မိဇင်
- Get link
- X
- Other Apps
မိဇင်
နင်ဟာ သံဇဉ် ချိုဖြစ်တယ်……။ ငါ ဟာ စာသား တချို့  ဖြစ်တယ်
ခွဲခြားပစ်လိုက်တဲ့အခါ သီချင်းသီပုဒ် မဖြစ်တော့ တာ နင်သိတယ် ငါသိတယ်
နင့်မျက်နှာမှာ ဘယ်လို အရေးအကြောင်းတွေရှိလဲ
ညနေခင်းကို အတူတကွသတ်ပစ်လိုက်ကြပြီလေ……
ဘယ်လိုညနေခင်းလဲလို့နင်မေးမယ်…… ဘယ်လိုညနေခင်းဖြစ်နိုင်မလဲလို့ ငါပြန်မေးခွန်းထုတ်မယ်
ကဲ ငါတို့ တွေဟာ မေးခွန်းတွေနဲ့ ဆော့ ကစားပစ်လိုက်ဖို့ အချိန်မရွေးအဆင်သင့်ဖြစ်နေတော့တ ယ်
နင့်မျက်နှာ အရိပ်အကဲကို တခြားသူတွေလို ငါမဖတ်တတ်ခဲ့တာ
နင့်စကားလုံးတွေကို အနက်ဖွင့်ဆိုမှုမပြုခဲ့တာ
ငါ ဟာ သိပ်ညံ့ဖျင်းတယ်
အဲဒီညံ့ဖျင်းမှုကို နင် တရွေ့  ရွေ့  တူးဖော်မိလိမ့်မယ် မိဇင်
ငါ့ညံ့ဖျင်းမှုဟာ နှင်းကျသလို
နင့် ရဲ့  ထက်မြက်မှုက မီးမောင်းတွေနဲ့ ငါဆီရောက်လာလိမ့်မယ်
စကားလုံးတွေနဲ့ နင့်ကိုငါ မရစ်ပတ်ဘူး မချည်နှောင်ဘူး
ငါ့ပင်ကို ၀သီက နင့်ကို သံသယသံရေပူထဲတွန်းချပစ်လိုက်တာ
ဘာဆက်လုပ်ကြမလဲမိဇင်
နင့်ကို ဆာလောင်တဲ့စိတ်မှာ ရမ္မက်ပါတယ်……နင့်ဆီရောက်နေတဲ့ ငါ့စိတ်တွေပါတယ်
ငါ ရူးတယ်
ငါ့ရဲ့  ရူးသွပ်မှုက နင့်ကို လောင်မြိုက်သွားခဲ့
တစ်ကိုယ်စာခိုလှုံဖို့ အိမ်ကြီးရခိုင်နဲ့နေရမှာ နင်သေမလောက်ကြောက်ခဲ့
နင့်ကို ငါ အစိတ်စိတ်ပိုင်းကြည့်တဲ့အခါ
ငါ့ကို တွေ့မလားလို့ ငါစိတ်ကူးသိပ်ယဉ်တာလေ
ဟုတ်ပါ့ နင်ငိုတာ လေညင်းကထိုင်ကြည့်နေလိုက်တာ
မမှန်မကန်တဲ့သူတွေပရောဂ ငါ့ကို လာလာမှန်တဲ့အခါ
နင်နဲ့ငါကြားမှာ သ၀န်တိုမှုက စေးစေးကပ်ကပ် ပေကပ်ကပ်နေထိုင်မှာ
ခွဲခြမ်းစိတ်ဖြာခြင်းနဲ့အလုပ်လု ပ်တဲ့အခါ ငါတို့ဟာ ငါတို့ကိုဖွက်ထားမှန်းသိပ်သိသာတ ယ်
ငါ့ကိုယ်ငါ ကျဉ်တဲ့နည်းနဲ့နင့်ကိုချစ်ပစ်လိုက်တယ်
…လူတွေဖုံးထားတာကို ငါ ဆွဲခွာပစ်လိုက်တဲ့အခါ
နင့်အားပေးမှုက ငါ့ကိုငါအားပေးစေတယ်…….ငါ့ခန္တာမှာအားဆေးဝေတယ်…
နင့်ကို အလုံပိတ်ပြီးချစ်ပစ်ချင်လို့
