မွေးရပ်မြေ
ကျနော်ပြန်လာပြီအမေ
ဒီမြို့ မှာ အပြုံးတွေကို ဇကာ စစ်ယူရတယ်ဗျာ
ကြွက်အကြီးကြီးတွေ ရေထဲမှာမျောပါလာတယ်
ကံကောင်းလို့အမေရ
ကားပေါ်က ပြုတ်ကျသေတဲ့သတင်းမှာ အမေ့သားနာမည်မပါသေးဘူး
ဆယ့်ငါးမိနစ်ခရီးကို လေးဆယ့်ငါးမိနစ်သွားရတဲ့အခါ အလုပ်နောက်ကျတာဆန်းသလား
အိပ်ရေးမ၀ဘူးအမေရယ်
ဒုက္ခပါပဲ
လခထုတ်ရက်လောက် ပျော်စရာကောင်းပြီး ၀မ်းနည်းစရာကောင်းတာမရှိဘူး
အမေဆင်ထားတဲ့ ရွှေလက်စွပ်က အပေါင်ဆိုင်က ကောင်မလေးကို ရယ်ကျဲကျဲကြည့်တယ်။
အတက်အဆင်းများတာ ထည့်မပြောတော့ဘူးဗျာ
မြေညီထပ်က ရေသိပ်ကြီးတာပဲ ခပ်တည်တည်နဲ့အထပ်မြင့်နေထိုင်မှု ကို ဂုဏ်တင်ထားတယ်
စီးကရက်တွေ သိပ်သောက်ဖြစ်နေတယ်အမေရယ်
ချောင်းဆိုးရင် မပျောက်လွယ်ဘူး
သစ်သီးတွေက သိပ်ဈေးကြီးတာပဲ နယ်မှာလိုမဟုတ်ဘူးဗျာ
လမ်းလျှောက်တိုင်းသာ ခြေတိုသွားခဲ့ရင်
အမေ့သား အရပ်မှတ်တောင် မှတ်မိပါ့မလား
ကြေငြာဆိုင်းဘုတ်တွေများတယ်
ခွေထုတ်လိုတဲ့ တောင်ကြီးသားလေးတွေတွေ့ပါ့ဗျာ
City Mart မှာမှ ဈေးသုံးတတ်တဲ့ကောင်မလေးဟာ အမေ့ချွေးမလောင်းလျာ ဖြစ်ခဲ့ပြီ
အမေ့သားလည်း တက်စ်စီတွေထည်လဲစီးတတ်ပြီ
မဂွဒ်ပါဘူးအမေရယ် မဂွဒ်ဘူး
ဖုန်းချင်းတူရင်တောင် နှစ်သိန်းတန်က အနှိမ်ခံရသတဲ့
အမေ့သားလေ ရွှေတိဂုံဘုရားကို တစ်ပတ်တစ်ခါရောက်သတဲ့
နားရှိလို့သာကြားလိုက်ပါအမေရာ
အရူးတွေမြှောက်စားတဲ့ဈေးကွက်တွေရှိတယ်
ကျနော်မနေနိုင်ပါဘူး အမေရယ်
ကျနော်ပြန်လာပြီဗျာ
လူသွားပလက်ဖောင်းတွေမှာ လမ်းဘေးဈေးသည်တွေပြည့်လို့
လမ်းပေါ်တက်လျှောက်မှ ဟွန်းတီးခံတယ်
ရွေးချယ်ခွင့်ဆိုတာ ပြဌာန်းခံရတာမျိုးပေါ့ အမေရာ
အိမ်ပြောင်းရတာမပြောပါနဲ့
ရန်ကုန်မှာနေတဲ့ လေးနှစ်မှာ အိမ်ခုနှစ်အိမ်ပြောင်းရ
အိမ်ပြောင်းခြင်းအတတ်ပညာကို ဒီမှာအထူးစပယ်ရှယ်လေ့လာရတာ ဗျ
လက်ခုပ်တီးတတ်ရင် ဒီမှာ လူချစ်လူခင်သိပ်များတာပဲ
ကျနော်ပြန်လာပြီအမေရာ
ဂစ်တာတစ်လက်နဲ့ကြင်ရာဖက်ရှာတဲ့ေ ခတ်ဒီမှာမရှိဘူးဗျ(အင်တာနက်နဲ့ ကြင်ရာဖက်ရှာကြတာမျိုးပေါ့ဗျာ)
ပြည်တွင်းရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  ဘိုလိုမှုတ်ရရင် culture shock
