ့  အသုဘကို ဒံပေါက်စားပြီး လိုက်ပို့ပစ်လိုက်ပါ
အခုတော့ ငါတို့ဟာ မကြာခဏ မြေမြှပ်သတ်ခံရဖို့ ကျင်းကိုယ်တိုင်တူးခဲ့ကြပြီ
ရှေးဟောင်းသီချင်း အကြောင်း
ရှေးခေတ် သီချင်းရေးဆရာအကြောင်း
ငါ့တို့စီးတဲ့မြစ်က ရေစီးသန်လာတယ်
အဲဒီ အာကြမ်းလျှာကြမ်းလေးက ကဗျာဖြစ်သွားတယ်
နှုတ်ခမ်းဝက ပိုက်ကလေးက
အကြည့်ကို မီးညှိုလိုက်ပြီ..........
ပလာဇာပတ်ပြီး လမ်းပျောက်ရအောင်
ငါတို့ နုံနဲ့ ထုံထိုင်းမယ် မထင်ဘူး
မှောက်ထားတဲ့ဖဲချပ်တွေကို လှပ်ကြည့် ဖြစ်တယ်မလား
လမ်းပေါ်မှာ ဖဲချပ်တွေပြန့် ကြဲနေတယ်
ငါတို့ဟာ လမ်းပေါ်က လေလွင့်ဖဲချပ်တွေဖြစ်တယ်.......
တစ တစ ပျံ့ လွင့်မှုတွေ တိုးပွားနေခဲ့
privacy တွေပေးပါ
အသစ်ကိုမလိုဘူး
အဟောင်းတွေဟာ မကြုံဖူးသေးရင် အသစ်ဖြစ်ပါတယ်
အဲဒါနဲ့ လိုင်းပေါင်းစုံကားတွေစီးမိကြတယ
တစ်နာရီ.......နှစ်နာရီ.......
အလင်းပေါက် ထမင်းဆိုင်ကလေး
ရေနွေးခွက်ကလေး အေးစက်သွား.......
စွပ်ကျယ် ၀တ်ထားတဲ့
ပင်ဂွင်းငှက်တစ်ကောင်က မျက်မှန်ကြီးတပ်ထားတယ်
ငါတို့ဟာ ဘီယာ သောက်ပြီး ဋီကာ ဖောက် ကြမယ်
ရန်ကုန်ဟာ
တောင်ကြီးသားတွေ အတွက်
ငရဲ နဲ့ ငရုပ်သီး စပ်မွေးထားတဲ့ သားသမီးလို
ပူလောင်စပ်ဖျင်း........
ဘိုလိုမှုတ်မှုတ်
တရုတ်လို မှုတ်မှုတ်
ဂျပန်လိုပဲမှုတ်မှုတ်
ငါတို့ဟာ စကားဝဲတယ်လို့ အမည်တပ်ခံရတယ်
ငါတို့ စကားတွေက ၀ဲမပေါက်ဘူး
ငါတို့ဟာ မွှေးမြမြ သစ်ရွက်လေးတွေနဲ့မစိမ်းဘူး
Rock ဂီတနဲ့ အသက်ဆက်ထားတဲ့ မြို့ ခံပုဂ္ဂိုလ်တွေပဲလေ
အဲဒီတော့ ဟစ်ဟော့သီချင်းတွေကျယ်ကျယ်လောင်
ဆန့်ကျင်ဖက်လိင် အချင်းချင်း
သူ့အမာရွတ်ကိုယ့်အပေါ် တံဆိပ်ရိုက်
ကိုယ့်အမာရွတ်သူ့အပေါ် တံဆိပ်ရိုက် တဲ့ ဇာတ်ဝင်ခန်းမျိုးမှာ
ငါတို့တွေ သရုပ်ဆောင် ဖို့ ကြိုးစားကြ
စာရိတ္တဆိုတာ
တောင်ကြီးတက္ကသိုလ်နား က ဘော်ဒါဆောင် ဖြစ်လေရဲ့ 
ဈေးသုံး၊ ထမင်းချက်ပြီး
ရှမ်းပဲပုတ်နဲ့ တို့ဖူးချဉ် ထမင်းဝိုင်း
ငါတို့ဟာ ရိုးရာနဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းကြတယ်။။
ရန်ကုန်ဟာ
လိပ်စာကဒ် ခပ်များများထည့်ထားတဲ့ပိုက်ဆံအိ
ငါတို့ဟာ အော်ကြီးဟစ်ကျယ် ချစ်ရမှာ
သေမလောက်ကြောက်သွားခဲ့ပြီ......
နိုင်ငံရပ်ခြားပြန် တောင်ကြီးသား
နိုင်ငံရပ်ခြား မျှော် တောင်ကြီးသား
ဓမ္မာရုံမှာ ဆုံတွေ့ကြ
ငါတို့တွေက ကျောနဲ့ရင်ဘတ်ခွဲ ပစ်မည့်ကောင်တွေမဟုတ်ဘူး
မီးပျက်သွားတတ်တဲ့ဓာတ်လှေကားတို
ချစ်သူအတွက်
အမြင့်ဆုံးမှာထားချင်တယ် သီချင်းကို သီဆိုကြ
ငါတို့အထက်မှာ Sky net ရှိတယ်
ကမ်းစပ်ရောက်ဖို့လှေစီးကြတယ်
ငါတို့ဟာ အိမ်ပွဲစားရဲ့  လှေဖြစ်ခဲ့ရ
ငါတို့မှတ်မထားပါဘူး.......
အခုလဲ ငါတို့
ငါတို့....
အိမ်ရှေ့ မှာ
အထုပ်လေးတွေတန်းစီ
တောက်!
ကားက ငှားမရဘူး.....
နောက်တစ်အိမ် မငှားရဘူး........
ငါတို့မျက်နှာတွေ ရေခဲသေတ္တာထဲ ပစ်ထည့်လိုက်ရုံပေါ့ကွာ........
လွမ်းတေးချို
26.4.2011
11 p.m
Comments
Post a Comment