ပြန့် ကျဲနေတာပဲကောင်းတယ်

ကယ်ကြပါဦးကွန်နက်ရှင်တွေကျကျကုန်တယ် လူတစ်ယောက်က အလန့်တကြားထအော်တယ်
မီးသတ်သမားလိုလို လူတစ်ယောက်က ဖြစ်ရပ်ကို စူးစမ်းတယ်
ဝူးဝူးဝါးဝါးအတွေးနဲ့ပြန်ထိုင်သွားတယ်ဟိုတုန်းကဆို ဒါမျိုးမဟုတ်ဘူး
မြန်မာပြည်ကြီးဒီမိုကရေစီ ရနေပြီကွ ဆန္ဒပြလို့ရပြီကွ
တယ်လည်း တက်ကြွကြတဲ့သူတွေ မနီးမဝေးက ငေးကြည့်သူတွေလည်း ဒုနဲ့ဒေး
ငါ တော့ အဝေးပြေးလမ်းမပဲဖြစ်ဖြစ် ဒီခရီးရောက်အောင်လျှောက်မယ်
တစ်လိမ်နှစ်လိမ် ကြောင်လိမ်လှေကားများ မှားတက်မိသလား
အမြင့်ရောက်တာချင်းတူတယ်
ဓာတ်လှေကား ၀ါးလှေကားမတူဘူး
ကိုယ့်အထွာနဲ့ ကိုယ်ကိုယ့် အထာနဲ့ကိုယ် နေတတ်အောင်ကြိုးစား
ဟိုဟိုဒီဒီ ဆက်ဆံရေးတွေကို အရက်တွေထဲ နှစ်ထားလိုက်တယ်
ငါတို့တွေဟာ ဒီပုတ်ထဲ က ဒီပဲ တွေ အနေနဲ့ အမြင်ခံရတော့
ဟိုပုတ်ထဲ ရောက်ရောက်သွားလည်းမထူးဘူး မဆန်းဘူး
အိပ်ရတာ မဆန်းဘူး
အိပ်မရတာ ဆန်းတယ်
အိပ်မ၀တာ ပိုဆန်းတယ်
ကိုယ့်ကိုယ်ကိုယ်ကောက်ယူဖို့ ကြိုးစားနေရတာ အကြိမ်ကြိမ်
ကိုယ်ကိုယ်တိုင်ဘယ်နားကျပျောက်မှန်းမသိတာမျိုးနဲ့ ငါတို့တွေကြေကွဲရ.......
အိတ်ပေါက်နဲ့ ဖားကောက်နေတာလည်းသိတယ်
ဖားကောက်တုန်းက မပင်ပန်းဘူး
မိုးကုန်သွားမှ အိပ်ပေါက်ကိုလည်း အပြစ်ရမလို
ဖားပျောက်သွားတာကိုပဲ စားမလောက်ဘူး ပြောရမလို
စိတ်ကောက် တဲ့အချိန်မှာ အိတ်ပေါက် ကို ထိပ်ခေါက်ဖို့ကြိုးစား
ငါ ဖားမကောက်ချင်တော့ဘူး
ဝေးဖို့အကြောင်း စ ပြော တာမျိုးကို ငါ သိပ်မုန်းတယ်
စပြီးဝေးသွားရင်လည်း ပြောမသွားနဲ့ကွာ
ဝေးပြီးမှ ပြန်ပြန်စ နေရတာ
စစပြီး ပြန်ဝေးမှာ ကြောက်နေရဦးမယ်

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်