ရည်းစားဘ၀ကို အံ့ဘနန်းလက်ထပ်ပွဲနဲ့အဆုံးသတ်လိုက်ဖို့
လေလှိုင်းတွေကတစ်ဆင့် ငါဓာတ်ကူးပစ်လိုက်တယ်
ခြင်ကိုက်ခံရတဲ့အဲကွန်းခန်းကို တည်းခိုသူတွေဆဲဆိုပစ်သလိုမျိုး
နင်ငါ့ကိုထားသွားမှာ တခြားတစ်ယောက်နဲ့ညားသွားမှာ
နည်းနည်းပဲချစ်ပါမိဇင်ရာ ငါအချစ်နည်းနည်းနဲ့အိပ်မက်အရှည် ကြီးမက်ချင်ပါတယ်
နင်မရှိရင် အခန်းနံရံကိုထိုင်ကြည့်ရင်းအကြောင်းမဲ့ငါကြောက်နေရမှာ
ကမ္ဘာဦးလူတွေမီးလု သလိုမျိုး ငါနင့်အချစ်ကိုလိုက်လုဖို့တွေးေ နမှာ
နင်က shoe gallery ထဲက ဖိနပ်တွေကိုကြည့်ပြီးနှစ်သက်ရာ ကောက်စီးပစ်လိုက်နိုင်သလိုမျိုး
ငါမှာ လွင့်ပစ်ခံဖိနပ်တစ်ရံလို ဖုန်တင်ကျန်ရစ်ခဲ့ရမှာ
အိပ်စက်ခြင်းကို ဖန်ခွက်တစ်လုံးလိုငါရိုက်ခွဲပစ် မှာအကြောင်းမဲ့ ပြတင်းတံခါး ကိုအဖွင့်အပိတ်ထလုပ်နေမှာ
အဲဒီ ၀ါညိုနုရောင်လက်ချောင်းလေးတွေမှာလက်စွပ်ရာလေးတစ်ခု စွဲကျန်ဖို့ လူတွေဘာလုပ်သလဲ
နင်မျှော်တဲ့ဖုန်းဟာ ငါဖြစ်ပြီး တခြားသူတွေဖုန်းဟာနင့်ဆီအဆက်မပြ တ် ၀င်ရောက်တဲ့အခါ
ငါတို့ဝေးကွာခြင်းဟာ ကပြအသုံးတော်ခံဖို့ဆလိုက်မီးတွေ နဲ့စည်းချက်ညီကဖို့ အဆင်သင့်ဖြစ်နေလေရဲ့ ….။
အချစ်ဟာ လေတိုက်နှုန်းခပ်မြင့်မြင့်နဲ့အဆ င်မပြေဘူး လေစိမ်းတွေတိုက်နေတယ် မိဇင်
လွမ်းတေးချို
မေ ၂၀၁၃
ခွဲခြားပစ်လိုက်တဲ့အခါ သီချင်းသီပုဒ် မဖြစ်တော့ တာ နင်သိတယ် ငါသိတယ်
နင့်မျက်နှာမှာ ဘယ်လို အရေးအကြောင်းတွေရှိလဲ
ညနေခင်းကို အတူတကွသတ်ပစ်လိုက်ကြပြီလေ……
ဘယ်လိုညနေခင်းလဲလို့နင်မေးမယ်……
ကဲ ငါတို့ တွေဟာ မေးခွန်းတွေနဲ့ ဆော့ ကစားပစ်လိုက်ဖို့ အချိန်မရွေးအဆင်သင့်ဖြစ်နေတော့တ
နင့်မျက်နှာ အရိပ်အကဲကို တခြားသူတွေလို ငါမဖတ်တတ်ခဲ့တာ
နင့်စကားလုံးတွေကို အနက်ဖွင့်ဆိုမှုမပြုခဲ့တာ
ငါ ဟာ သိပ်ညံ့ဖျင်းတယ်
အဲဒီညံ့ဖျင်းမှုကို နင် တရွေ့  ရွေ့  တူးဖော်မိလိမ့်မယ် မိဇင်
ငါ့ညံ့ဖျင်းမှုဟာ နှင်းကျသလို
နင့် ရဲ့  ထက်မြက်မှုက မီးမောင်းတွေနဲ့ ငါဆီရောက်လာလိမ့်မယ်
