ဘန်ကောက် ၁

လာလေကွယ် သိပ်ကြောက်နေသလား
ဒါဟာ နိုင်ငံခြားကွဲ့
အင်း မြန်မာလို့ တော့ မပြောရင်ကောင်းမယ်ကွဲ့ 
ကိုယ်တို့ဟာ ကိုယ့် ID ကို ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်နေရ
မြန်မာပြည်ကလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောပစ်လိုက်တာပေါ့
ကားမီတာလေး ပိုမြန်သွားခဲ့
သိပ်ပြီး ဆန်းပြားသွားတယ်လို့ ပြောရမလား
ဒါဟာ နိုင်ငံခြားပဲ
နိုင်ငံသားဖြစ်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု လိုတယ်
ကိုယ်ဟာ တိုင်းမဲ့ပြည်မဲ့ မွေးဖွားခြင်းမခံရတာ
ကံကောင်းခြင်းတစ်မျိုးပေါ့။
ဒါဟာ ဟို နိုင်ငံပဲ လေ
ဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့နိုင်ငံမျိုးလေ
ကိုယ်မျက်စိကို မယုံရဲဘူး
ဝတ်လွှာလေးတွေဟာ အကြည်သား ပလက်စတစ်စတွေလို
ထိုးထွင်းမြင်ရ...
ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက် ၀င့်ကြွားမှုတစ်ခုခုရှိနေမလား
သူတို့မျက်နှာတွေမှာ ကိုယ်ရှာမတွေ့ ခဲ့
ဒါဟာ ဟိုနိုင်ငံဖြစ်ရတာ ကံကောင်းခြင်းတစ်မျိုးပဲလား။
တံတားတွေကာ နှစ်ထပ်သုံးထပ်ဖြစ်နေတာ
ဟိုးအရုပ်ကမ္ဘာထဲရောက်နေသလိုပ
ငလျင်ဒဏ်တွေခံနိုင်ပါ့မလား
တိုးတိတ်တိတ် ကိုယ် လန့်ဖျပ်သွား
ဒီရောက်နေရတာ ပျော်ပါတယ်လို့
အံကြိတ်ပြီး ပြောနေရ။

လွမ်းတေးချို
သက္ကရာဇ် ၂၀၁၃ ခုနှစ်
သြဂုတ်လ ၃ ရက်နေ့
မြန်မာစံတော်ချိန် နေ့လည် နှစ်နာရီခွဲ

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်