ရှော့ခ် အကြီးကြီး ပဲ အမေရာ
ကျနော် ပြန်………….လာ……………..ပြီ…….ဗျာ။
ညနေ ငါးနာရီ နှစ်ဆယ့်လေးမိနစ်
၁၁.၉.၂၀၁၂
လွမ်းတေးချို
ဆယ့်ငါးမိနစ်ခရီးကို လေးဆယ့်ငါးမိနစ်သွားရတဲ့အခါ အလုပ်နောက်ကျတာဆန်းသလား
အိပ်ရေးမ၀ဘူးအမေရယ်
ဒုက္ခပါပဲ
လခထုတ်ရက်လောက် ပျော်စရာကောင်းပြီး ၀မ်းနည်းစရာကောင်းတာမရှိဘူး
အမေဆင်ထားတဲ့ ရွှေလက်စွပ်က အပေါင်ဆိုင်က ကောင်မလေးကို ရယ်ကျဲကျဲကြည့်တယ်။
အတက်အဆင်းများတာ ထည့်မပြောတော့ဘူးဗျာ
မြေညီထပ်က ရေသိပ်ကြီးတာပဲ ခပ်တည်တည်နဲ့အထပ်မြင့်နေထိုင်မှု
စီးကရက်တွေ သိပ်သောက်ဖြစ်နေတယ်အမေရယ်
ချောင်းဆိုးရင် မပျောက်လွယ်ဘူး
သစ်သီးတွေက သိပ်ဈေးကြီးတာပဲ နယ်မှာလိုမဟုတ်ဘူးဗျာ
လမ်းလျှောက်တိုင်းသာ ခြေတိုသွားခဲ့ရင်
အမေ့သား အရပ်မှတ်တောင် မှတ်မိပါ့မလား
ကြေငြာဆိုင်းဘုတ်တွေများတယ်
ခွေထုတ်လိုတဲ့ တောင်ကြီးသားလေးတွေတွေ့ပါ့ဗျာ
City Mart မှာမှ ဈေးသုံးတတ်တဲ့ကောင်မလေးဟာ အမေ့ချွေးမလောင်းလျာ ဖြစ်ခဲ့ပြီ
အမေ့သားလည်း တက်စ်စီတွေထည်လဲစီးတတ်ပြီ
မဂွဒ်ပါဘူးအမေရယ် မဂွဒ်ဘူး
ဖုန်းချင်းတူရင်တောင် နှစ်သိန်းတန်က အနှိမ်ခံရသတဲ့
အမေ့သားလေ ရွှေတိဂုံဘုရားကို တစ်ပတ်တစ်ခါရောက်သတဲ့
နားရှိလို့သာကြားလိုက်ပါအမေရာ
အရူးတွေမြှောက်စားတဲ့ဈေးကွက်တေ
ကျနော်မနေနိုင်ပါဘူး အမေရယ်
ကျနော်ပြန်လာပြီဗျာ
လူသွားပလက်ဖောင်းတွေမှာ လမ်းဘေးဈေးသည်တွေပြည့်လို့
လမ်းပေါ်တက်လျှောက်မှ ဟွန်းတီးခံတယ်
ရွေးချယ်ခွင့်ဆိုတာ ပြဌာန်းခံရတာမျိုးပေါ့ အမေရာ
အိမ်ပြောင်းရတာမပြောပါနဲ့
ရန်ကုန်မှာနေတဲ့ လေးနှစ်မှာ အိမ်ခုနှစ်အိမ်ပြောင်းရ
အိမ်ပြောင်းခြင်းအတတ်ပညာကို ဒီမှာအထူးစပယ်ရှယ်လေ့လာရတာ ဗျ
လက်ခုပ်တီးတတ်ရင် ဒီမှာ လူချစ်လူခင်သိပ်များတာပဲ
ကျနော်ပြန်လာပြီအမေရာ
ဂစ်တာတစ်လက်နဲ့ကြင်ရာဖက်ရှာတဲ့ေ
ပြည်တွင်းရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  ဘိုလိုမှုတ်ရရင် culture shock
ရှော့ခ် အကြီးကြီး ပဲ အမေရာ
ကျနော် ပြန်………….လာ……………..ပြီ…….ဗျာ။
ညနေ ငါးနာရီ နှစ်ဆယ့်လေးမိနစ်
၁၁.၉.၂၀၁၂
လွမ်းတေးချို
Comments
Post a Comment