ဒိန်းမတ်ဆောင်း

ကြည့်စမ်း နှင်းစက်တွေဆိုတာ
ဟိုးငယ်ငယ်တုန်းက
ကိုယ်တန်းစီ ၀ယ်စားရတဲ့ ရေခဲ ခြစ်တွေလိုပ
ရာသီဥတု က ကိုယ့်ဖက်ပါတယ်
ကိုယ့်ပျင်းရိမှုက
အိပ်ခန်းထဲက ပေးမထွက်ဘူး
အရည်မရ အဖတ်မရ မဖြစ်ချင်ဘူး
အပြင်ထွက်ရင် အငွေ့  ရပြီး
အေးခဲနေရဦးမယ်။

ပျင်းရိမှု ဟာ အေးခဲနေတယ်
အေးခဲမှု ကြောင့် ပျင်းနေတာလည်း ဖြစ်နိုင်ရဲ့ ။ 
တစ် နှစ် သုံး လေး 
ဆယ့်ငါး ပြည့်အောင် မအော်လိုက်ရ
ဆေးလိပ် တစ်လိပ်ကုန်အောင် မသောက်လိုက်ရ
လက်ကလေး အိပ်ဖို့
လက်အိတ် လိုလာတယ်။

လွမ်းတေးချို 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်