မှတ်မှတ်ရရ ကျောင်းသားဘဝ
အိမ်ပြန်လမ်းတလျှောက်မှာ ကိုယ့်စိတ်မှာ သယ်ဆောင်မထားပါလျက် အလိုအလျောက်လေးလံနေတဲ့ အရာတစ်ခုက ရောက်လာတယ်။ ဒါဟာ မနက်ဖြန်လုပ်မယ့်ကိစ္စပဲ။ကဲ ကိုယ်ဘာလုပ်ရတော့မှာလဲ။ ပျော်ရွှင်မှု အတွက် ကိုယ်တို့ရဲ့  စနောက်ဆော့ကစားမှုဟာ ထိုက်တန်ရဲ့ လား ကိုယ်မသိတော့ပါဘူး။ အဖွဲ့လိုက် စုပေါင်း လုပ်ဆောင်ကြပေမယ့် အဖွဲ့လိုက်တာဝန်ယူမှုကောရှိပါ့မလား။ ကိုယ်တို့ကြားမှာတာဝန်ခံမှုဆိုတဲ့  ကိစ္စရပ်နဲ့ ပက်သက်ပြီး ဆွေးနွေးငြင်းခုံထားတာမရှိဘူး။ တစ်ခုခုကို တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ဆောင်ပစ် လိုက်ဖို့ကိုယ်တို့ဝန်မလေးဘူး။ ကိုယ်အိမ်ပြန်ရောက်လာတယ် မနက်ဖြန်ကျရင် ကိုယ်တို့ အော်ပရေးရှင်းစမယ်။ ကိုယ့်တာဝန်က သင်တန်းက သူတွေကို ရင်ခုန်စိတ်လှုပ်ရှားသွားအောင်လု ပ်ရမယ်။ အသက်ရှင်နေ တဲ့သူတစ်ယောက်ရဲ့  နာရေးဖိတ်စာကို သူတို့ကြားကို အရောက်ပို့ရမယ်။ ဒီညကိုဘယ်လိုကုန်လွန် ဖြတ်သန်းရမလဲ။ ကာယကံရှင်ကကော ဘယ်လိုနေမလဲ။ ကိုယ်ကိုယ်တိုင်ထုတ်နေမိတဲ့မေးခွန်းက ကိုယ့်ဦးနှောက်နဲ့ ဥာဏ်မှီတဲ့ အဖြေ တစ်ခုခုကို တောင်းဆိုနေတယ်။ ကိုယ်သိပ်ညံ့ဖျင်းခဲ့ပါတယ်။ အဖြေမထုတ်နိုင်ခဲ့ဘူးဆိုပါတော့။
အိပ်ရာပေါ်မှာလူးလှိမ့်ရင်းကိုယ် ထထိုင်လိုက်တယ်။ ကိုယ့်လည်ချောင်းတွေက ခြောက်ကပ်လို့။ ကိုယ်ရေတစ် ခွက်ကို ဆာလောင်နေတာသေချာပြီ။တောင်ကြီးရဲ့  ဆောင်းတွင်းဟာ ရေခဲရောင်းတဲ့သူနဲ့ ထုံဆေး ရောင်းတဲ့သူ နှစ်ယောက်ပေါင်းပြီး မွေးလာတဲ့ သားသမီးလို ထုံကျင်အေးစက်လို့။ ဒီလိုညမျိုးကို ကိုယ်အိပ်စက်ခြင်းနဲ့ ဖြုန်းတီးပစ်လိုက်ရမှာ ကိုယ်သိပ်နှမြောသွားတယ်။ ကိုယ့်ခေါင်းအုံးဘေးက ဒိုင်ယာရီစာအုပ်လေးကိုထုတ် လိုက်တယ်။ ကဗျာတစ်ပုဒ် ချရေးမိတယ်။
တိတ်ဆိတ်ခြင်းဟာ တိတ်တိတ်ကလေးမနေဘူး
ကိုယ့်စိတ်တွေကို တစ်စုံတစ်ခုက ခြယ်လှယ်ပစ်လိုက်ပြီ
ဒီနဂါးခေါင်းတွေ ဘယ်ဖက်လှည့်ကြသလဲ
ဒါဆို ငါဟာ ပြဿဒါးနံ့မကင်းဘူးပဲ
ငါဟာ အချိန်မရွေးမီးထွန်းလိုသူဖြစ်တယ်
ပြဿနာတွေကို အဏုကြည့် မှန်ဘီလူးနဲ့ ကြည့်လို့
ဒါဟာ လူငယ်ဆန်တဲ့မှားယွင်းမှုလား
