လိုနေတာဒါမဟုတ်ဘူး
- Get link
- X
- Other Apps
ဒါဟာ ရှုပ်ထွေးပွေလီမှုသက်သက်ပဲ
သက်သက်ကို ကျီစားတာပဲ
ကျီစားသန်တော့ ရန်များတယ်
စွန့်ပစ်ပစ္စည်းတွေဟာ recycle လုပ်ပြီး အသုံးခံရတာပျော်ပါ့မလား
စွန့်ပစ်ပစ္စည်းတွေဟာ recycle လုပ်ပြီး အသုံးခံရတာပျော်ပါ့မလား
နှလုံးခုန်သံကြားမှာ Miss call တွေတွေ့ပါ့
ပြန်ခေါ်လို့ဖုန်းမကိုင်တာမျိုးက ဓားတုံးတုံးနဲ့ ကျိတ်လှီးခံရတဲ့ ကျောက်ကျောတုံး
လိုနေတာဒါမဟုတ်ဘူး
ဝယ်ဖတ်ရှာဖတ်ထားသမျှထဲမှာ မိန်းမတစ်ယောက်ကို ဘယ်လိုချော့မော့ရမယ်ဆိုတာ မပါဘူး
ဒါဟာ ညံ့ဖျင်းမှုလို့ သတ်မှတ်ခံရပြီးသား
အုံကြွ လာတဲ့ သည်းခံမှုဟာ ဥုံခံပြီး ဂါထာရွတ်ဖို့လောက်သာ စွမ်းရှာ
လမ်းမပေါ်က အမှိုက်တွေဟာ မိုးရွာရင်မျှောပါသွားမှာပေါ့
ကိုယ်တို့ကြားအမှိုက်တွေက တောင်ပုံရာပုံ
လိုနေတာ ဒါမဟုတ်ဘူး
လမ်းဘေးဈေးမရောင်းရ အမိန့်ဟာ တစ်ပတ်နှစ်ပတ် အသက်ဝင်တယ်
လူကြားကောင်းအောင် လိမ္မာမှုကလည်း တစ်ပတ်နှစ်ပတ်
ကိုယ့်ကိုယ်ကိုယ် အစိုးမရဘူး
ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီမရဘူး
မေတ္တာတရားနဲ့အရာရာ အုံ့မိုးပစ်လိုက်တာမျိုး
လိုနေတာဒါမဟုတ်ဘူး
တစ်မိုးကုန်တစ်ခါဖာရတဲ့လမ်းမတွေ များတော့
ကိုယ်တို့ မိုးတွင်းရောက်မှာကြောက်တယ်
မိုးဟာ သဘာဝပဲ
သဘာဝကို မရမက ကိုယ်တို့တားတယ်
လိုနေတာ ဒါမဟုတ်ဘူး
အချိန်ပိုကြေးမရတဲ့အလုပ်တွေလုပ် ရတော့
ကိုယ်တို့မှာ အချိန်လည်းမပိုဘူး
ငွေလည်းမပိုဘူး
အရိုးတစ်ချောင်းခွေးတစ်သောင်းဝိုင်းကိုက်ရတာမျိုးဟာ
ဝဋ် တဲ့လား၊ ကံတဲ့လား
လိုနေတာဒါမဟုတ်ဘူး
လိုနေတာဘာလဲ
လိုနေတာမသိသေးလို့ မလိုတာတွေကိုဖယ်ကြည့်မိတယ်
လိုနေတာဒါပဲဖြစ်မယ်ဆိုတာပေါ့
ကိုယ်တို့သိချင်ယောင်ဆောင်လိုက် ကြပါတယ်
လိုနေတာ ဒါမဟုတ်ဘူး…
လွမ်းတေးချို
ပြန်ခေါ်လို့ဖုန်းမကိုင်တာမျိုးက
လိုနေတာဒါမဟုတ်ဘူး
ဝယ်ဖတ်ရှာဖတ်ထားသမျှထဲမှာ မိန်းမတစ်ယောက်ကို ဘယ်လိုချော့မော့ရမယ်ဆိုတာ မပါဘူး
ဒါဟာ ညံ့ဖျင်းမှုလို့ သတ်မှတ်ခံရပြီးသား
အုံကြွ လာတဲ့ သည်းခံမှုဟာ ဥုံခံပြီး ဂါထာရွတ်ဖို့လောက်သာ စွမ်းရှာ
လမ်းမပေါ်က အမှိုက်တွေဟာ မိုးရွာရင်မျှောပါသွားမှာပေါ့
ကိုယ်တို့ကြားအမှိုက်တွေက တောင်ပုံရာပုံ
လိုနေတာ ဒါမဟုတ်ဘူး
လမ်းဘေးဈေးမရောင်းရ အမိန့်ဟာ တစ်ပတ်နှစ်ပတ် အသက်ဝင်တယ်
လူကြားကောင်းအောင် လိမ္မာမှုကလည်း တစ်ပတ်နှစ်ပတ်
ကိုယ့်ကိုယ်ကိုယ် အစိုးမရဘူး
ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီမရဘူး
မေတ္တာတရားနဲ့အရာရာ အုံ့မိုးပစ်လိုက်တာမျိုး
လိုနေတာဒါမဟုတ်ဘူး
တစ်မိုးကုန်တစ်ခါဖာရတဲ့လမ်းမတွေ
ကိုယ်တို့ မိုးတွင်းရောက်မှာကြောက်တယ်
မိုးဟာ သဘာဝပဲ
သဘာဝကို မရမက ကိုယ်တို့တားတယ်
လိုနေတာ ဒါမဟုတ်ဘူး
အချိန်ပိုကြေးမရတဲ့အလုပ်တွေလုပ်
ကိုယ်တို့မှာ အချိန်လည်းမပိုဘူး
ငွေလည်းမပိုဘူး
အရိုးတစ်ချောင်းခွေးတစ်သောင်းဝိ
ဝဋ် တဲ့လား၊ ကံတဲ့လား
လိုနေတာဒါမဟုတ်ဘူး
လိုနေတာဘာလဲ
လိုနေတာမသိသေးလို့ မလိုတာတွေကိုဖယ်ကြည့်မိတယ်
လိုနေတာဒါပဲဖြစ်မယ်ဆိုတာပေါ့
ကိုယ်တို့သိချင်ယောင်ဆောင်လိုက်
လိုနေတာ ဒါမဟုတ်ဘူး…
လွမ်းတေးချို
- Get link
- X
- Other Apps
Comments
Post a Comment