မောင်ဝလုံးနဲ့ မောင်ဖြောင့်

မောင်ဝလုံးနဲ့ မောင်ဖြောင့်
မောင် ၀လုံး ဆိုတဲ့ ကလေးတစ်ယောက်ရှိတယ်။ သူက  ဗုဒဘာသာဝင် ပေါ့။ သူ့မှာ အစ္စလာမ်ဘာသာဝင် မူစလင် သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူ့နာမည်က မောင်ဖြောင့် ။ သူတို့နှစ်ယောက်ဟာ ကစားလည်းအတူတူ  ၊ မုန့်စားဆင်းချိန်တွေမှာလည်း တစ်ယောက် မုန့် တစ်ယောက် လဲစား ကြတာပေါ့ ။ သူတို့နှစ်ယောက်ဟာ အရမ်းလည်းချစ်ကြတယ် ။
နွေရာသီကျောင်းပိတ်ရက်မှာ မောင်ဝလုံးကို ယဉ်ကျေးမှုသင်တန်း ပို့တယ်။ ယဉ်ကျေးမှုသင်တန်း က ဆရာက မူစလင် တွေကို အရမ်းမုန်းတယ် ။ မောင်ဝလုံး ဟာ သင်တန်းတလျှောက်မှာ မူစလင်တွေ မကောင်းတဲ့ အကြောင်း သင်ရတယ် ။ မောင်ဝလုံးဟာ မူစလင်တွေ မကောင်းဘူး လို့ မှတ်ထားတာပေါ့ ။
မောင်ဖြောင့် ကို သူ့မိဘတွေက နွေရာသီကျောင်းပိတ်ရက်မှာ အမျိုးတွေ ဆီ သွားလည်ဖို့ ပို့လိုက်တယ်တဲ့ ။ သူ့ အမျိုးတွေရှိတဲ့နေရာက မူစလင်တွေနဲ့ ဗုဒဘာသာဝင်တွေ ရန်ပွဲ ဖြစ်ထားတဲ့နေရာလေ ။ သူ့အမျိုးတွေကလည်း ဗုဒဘာသာဝင်တွေကို အရမ်းမုန်းနေတယ်။ စကားလည်းမပြောကြဘူး ။ မောင်ဖြောင့်ကိုလည်း ဗုဒဘာသာဝင်တွေ မကောင်းတဲ့အကြောင်း မကြာခဏပြောတယ် ။ မောင်ဖြောင့် လည်း ဗုဒ္ဒဘာသာဝင် တွေ က မကောင်းဘူးလို့ မှတ်ထားတာပေါ့ ။
ကျောင်းပြန်ဖွင့်တော့ သူငယ်ချင်းနှစ်ယောက်ပြန်တွေ့ကြတယ်။ စကားမပြောကြတော့ဘူး ။ မုန့်စားဆင်းချိန်တွေမှာလည်း မခေါ်တော့ဘူး ။ တခြားသူငယ်ချင်းတွေနဲ့ ပဲ ပေါင်းကြတော့တယ်။
တစ်နေ့တော့ မောင်ဖြောင့်နဲ့ တခြား ကလေးတစ်ယောက်နဲ့ စကားများရန်ဖြစ်တယ်။ ဒါကိုမောင်ဝလုံးက မြင်ပြီး ၀င်ကူတယ်။ ဆရာမ ကို သွားတိုင်တယ်။ အဲဒီမှာ မောင်ဖြောင့်နဲ့မောင်ကောက် စကားပြန်ပြောဖြစ်သွားတယ်။
မောင်ဝလုံး ကို မောင်ဖြောင့်က ကျေးဇူးတင်တဲ့အကြောင်းပြောတယ်။ ပြီးတော့ သူ့မှာ ပါတဲ့ မုန့်ကို ကျွေးတယ်။ မောင်ဝလုံးက လည်း သူ့မုန့်ကို ပြန်ခွဲ ကျွေးတယ်။
နောက်နေ့တွေမှာလည်း သူတို့ နှစ်ယောက်စလုံး ပျော်ပျော်ရွှင်ရွှင် ပြန်တွဲဖြစ်သွားတယ်။ တစ်ယောက်အကြောင်းတစ်ယောက် မကောင်းလည်း မပြောကြဘူးတဲ့ ။

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်