ရေးလက်စ ကဗျာလေးကိုပြန်ဖတ်မိတယ်။ ကိုယ်ဘာဆက်ရေးရမှန်းမသိဖြစ်သွား တယ်။ ကိုယ်အိပ်မှရ တော့မယ်။ မနက်ဖြန်မနက် သင်တန်းကို ၇ နာရီ အရောက်သွားရမယ်။ တိုင်ကပ်နာရီလေးကို ကြည့်လိုက်တော့ ည တစ်နာရီ။ ကိုယ်အိပ်မှ ရတော့မယ်။ ကိုယ်ရေသောက်ရဦးမှာပဲ လည်ချောင်းထဲက ခြောက်ကပ်မှုက ကိုယ့်ကို တပ်လှန့်နှိုးလိုက်တယ်။ ရေခဲသေတ္တာထဲက အေးစက်နေတဲ့ ရေတစ်ဘူးကို ကောက်ယူလိုက်တယ်။ အာဆွတ်ရုံလေး ရေတစ်ကျိုက် သောက်လိုက်တယ်။ လေးလံနေတဲ့စိတ်ကို ချော့သိပ်ဖို့ကြိုးစားရင်း ကိုယ်အိပ် ပျော်သွားတယ်။
မနက် အိပ်ယာနိုးတော့ ခြောက်နာရီ ဆယ့်ငါး ရှိနေပြီ။လေးလံနေတဲ့စိတ်က ပျောက်မသွားဘူး။ ရေ စိုရုံလေးဆွတ်ပြီးမျက်နှာသစ်လို က်တယ်။ ဗီရိုဖွင့်ပြီး လက်လှမ်းမီရာ အ၀တ်အစားကောက်လဲလိုက်တယ်။ အနွေးထည်ဝတ်တယ်။ တောင်ကြီးရဲ့ ဆောင်းတွင်းမှာ အနွေးထည် မ၀တ်ပဲ ဘယ်သူမှ ဆိုင်ကယ် မစီးနိုင်ဘူးလေ။ အချိန်ကလည်းသိပ်မရတော့ မနက်စာ စားမနေတော့ဘူး။ ရေတစ်ခွက် အ၀သောက် လိုက်တယ်။ အိမ်အောက်မှာထိုးထားတဲ့ ဆိုင်ကယ်ထုတ်လိုက်တယ်။ စက်နှိုးမနေတော့ပါဘူး။ ကိုယ့်အိမ်က အမြင့်ပိုင်းမှာ ရှိတယ်လေ။ အိမ်ရှေ့  လမ်း ကျဉ်းကလေးအတိုင်း အရှိန်နဲ့သာလှိမ့်သွားပြီး ဂီယာထိုးလိုက်တာနဲ့ စက်နှိုးသွားတာပဲလေ။ သင်တန်းကိုရောက်ဖို့ မိနစ်နှစ်ဆယ်လောက်စီးရတယ်။သင်တန်းထဲကိုယ် ရောက်သွား တော့ သူငယ်ချင်းတွေက ကြိုရောက်နေပြီ။ သူတို့ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုကို မရမရဖုံးကွယ် ထားတာသိသာတယ်။ အာဗြဲ တစ်ယောက်က တော့ ခေါင်းစွပ်ဦးထုပ်ကလေးဆောင်းထား တယ်။ သက်နိုင် ကတော့သူ့ရဲ့  လက်စွဲတော် သားရေ ဂျာကင်ကို ၀တ်ထားပြီး သင်တန်းထဲက မိန်းခလေးတစ်ချို့  နဲ့ စကားဖောင် ဖွဲ့  ပြောနေတယ်။ ဆရာမ ရောက်မလာသေးဘူး။ ဆရာမကို တော့သွားကြိုနေပြီ။ ကိုယ်စီးကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဆေးလိပ် သောက်လိုက်ခြင်းပဲလေ။ အာဗြဲ ဘေးနားရောက်လာတယ်။
ဟေ့ကောင် မင်းဖိတ်စာပေးမှာနော်
