ကွမ်းရွက်လောက်နဲ့ပျောက်မယ်ဆိုဘယ်သူက အာထရာဆောင်းရိုက်မှာလဲ

ခြင်ကိုက်တာကို သိတုန်းက အဖုအပိန့်ကို ကိုယ်မမျှော်လင့်မိဘူး
အစားစုံအောင် စားတုန်းက ၀မ်းပျက်ဝမ်းလျှော အကြောင်းမလေ့လာဖူးဘူး
ဒီလူတွေနဲ့ စကားပြောတုန်းက လမ်းဘေးခွေးကိုက်မှ ခွေးရူးပြန်တတ်တာ မဟုတ်ကြောင်း ဖြေးဖြေးချင်း သိမြင်
နေမလှန်းတဲ့ပုဆိုးဟာ ရေမခြောက်တဲ့အ၀တ်လို
အဆီပြန် အသားတိုး လူဟာ အားမရ ခြင်း ကို ၀ယ်ယူ
ရယ်မောခြင်း ဆိုတဲ့ စကားလုံးမှာ
မော မထည့်ချင်ဘူး

လွမ်းတေးချို
4 Aug 2013

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်