လေထဲမှာ ငါးမျှားခြင်း

သတင်းခေါင်းစဉ်

“ လေထဲမှာငါးမျှားခြင်း ” သတင်းအစုံအလင်ပါ……….

ဈေးဘမ်းထဲထည့်ရောင်းတဲ့အချစ်ကိ

ဈေးကြီးပေးဝယ်မိကြောင်းသိရသောတစ်နေ့

သူမကို တခြား သူ  “ မ “ ထားကြောင်း

ကိုယ်သည် ပို့စ်မော်ဒန် နွားတစ်ကောင်ဖြစ်ကြောင်း

ကျေနပ်ခြင်း မကျေနပ်ခြင်းသည် ဂရုပြုခြင်းခံရမည်မဟုတ်ကြောင်း

လှောင်အိမ်ထဲမရောက်ခင် ငှက်တစ်ကောင်၏သမိုင်းသည်
ရိုင်းချင်သလောက်ရိုင်းသင့်ကြောင်း

ကိုယ်သည် သမိုင်းသိ၍ “ အ “ သွားသောလူတစ်ယောက် ဖြစ်သွားကြောင်း

သတင်းရရှိပါသည်။။။။။။။။။။။။။။။။


လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်