အင်းမလုပ်အဲမလုပ်ပဲ ကိုယ်သင်တန်းပြုလုပ်ရာအိမ်ရဲ့ရှေ့ တံခါးကိုငေးမောရင်းဆေးလိပ်ဆက်ဖွာ နေလိုက် တယ်။ သိပ်မကြာတော့ တဲ့ကာလအတွင်းကိုယ်တို့ ရဲ့  ကြိုတင်ကြံစည်ထားတဲ့ လိမ်လည်မှုဖြစ်စဉ်ကြီးဟာ စတင်တော့မယ်။ ဒီဇာတ် လမ်းကို ဘယ်သူစရေးတာလဲလို့မေးရင် ကိုယ် သိပ်မမှတ်မိဘူး။ ကိုယ် စကားဝိုင်းထဲကို ပစ်ဝင်မိတဲ့အချိန်မှာ အရှင် လတ်လတ်လူတစ်ယောက်ကို နာရေး ဖိတ်စာ အတုလုပ်ဖို့ ဆွေးနွေးဖြစ်နေပြီ။ ထားလိုက်တော့ ဘယ်လို စတင်လာတယ်ဆိုတာသိပ်အရေးကြီးတယ်လို့ကိုယ်မထင်တော့ဘူး။ အခုဖိတ်စာရောက်လာတော့မယ်။ ဖိတ်စာ ရောက်လာရင် မင်သေသေနဲ့ ကြေငြာဝင်ရမယ်။ ကိုယ်ကြေငြာလိုက်တဲ့သတင်းကို ကြားသွားတာနဲ့ သင်တန်းက သူတွေရဲ့  စိတ်နှလုံးဟာ မချမ်းမြေ့ဖွယ်ဖြစ်ပြီး ဟယ် ငယ်ငယ်ရွယ်ရွယ်လေး ရှိသေးတယ် အခုတော့ဆုံးသွားပြီ ။ စိတ်တောင် မကောင်းဘူး။ သူ့အိမ်ကတော့ ရင် ကျိုးနေမှာပဲ။ အော်ဒါနဲ့ ဘာရောဂါနဲ့ဆုံးတာတဲ့လဲ။ ဟယ် ငါ့အိမ်နားမှာနေတာပဲဟာ ။ ငါတောင်မသိလိုက်ဘူး။ ဆိုင်ကယ် အက်ဆီးဒင့်
ဖြစ်တာ နေမှာပါ စသည်ဖြင့် စကားသံတွေ ပလူပျံသွားမယ် လိမ့်မယ်။အဲဒီအချိန်မှာ သွေးသောက်ကြေး (ခ) ကူငွေကောက်ရမယ်။ ကူငွေကောက်တဲ့နေရာမှာတော့ မင်သေဖို့လိုတယ်။ လိုတာထက်ပိုပြီးကြေကွဲပြဖို့လို တယ်။ ဘယ်လိုပိုပြီး ကြေကွဲပြရမလဲ။ ခဏနေ ဆရာမ ရောက်လာ ရင် သူလည်းသိသွားမယ်။ သူသိသွားရင် ပြဿနာပိုကြီးသွားမယ်။ ရှင်းမရပဲနေမယ်။ ဆရာမ သိလို့မဖြစ်သေးဘူး။ ဘာလုပ်ရင်ကောင်းမလဲ။ အတွေးစ ပြတ်သွားတယ်။ ဆိုင်ကယ် စက်သံကြားတယ်။ ထင်တဲ့အတိုင်းပဲ နာရေးဖိတ်စာလာပို့တဲ့သူရောက်လာတ ယ်။ မင်သေသေနဲ့ စိတ်မကောင်းတဲ့ မျက်နှာထားမျိုးနဲ့ အလွန်တရာမှ သရုပ်ဆောင်ကောင်းတဲ့ အိုက်ဖုန်းပဲလေ။သင်တန်း ဖွင့်တဲ့ခြံ အရှေ့ မှာဆိုင်ကယ်ထိုးရပ်လိုက်တယ်။ အာဗြဲနဲ့ကိုယ် အိုက်ဖုန်း ဆိုင်ကယ်ရှေ့ သွားလိုက်တယ်။ ဖိတ်စာ ယူတယ်။ ပြီးတော့ ဆိုင်ကယ်ထွက်သွားတယ်။ ကိုယ်နဲ့ အာဗြဲ ဖိတ်စာလေး ကိုင်ပြီး ငိုင်ကျန်နေခဲ့တယ်။ ကဲ ဘာဆက်လုပ်မလဲ တိုက်ပွဲစပြီ။ ဇာတ်လမ်း တစ်ခုကို လှလှပပ အစပျိုးဖို့လိုနေပြီ။ ကိုယ်လည်းဘာလုပ်ရမလဲမသိဘူး။ အာဗြဲလက်ထဲမှာ ဖိတ်စာကိုင်ထားတယ်။ ကိုယ်တို့နှစ်ယောက် တစ်ယောက် မျက်နှာကို တစ်ယောက်ကြည့်လိုက်တယ်။ မရည်ရွယ်ပဲ ပြိုင်တူပြုံးမိသွားတယ်။ အာဗြဲက မင်းပေးမယ်မဟုတ်လားလို့မေးတယ်။ ကိုယ် အဲဒီအချိန်ကျမှ ရုတ်တရတ်ငိုင်ကျသွားတယ်။ အဲဒီအချိန်မှာ ကိုယ်တို့ပဲကံကောင်းတယ်ပြောမလား အင်းဆားပဲကံဆိုးတယ်ပဲပြောရမလား မသိဘူး။ အင်းဆားက သင်တန်းခန်းမ အပြင်ထွက်လာတယ်။ သင်တန်းမှာရှိတဲ့ ယောင်္ကျားလေးတော်တော်များများက ဒီကိစ္စကိုသိထားတယ်။ အင်းဆား ကတော့ချွင်းချက်ပေါ့။ သူဘာမှမသိဘူးလေ။ စိတ်မကောင်းခြင်းကြီးစွာနဲ့အင်း ဆားလေး ခမျာ မြေစာပင်လေးဖြစ်ရရှာတော့ပေါ့။ အာဗြဲက မျက်နှာပိုးမသတ်နိုင်ပဲ စကားစလိုက်တယ်။
“ဟေ့ကောင် အင်းဆား ငဂျူးဆုံးသွားပြီ”
“ဟဟ….လာမရွှီးနဲ့ “
အာဗြဲ အသံက နဂိုရှိရင်းစွဲထက်ပိုမိုကျယ်လော င်လာတယ်။ သင်တန်းထဲက လူတချို့  အပြင်ကို အာရုံစိုက်နိုင်လောက်တဲ့ အသံမျိုးပေါ့။
“မင်းကို ငါက လိမ်စရာလား၊ ဒီကိစ္စက လိမ်လို့ကောင်းတဲ့ အရာ မဟုတ်ဘူး။ ဒီမှာကြည့် နာရေးဖိတ်စာ။ သူ့အမျိုးတစ်ယောက်လာဖိတ်သွားတာ။ ခုဏ က ဆိုင်ကယ်ထွက်သွားတာ မမြင်လိုက်ဘူးလား။ “
အာဗြဲ ရဲ့  သရုပ်ဆောင်ချက်ကတော့ အကယ်ဒမီရှော့ ပဲလေ။ ဖိတ်စာလေးကို ကြည့်ပြီး အင်းဆားငိုင်ကျသွားတယ်။ စကားလုံးတွေ ပျောက်ရှသွားတယ်။ ပြီးမှ ဟ တကယ်ကြီးပဲဟ လို့ ပါးစပ်က ရေရွတ်တယ်။ ကိုယ်တို့သုံးယောက်ရပ်နေတဲ့နေရာ က သင်တန်းခန်းနဲ့နီးတယ်လေ။ လူတစ်ယောက်စ နှစ်ယောက်ထွက်လာတယ်။ သူတို့ရဲ့  မျက်လုံးတွေက ဖိတ်စာ ကို စူးစူးစိုက်စိုက် ကြည့်ပြီး ဘယ်လိုဖြစ်တာလဲဟာ။ ကြည့်စမ်း ငါတို့တော့ တစ်ခါမှ မထင်ထားဘူး။တစ်ယောက်တစ်ပေါက်ဝို င်းပြောကြရင်း စကားသံတွေပလူပျံသွားတယ်။ ကြူကြူး ဆုံးပြီဆိုတဲ့ သတင်းဟာ မိနစ်ပိုင်း အတွင်း သင်တန်းခန်းမ တစ်ခုလုံး ပျံ့ နှံ့သွားတယ်။
ကြူကြူးက အခန်းထဲမှာ အတန်းခေါင်းဆောင်၊ရပ်ကွက်လက်ရွေးစင်ဘောလုံးသမား ရွှတ်နောက်နောက်နေတတ်တယ်၊ လူချစ်လူခင်များတယ်။ လူသိများတယ်။အနည်းငယ်မှေးတဲ့ သူ့မျက်လုံးဟာ ရယ်မောလိုက်ရင် အလိုအလျောက်ပျောက်ကွယ်သွားတတ်တယ်။ လှိုင်းတွန့်ဆံပင်တွေကို ပိုင်ဆိုင်ထားတယ်။နဖူး နည်းနည်းပြောင်တယ်။အသားအရောင်က နီစပ်စပ်။အရပ်ခပ်မြင့်မြင့် တုတ်တုတ်ခိုင်ခိုင် ကိုယ်လုံးကို ပိုင်ဆိုင်ထားတယ်။ကုန်းပေါ်မှာ ကြီးပြင်းတဲ့ အင်းသားလူမျိုးဖြစ်လို့ အင်းသားစကားကို သိပ်မပြောတတ်ဘူး။ စူးစမ်း လိုစိတ်များတယ်။အနစ်နာခံချင်စိတ်ရှိတယ်။ နေရာတကာ လိုက်ကူညီတတ်တယ်။ အဲဒီကူညီမှုကြောင့်လည်းသူ့ကို Mr.volunteer လို့ ကိုယ်တို့ နာမည်အသစ် တစ်ခု ထပ်ပေးထားတယ်လေ။ စနောက်လိုက်ရင်လည်း စိတ်ဆိုးဒေါသထွက်တဲ့ပုံမထွက်ဘူး ။ ရှက်ရယ်ရယ်ရင်း ပြန်လည်တုန့်ပြန်ဖို့ စကားလုံးကို စဉ်းစားနေတတ်တယ်။ တစ်ခါတစ်လေ ပက်ခနဲပြန်ပြောတတ်တယ်။ဒေါသထွက်ရ င်လည်း သူ့ဒေါသကို သူကိုယ်တိုင်မထိန်းနိုင်ဘူး။သူင ယ်ချင်းတွေကိုပေါင်းရင် ရင်ဘတ်နဲ့ပေါင်းတယ်။ဝတ်စုံဝမ်းဆ က်နဲ့ ကျောင်းတက်လေ့ ရှိတယ်၊ ဥပမာအားဖြင့် ရှပ်အင်္ကျီစတစ်ကော်လံ အစိမ်းဖျော့ဆိုရင် ပုဆိုးအစိမ်းပုပ် ရောင်နဲ့တွဲဖက် ၀တ်ဆင်တာမျိုးပေါ့။ သူကြိုက်တဲ့ကောင်မလေးကလည်း အတန်းထဲမှာရှိနေတယ်ဒီဇာတ်လမ်း မှာ အဓိက ဇာတ်ကောင်အဖြစ်ပါဝင်ရတဲ့ အကြောင်းပြချက် တစ်ခုက အဲဒီကောင်မလေးကြောင့်လည်းပါတယ်။ သူဆုံးပြီဆိုတဲ့ သတင်းကြားတဲ့အချိန်မှာ အဲဒီကောင်မလေး ဘယ်လို ခံစားရမလဲဆိုတဲ့ အတွေး ပေါ့။ ဒါအပြင့် သူရဲ့  ကျော်ကြားလိုတဲ့စိတ်လို့ပြောမလား၊ သူရဲကောင်းဖြစ်လိုတဲ့ စိတ်လို့ပြောမလား အဲဒီ စိတ်ကလည်း တစ်စိတ်တစ်ဒေသပေါ့။ ထားလိုက်ပါတော့ ဒီကောင့် အကြောင်းဆက်ပြောဖြစ်သွားရင် နောက်ထပ် ၀တ္တု တစ်ပုဒ် ထပ်ရေးဖြစ်သွားလိမ့်မယ်။
ကြူကြူး သတင်းပျံ့ နှံ့ သွားပြီး သိပ်မကြာခင်မှာပဲ အခန်းတစ်ခုလုံးဆိတ်ငြိမ်သွားတယ် ။ ဘယ်သူမှ စကားမပြောကြတော့ဘူး။ သက်နိုင်က နှာတရှုပ်ရှုပ်နဲ့ ငိုချင်ယောင်ဆောင်ပြနေတယ်။သန်းလ င်းက အသားခပ်ဖြူဖြူဆိုတော့ တောင်ကြီးဆောင်းတွင်းဒဏ်ကြောင့် သူ့နှာသီးဖျားက အနီရောင်သမ်းနေတယ်။ ဇာတ်လမ်းရဲ့  ပထမအဆင့်က အခုမှ ပြီးတာလေ။အဲဒီမှာကိုယ်တို့ ခေါင်းကို အသည်းအသန် အလုပ်ပေးရပြီ။ အခု အချိန်မှာဆရာမ သိသွားလို့မဖြစ်ဘူး။ နောက်မှ သိရင်လည်းတမျိုးပေါ့။ ဆရာမ ကို လိမ်တာလည်း သိပ်တော့မကောင်းဘူးလေ။ ဒါနဲ့ ကိုယ်တို့ အဖွဲ့ လိုက်တိုင်ပင်ရင်း အစီအစဉ်တစ်ခုကို စတင်အကောင်အထည်
ဖော်လိုက်တယ်။ အင်းဆားနားကိုချည်းကပ်တယ်။ ဒီလုပ်ဇာတ်ကြီးကိုလုံးဝ မသိတာ အင်းဆားပဲရှိတယ်လေ။ အင်းဆားကို ပြောလိုက်တယ်။
