"ဘယ်နှယ့်ရှိစ"

ငါတို့အသက်တွေကြီးလာပြီ.........
ကဲ မိုင်တိုင်အမှတ်ဘယ်လောက်လဲလို့မေးရင်
ဆယ့်ခြောက်နှစ်နောက်ပိုင်း
အသက်မတွက်တော့ဘူးဆိုရှာတဲ့ငါ့အကိုကြီး .........
ကဲဘယ်နှယ့်ရှိစ.......
ငါတို့အသက်တွေကြီးလာပြီ......
ကျောင်းကင်တင်းမှာတစ်နေကုန်ထိုင
မှိုင်နေဖို့မတွေးအား စကားတွေအမျှင်မပြတ်
ငါတို့ဆက်လက်ချီတက်ခဲ့ကြတယ်.....
ကဲဘယ်နှယ့်ရှိစ.......
စစ်မှန်တဲ့အမှန်တရားဟာ
လျှာနှစ်ခွနဲ့မြွေမမဟုတ်ဘူး.....
ထိုသို့ဖြင့်ငါတို့ပိုလို့ရင်းနှီးလာကြတယ်....။
ကဲဘယ်နှယ့်ရှိစ
ခေတ်ပျက်ကြီးမှာ အချစ်အတွက်
သူဒူးထောက်ခဲ့ဖူးသလားငါမသိခဲ့.......
ခေတ်ကောင်းတဲ့အချိန်မှ
အချစ်ဟောင်း သူလွမ်းဆွေးနေလားငါမသိခဲ့
ကဲ ဘယ်နှယ့်ရှိစ သူ့မွေးနေ့ကော
သူမှတ်မိရဲ့ လားငါမသိ ကဲဘယ်နှယ့်ရှိစ...........

လွမ်းတေးချို

 (အကိုတစ်ယောက်လို ခင်မင်လေးစားရသော ကိုအောင့်မွေးနေ့ အတွက် အမှတ်တရပေးဖြစ်ခဲ့တဲ့
ကဗျာတစ်ပုဒ်ဖြစ်ပါတယ်)

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်