စကားလုံးတွေနဲ့ နင့်ကိုငါ မရစ်ပတ်ဘူး မချည်နှောင်ဘူး
ငါ့ပင်ကို ၀သီက နင့်ကို သံသယသံရေပူထဲတွန်းချပစ်လိုက်တာ
ဘာဆက်လုပ်ကြမလဲမိဇင်
နင့်ကို ဆာလောင်တဲ့စိတ်မှာ ရမ္မက်ပါတယ်……နင့်ဆီရောက်နေတဲ့ ငါ့စိတ်တွေပါတယ်
ငါ ရူးတယ်
ငါ့ရဲ့  ရူးသွပ်မှုက နင့်ကို လောင်မြိုက်သွားခဲ့
တစ်ကိုယ်စာခိုလှုံဖို့ အိမ်ကြီးရခိုင်နဲ့နေရမှာ နင်သေမလောက်ကြောက်ခဲ့
နင့်ကို ငါ အစိတ်စိတ်ပိုင်းကြည့်တဲ့အခါ
ငါ့ကို တွေ့မလားလို့ ငါစိတ်ကူးသိပ်ယဉ်တာလေ
ဟုတ်ပါ့ နင်ငိုတာ လေညင်းကထိုင်ကြည့်နေလိုက်တာ
မမှန်မကန်တဲ့သူတွေပရောဂ ငါ့ကို လာလာမှန်တဲ့အခါ
နင်နဲ့ငါကြားမှာ သ၀န်တိုမှုက စေးစေးကပ်ကပ် ပေကပ်ကပ်နေထိုင်မှာ
ခွဲခြမ်းစိတ်ဖြာခြင်းနဲ့အလုပ်လု
ငါ့ကိုယ်ငါ ကျဉ်တဲ့နည်းနဲ့နင့်ကိုချစ်ပစ်လိ
…လူတွေဖုံးထားတာကို ငါ ဆွဲခွာပစ်လိုက်တဲ့အခါ
နင့်အားပေးမှုက ငါ့ကိုငါအားပေးစေတယ်…….ငါ့ခန္တာမ
နင့်ကို အလုံပိတ်ပြီးချစ်ပစ်ချင်လို့
ရည်းစားဘ၀ကို အံ့ဘနန်းလက်ထပ်ပွဲနဲ့အဆုံးသတ်လိ
လေလှိုင်းတွေကတစ်ဆင့် ငါဓာတ်ကူးပစ်လိုက်တယ်
ခြင်ကိုက်ခံရတဲ့အဲကွန်းခန်းကို တည်းခိုသူတွေဆဲဆိုပစ်သလိုမျိုး
နင်ငါ့ကိုထားသွားမှာ တခြားတစ်ယောက်နဲ့ညားသွားမှာ
နည်းနည်းပဲချစ်ပါမိဇင်ရာ ငါအချစ်နည်းနည်းနဲ့အိပ်မက်အရှည်
နင်မရှိရင် အခန်းနံရံကိုထိုင်ကြည့်ရင်းအကြေ
ကမ္ဘာဦးလူတွေမီးလု သလိုမျိုး ငါနင့်အချစ်ကိုလိုက်လုဖို့တွေးေ
နင်က shoe gallery ထဲက ဖိနပ်တွေကိုကြည့်ပြီးနှစ်သက်ရာ ကောက်စီးပစ်လိုက်နိုင်သလိုမျိုး
ငါမှာ လွင့်ပစ်ခံဖိနပ်တစ်ရံလို ဖုန်တင်ကျန်ရစ်ခဲ့ရမှာ
အိပ်စက်ခြင်းကို ဖန်ခွက်တစ်လုံးလိုငါရိုက်ခွဲပစ်
အဲဒီ ၀ါညိုနုရောင်လက်ချောင်းလေးတွေမှ
နင်မျှော်တဲ့ဖုန်းဟာ ငါဖြစ်ပြီး တခြားသူတွေဖုန်းဟာနင့်ဆီအဆက်မပြ
ငါတို့ဝေးကွာခြင်းဟာ ကပြအသုံးတော်ခံဖို့ဆလိုက်မီးတွေ
အချစ်ဟာ လေတိုက်နှုန်းခပ်မြင့်မြင့်နဲ့အဆ
လွမ်းတေးချို
မေ ၂၀၁၃
- Get link
- X
- Other Apps
Comments
Post a Comment