သက်သက်သာသာနဲ့ နေသာသလိုသာနေလိုက်ကြရုံပေါ့ဟာ
- Get link
- X
- Other Apps
ဘယ်ကိုမှမရောက်တော့ဘာကိုမှ မရေးဖြစ်တော့ဘူး
အားကစားဘောင်းဘီတစ်ထည်လို
ပေါ့ပေါ့ပါးပါးဝတ်သွားပြီရင်
ပွဲတက် ၀တ်စုံဟာ တခြားသူဖြစ်နေရမယ် တဲ့
ပေါ့ပေါ့ပါးပါးဝတ်သွားပြီရင်
ပွဲတက် ၀တ်စုံဟာ တခြားသူဖြစ်နေရမယ် တဲ့
ဒါကလည်း သဘာဝပဲ
ဒူးနေရာဒူးတော်နေရာတော်......
အတွေးတွေကငါတို့နဲ့မတော်တော့ဘူး
ခန့်ခန့်ငြားငြား ....အသဲကွဲဖူးတယ်
Tiger beer နဲ့ မုန့်လင်မယား မြည်းဖူးတယ်
အရာရာဟာ
အီကြာကွေးနဲ့ ဆီတို့ဖူး တွဲစားသလိုဟာသပဲ
နာမည်အစစ်
လိပ်စာအစစ်
အလုပ် အစစ်
ငါဘာကိုမှ တွေးတောမထားဘူး.......
ဖုန်းလိုင်းတွေက တစ်ဆင့် ငါတို့ ရင်းနှီးခဲ့ကြ
မက်ဆေ့ခ်ျဘောက်စ်ထဲမှာ ဟန်နီကလေး ကို ရေးလိုက်ဖျက်လိုက်
ဆေးလိပ် တစ်ဖက် Good morning တစ်ဖက်
ငါ့ကိုယ်ငါ ကြိုးချည်ပစ်လိုက်
ငါ့ကိုယ်ငါ ကြိုးဖြေ ပစ်လိုက်
သံသရာက ဒီမှာစတယ်
ငါတို့ကိုယ်စီ အပျက်ပျက် ဖက်တွေးပြီး
Known area ထဲမှာ နေထိုင်ကြ
အချစ်က unknown area ထဲ မှာ ရှိလေရဲ့  ဟန်နီ
ဘက်စ်ကားမှတ်တိုင်ကျော်သွားတယ်
ပြန်အမ်းငွေမယူမိဘူး
ဘီယာဆိုင်မှာ အိပ်ငိုက်သွားတယ်
အသုဘကားတွေ မြင်တဲ့အခါ
နင်များ အိပ်ကပ်ပုတ်တတ် သလားလို့ ငါ စဉ်းစားဖူးတယ်
ထားလိုက်တော့လို့ ပြောပြိး
ထားထားတဲ့ အရာတွေက လိုက်လိုက်နေပြန်လို့
သံသရာက ဒီမှာစကြောင်းသိလိုက်ရပြန်ပြီ
ရှင်သန်လိုစိတ်နဲ့ အပင်စိုက်တာလား
သေသွားမှာပါဆိုပြီး အပင်မစိုက်တာ ဘယ်အရာက ပိုကောင်းလဲ
ဘယ်သူ့ဘယ်သူမှ ဦးယျာဉ်မှုးမလုပ်လိုကြဘူး
အဲဒီတော့
သက်သက်သာသာနဲ့
နေသာသလိုသာနေလိုက်ကြရုံပေါ့ဟာ.. .........
လွမ်းတေးချို
ဒူးနေရာဒူးတော်နေရာတော်......
အတွေးတွေကငါတို့နဲ့မတော်တော့ဘူး
ခန့်ခန့်ငြားငြား ....အသဲကွဲဖူးတယ်
Tiger beer နဲ့ မုန့်လင်မယား မြည်းဖူးတယ်
အရာရာဟာ
အီကြာကွေးနဲ့ ဆီတို့ဖူး တွဲစားသလိုဟာသပဲ
နာမည်အစစ်
လိပ်စာအစစ်
အလုပ် အစစ်
ငါဘာကိုမှ တွေးတောမထားဘူး.......
ဖုန်းလိုင်းတွေက တစ်ဆင့် ငါတို့ ရင်းနှီးခဲ့ကြ
မက်ဆေ့ခ်ျဘောက်စ်ထဲမှာ ဟန်နီကလေး ကို ရေးလိုက်ဖျက်လိုက်
ဆေးလိပ် တစ်ဖက် Good morning တစ်ဖက်
ငါ့ကိုယ်ငါ ကြိုးချည်ပစ်လိုက်
ငါ့ကိုယ်ငါ ကြိုးဖြေ ပစ်လိုက်
သံသရာက ဒီမှာစတယ်
ငါတို့ကိုယ်စီ အပျက်ပျက် ဖက်တွေးပြီး
Known area ထဲမှာ နေထိုင်ကြ
အချစ်က unknown area ထဲ မှာ ရှိလေရဲ့  ဟန်နီ
ဘက်စ်ကားမှတ်တိုင်ကျော်သွားတယ်
ပြန်အမ်းငွေမယူမိဘူး
ဘီယာဆိုင်မှာ အိပ်ငိုက်သွားတယ်
အသုဘကားတွေ မြင်တဲ့အခါ
နင်များ အိပ်ကပ်ပုတ်တတ် သလားလို့ ငါ စဉ်းစားဖူးတယ်
ထားလိုက်တော့လို့ ပြောပြိး
ထားထားတဲ့ အရာတွေက လိုက်လိုက်နေပြန်လို့
သံသရာက ဒီမှာစကြောင်းသိလိုက်ရပြန်ပြီ
ရှင်သန်လိုစိတ်နဲ့ အပင်စိုက်တာလား
သေသွားမှာပါဆိုပြီး အပင်မစိုက်တာ ဘယ်အရာက ပိုကောင်းလဲ
ဘယ်သူ့ဘယ်သူမှ ဦးယျာဉ်မှုးမလုပ်လိုကြဘူး
အဲဒီတော့
သက်သက်သာသာနဲ့
နေသာသလိုသာနေလိုက်ကြရုံပေါ့ဟာ..
လွမ်းတေးချို
- Get link
- X
- Other Apps
Comments
Post a Comment