ဟေ့ကောင် ခုဏ နေ ဆရာမ လာတော့မယ်။ ဆရာမ အဲဒီအကြောင်းသိသွားရင် စာသင်ရတာ စိတ်မဖြောင့်ပဲနေမယ်။ အဲဒီတော့ အတန်းချိန်ပြီးမှ ပြောပြတာပေါ့ကွာလို့ပြောပြီး အင်းဆားကို တစ်ခန်းလုံးကိုပြောဖို့ အကြံပေးလိုက်တယ်။ သကောင့်သား အင်းဆားက လည်း ဒါမျိုးဆို သိပ် အလုပ်ဖြစ်တာ ချက်ချင်းပဲ အတန်းရှေ့  ထွက်ပြီး ဆရာမ ကို နောက်မှပြောပြမည့် အကြောင်း ပြောပါလေရော။ တစ်တန်းလုံးက လည်း သဘောတူကြတယ်လေ။
ဆရာမရောက်လာတယ်။ တစ်ခန်းလုံးက အပ်ကျသံတောင် မကြားရပဲ ဆိတ်ငြိမ်သွားတယ်။ ဆရာမ စာစသင်တယ်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ နောက်တော့ ဆရာမ ရိပ်မိသွားတယ်။ နင်တို့တွေဘာဖြစ်နေတာ လဲလို့မေးတယ်။ သင်တန်းသားတွေ အားလုံး ဘာမှ မဖြစ်ပါဘူးလို့တစ်ပြေးညီ ဖြေလိုက် ကြတယ်လေ။ အတန်းချိန်ခါတိုင်းထက် စောဆင်း တယ်။ ဆရာမကို ကိုယ် လိုက်ပို့ရတယ်။ ဆရာမ ကိုယ့်ဆိုင်ကယ်ပေါ်တက်လိုက်တယ်။အဲဒီအခါကျမှ ကိုယ်ပျားတုပ်တာပဲလေ။ ဆရာမ ကို ကိုယ် စကားမပြောရဲ
ဘူး။ ကိုယ်ကိုယ်တိုင် က လိပ်ပြာမသန့်တာလည်းပါတာပေါ့။ အဲဒါနဲ့ ဘာစကားမှ မပြောပဲ အသာလေး ငြိမ်သက်နေရင်း ဆိုင်ကယ်ကို ပဲ အာရုံစိုက်ပြီးမောင်းလိုက်တယ်။ ဒါပေမယ့် ဆရာမ က စပြီး စကားပြောပါတယ်။
စိုးစံ နင်တို့တွေ ဒီနေ့ ဘာဖြစ်နေတာ လဲ ။ မျက်နှာလည်း မကောင်းဘူး။
ဘာမှ မဖြစ်ပါဘူး ဆရာမ။
ငါတော့ တစ်ခုခုဖြစ်နေတယ်လို့ စိတ်ထဲမှာ ထင်နေတယ်။
အော် ဆရာမ စိတ်ထင်လို့ပါ။
စကားစ ကို သပ်လိုက်ပြီး ကိုယ် ဆိုင်ကယ်ကို နည်းနည်း ခပ်မြန်မြန်မောင်းလိုက်တယ်။ ဆရာမ အိမ်နဲ့ သင်တန်းနဲ့ သိပ်မဝေးပေမယ့် ကိုယ့်အတွက်တော့ ခရီး ရှည် ကြီး တစ်ခုကို မောင်းနေရသလိုပဲ။ ငြိမ်ငြိမ်လေး ထိုင်နေတော့ စိတ်လှုပ်ရှားမှုက ပိုမို ပြင်းထန်လာတယ်။ ဆရာမ အိမ်ရှေ့  ရောက်တာနဲ့ တချိုးထဲ လှည့် မောင်းပြေးတာပဲ။
သင်တန်းကို ကိုယ်ပြန်ရောက်လာတယ်။ သွေးသောက်ကြေးတွေ ကောက်ပြီးနေပြီ။ သီရိက ဦးဆောင်ပြီး သွေးသောက်ကြေးကောက်ပေးထားတယ်။ ဥမ္မာနွယ်တို့ တစ်သိုက်က ကြူကြူးအိမ်သွားဖို့ပြင်နေပြီ။ ဆိုင် ကယ်လောက်မလောက် တွက်နေကြတယ်။ ကိုယ်တခြားသူတွေနဲ့ စကားပြောနေတုန်းသီရိက သွေးသောက်ကြေးတွေနဲ့ အတူ အိမ်ခဏပြန်သွားတယ်။ ပြီး မှ သူ ကြူကြူးအိမ်သွားမယ်ပေါ့။ သင်းအောင်ရောက်လာတယ်။
