လက်ရှိအခြေအနေ
ဆေးလိပ်က အစ ဆက် သောက်ရတယ်
နတ်ဆက်ပြီးသောက်တာမျိုးမဟုတ်ဘူး
ဆက်လက်ပြီးထပ်သောက်တာမျိုးမဟုတ်
ဒါဆိုရှင်းလောက်ပြီထင်တယ်
ဆေးလိပ်အကျိုးအကြေကို ဆက် သောက်ရတာမျိုးကိုဆိုလိုတာဖြစ်တယ
ဟူးမောတယ်
ခင်ဗျားကိုပြောရတာမောတယ်
မောတယ်ဆိုတာ အမောဆို့တာကိုပြောတာမဟုတ်ဘူး
လက်ပေါက်ကပ်တယ်
ရှင်းရခက်တယ်
ခင်ဗျားရဲ့  လွဲချော်မှုကို ပြန်တည့်ပေးရတာမျိုး
တော်ပြီ ခင်ဗျားမရှင်းနဲ့တော့ဗျာ
ခင်ဗျားသိနားလည်ခြင်းဟာ ဒီထဲမှာ မရှိဘူး
ဒီကဗျာထဲမှာ ခင်ဗျားဝင်ကန်လို့မရဘူး
ခင်ဗျားက ဘေးထိုင်ဘုပြော သူများယောင်ပြီး ရေသန့်ဘူးနဲ့ဝင်ပေါက်တဲ့
မြန်မာ -အိုမန် ပွဲ ပရိတ်သတ်
ခင်ဗျားနဲ့ လူကြီးလူကောင်းတစ်ယောက်လို စကားပြောဆိုနေရတာ
ကျုပ် နာရီ လေး ချိုင့်ဝင်သွားပြီ……….
လွမ်းတေးချို
Comments
Post a Comment