ကန္တာရမှာပွင့်တဲ့ကြာ

တုန်ခါနှုန်းက တော်တော်မြင့်နေတော့
ငါ့ကိုယ်ငါ ထိန်းဖို့မကြိုးစားတော့ဘူး
အိမ်ခေါင်းရင်းမှာ ၀ှက်ထားတဲ့အသဲပျက်လေးလည်းမရှိဘူ
အုတ်ရိုးကြားမှာဝှက်ထားတဲ့ ငွေလေးရွေးလည်းမရှိဘူး
အဲဒီတော့ မရှိခြင်းထဲမှာ
သိဖို့တော့ တော်တော်ကြိုးစားယူနေရတယ်
အဲဒီနေ့ရောက်လာပြီပြောတယ်
အဲဒီနေ့ကို ငါမလာတော့ဘူးလို့ပြောမယ်
အဲဒီတော့ ငါတို့
အဲလို ဝေးကြရတယ်ပေါ့


လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်