ဟေ့ကောင် သီရိက သွေးသောက်ကြေးတွေယူပြီး အိမ်ပြန်သွားတယ်ကွ
ဟာ ဘယ်ဖြစ်မလဲ ဟ၊ ငါတို့ လိုက်ကြရအောင်
သင်းအောင် ကိုယ့်ဆိုင်ကယ်ပေါ်တက်လိုက်တယ်။ ဒီ အော်ပရေးရှင်းမှာပါဝင်တဲ့သူတွေအ ကုန်လုံး ဆိုင်ကယ်ပေါ်တက်လိုက်တယ်။ အိုက်တူးတို့ ကတော့ ကြူကြူးကို သွားကြိုဖို့သွားနှင့်ပြီ။ ကျန်တဲ့သူတွေကို လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ စောင့်နေဖို့ချိန်းလိုက်တယ်။ ကိုယ်နဲ့ သင်းအောင်က သီရိ ဆိုင်ကယ်နောက်ကို အမြန်လိုက် ရတာပေါ့။ သီရိ ဆိုင်ကယ်စီးတာနှေးတယ်။ ကိုယ်တို့ သီရိ ဆိုင်ကယ်ကို သူ့အိမ်မရောက်ခင်မှာပဲ မှီသွားတယ်။
အရာအားလုံးဟာ ပြဌာန်းခံရတာပါဆိုရင် ဒါ ဟာ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းဖြစ်ပျက်ခဲ့တာပါလို့ ကိုယ်တို့ ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေ အပြည့်နဲ့ ဆင်မုဆိုးတစ်ယောက်ရာထူးကို တန်းယူပစ်လိုက်ဖို့ဖြစ်နိုင်ပါတ ယ်။ ကိုယ့်အယူအဆ ကတော့ ဘုရားသခင်ဟာ အရာအားလုံးကို ဖန်ဆင်းခဲ့မယ်ဆိုရင်တောင် အစကနဦးအခြေအနေမှာပါဝင်တဲ့ content (ပါဝင်သောအရာ) ကို သာ ဖန်ဆင်းခဲ့ပြီး process(ဖြစ်စဉ်)ကို မထိန်းကျောင်းနိုင်ခဲ့ပါ ဘူး။ တနည်းအားဖြင့် content တွေရဲ့  ကစားအား၊ ကစားပုံကိုလျော့တွက်ခဲ့မိပုံရပါ တယ်။ မေးခွန်းထုတ်စရာတစ်ခုကတော့ မရေရာမှု နိယာမ ကို ကိုင်ချမှတ် ကစားစေခဲ့ခြင်းလားပေါ့။ ထားလိုက်ပါတော့ ကိုယ်တို့ ဇာတ်လမ်းပြန်ဆက်မယ်။
သီရိဆိုင်ကယ်နဲ့ ဘေးချင်းယှဉ်မောင်းလိုက်တယ်။
ဟေ့ သီရိ နင်က အိမ်ပြန်ဦးမှာ ငါတို့က အခု ကြူကြူးအိမ်သွားမှာလေ။ ငါတို့ကို ကောက်ထားတဲ့ သွေးသောက်ကြေးတွေ ပေးလိုက်။ ငါတို့ အရင် သွားပို့ပေးထားလိုက်မယ်။
သီရိမျက်မှောင်ကုတ်လိုက်တယ်။ သူ့ကိုပဲ မယုံသလိုလို ဘာလိုလိုများလူတွေ တွေးနေကြသလားဆိုတဲ့အတွေးနဲ့ပေါ့ ။ လူတွေက ငွေရေးကြေးရေးနဲ့ပက်သက်ရင် ခေါင်းရှုပ်မခံချင်ကြတာ သဘာဝပဲလေ။ ကိုယ့်ကိုယ်ကိုယ် အထင်လွဲဘယ်သူခံချင်မှာလဲ။ ဆိုင်ကယ်ကိုလမ်းဘေးထိုးရပ်ပြီး ငွေစာရင်းစာရွက်နဲ့ ပိုက်ဆံတွေ တန်းထုတ်ပေးတာပဲ။ ကိုယ်တို့ နှစ်ယောက်လည်း ခပ်တည်တည်နဲ့ ပိုက်ဆံလှမ်းယူပြီးတာနဲ့ ဆိုင်ကယ်ကို တရကြမ်းမောင်းထွက်ခဲ့တာပဲ။
