ပဲရစ်

မြစ်ကူးတံတားတွေနဲ့ သိပ်လှတဲ့မြို့ 
လေဆိပ်ထဲကကို တော်ရုံနဲ့ ပြန်မထွက်နိုင်
ကမ္ဘာ့ အမြန်ဆုံး ခရီးသည်တင် လေယာဉ်တဲ့လေ သူများပြောမှ ကိုယ်သိရ
ယူရိုငွေကြေးဟာ ကိုယ့်အတွက် ထိတ်လန့်စရာချည်းယူဆောင်လာခဲ့
မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုပေါ့
တက်စ်စီ ငှားစီးပစ်ခဲ့
ဂုဏ်ယူစရာပဲလေ ဥရောပမှာ
တက်စ်စီ စီးတယ်ဆိုတာ ဇိမ်ခံခြင်း တစ်မျိုးပဲ မဟုတ်လား
မှန်တာပြောရရင် ကျင်ငယ်နံ့ အလွန်နံတဲ့မြို့  ဟာ စူပါပဲရစ်ပဲ
ကဲ့မခက်ဘူးလား ရေမွှေးမြို့ တော်ကြီးရေ
မျှော်စင်ကြီးတွေ့ချင်စိတ်နဲ့
မိုနာလီဆာကြီး တွေ့ ချင်စိတ်နဲ့
မည်သို့မည်ပုံ လမ်းလျှောက်လိုက်သည်ကို မသိ ဆိုတာမျိုးပေါ့
နပိုလီယန်က ပြင်သစ်ကလေ
အနုပညာဟာ ပြင်သစ်မှာ ထွန်းကားသတဲ့
ဓာတ်လှေကားထဲ ချိန်းတွေ့ ရတဲ့ သမီးရည်းစားတွေလို
ကိုယ်မှာ အချိန်က မရ
စိန့်မြစ်ထဲ သင်္ဘောပတ်စီးလိုက်တဲ့အခါ မြို့  ကြီးကို အနည်းငယ်ရင်းနှီးသွား
ရောက် ဓာတ်ပုံရိုက်ပြန်
မထူးပါဘူးလေ
ဘုရားဖူးကားနဲ့ မြန်မာပြည် ပတ်သလိုပါပဲပေါ့
ဘယ်လိုမှမအောက်မေ့ပါနဲ့ ကိုပဲရစ်ရယ်
ရောက်ဖူးတယ်ဆိုရုံပေါ့…။

လွမ်းတေးချို
၁၂.၁၉ နာရီ ( ညပိုင်း)
၁၃.၉.၂၀၁၄

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်