(ဆက်ရေးပါဦးမည်)
လွမ်းတေးချို
တိတ်ဆိတ်ခြင်းဟာ တိတ်တိတ်ကလေးမနေဘူး
ကိုယ့်စိတ်တွေကို တစ်စုံတစ်ခုက ခြယ်လှယ်ပစ်လိုက်ပြီ
ဒီနဂါးခေါင်းတွေ ဘယ်ဖက်လှည့်ကြသလဲ
ဒါဆို ငါဟာ ပြဿဒါးနံ့မကင်းဘူးပဲ
ငါဟာ အချိန်မရွေးမီးထွန်းလိုသူဖြစ်တယ
ပြဿနာတွေကို အဏုကြည့် မှန်ဘီလူးနဲ့ ကြည့်လို့
ဒါဟာ လူငယ်ဆန်တဲ့မှားယွင်းမှုလား
ရေးလက်စ ကဗျာလေးကိုပြန်ဖတ်မိတယ်။ ကိုယ်ဘာဆက်ရေးရမှန်းမသိဖြစ်သွား
မနက် အိပ်ယာနိုးတော့ ခြောက်နာရီ ဆယ့်ငါး ရှိနေပြီ။လေးလံနေတဲ့စိတ်က ပျောက်မသွားဘူး။ ရေ စိုရုံလေးဆွတ်ပြီးမျက်နှာသစ်လို
ဟေ့ကောင် မင်းဖိတ်စာပေးမှာနော်
အင်းမလုပ်အဲမလုပ်ပဲ ကိုယ်သင်တန်းပြုလုပ်ရာအိမ်ရဲ့ရေ
ဖြစ်တာ နေမှာပါ စသည်ဖြင့် စကားသံတွေ ပလူပျံသွားမယ် လိမ့်မယ်။အဲဒီအချိန်မှာ သွေးသောက်ကြေး (ခ) ကူငွေကောက်ရမယ်။ ကူငွေကောက်တဲ့နေရာမှာတော့ မင်သေဖို့လိုတယ်။ လိုတာထက်ပိုပြီးကြေကွဲပြဖို့လို
“ဟေ့ကောင် အင်းဆား ငဂျူးဆုံးသွားပြီ”
“ဟဟ….လာမရွှီးနဲ့ “
အာဗြဲ အသံက နဂိုရှိရင်းစွဲထက်ပိုမိုကျယ်လော
“မင်းကို ငါက လိမ်စရာလား၊ ဒီကိစ္စက လိမ်လို့ကောင်းတဲ့ အရာ မဟုတ်ဘူး။ ဒီမှာကြည့် နာရေးဖိတ်စာ။ သူ့အမျိုးတစ်ယောက်လာဖိတ်သွားတာ။
အာဗြဲ ရဲ့  သရုပ်ဆောင်ချက်ကတော့ အကယ်ဒမီရှော့ ပဲလေ။ ဖိတ်စာလေးကို ကြည့်ပြီး အင်းဆားငိုင်ကျသွားတယ်။ စကားလုံးတွေ ပျောက်ရှသွားတယ်။ ပြီးမှ ဟ တကယ်ကြီးပဲဟ လို့ ပါးစပ်က ရေရွတ်တယ်။ ကိုယ်တို့သုံးယောက်ရပ်နေတဲ့နေရာ
ကြူကြူးက အခန်းထဲမှာ အတန်းခေါင်းဆောင်၊ရပ်ကွက်လက်ရွေ
ကြူကြူး သတင်းပျံ့ နှံ့ သွားပြီး သိပ်မကြာခင်မှာပဲ အခန်းတစ်ခုလုံးဆိတ်ငြိမ်သွားတယ်
ဖော်လိုက်တယ်။ အင်းဆားနားကိုချည်းကပ်တယ်။ ဒီလုပ်ဇာတ်ကြီးကိုလုံးဝ မသိတာ အင်းဆားပဲရှိတယ်လေ။ အင်းဆားကို ပြောလိုက်တယ်။
ဟေ့ကောင် ခုဏ နေ ဆရာမ လာတော့မယ်။ ဆရာမ အဲဒီအကြောင်းသိသွားရင် စာသင်ရတာ စိတ်မဖြောင့်ပဲနေမယ်။ အဲဒီတော့ အတန်းချိန်ပြီးမှ ပြောပြတာပေါ့ကွာလို့ပြောပြီး အင်းဆားကို တစ်ခန်းလုံးကိုပြောဖို့ အကြံပေးလိုက်တယ်။ သကောင့်သား အင်းဆားက လည်း ဒါမျိုးဆို သိပ် အလုပ်ဖြစ်တာ ချက်ချင်းပဲ အတန်းရှေ့  ထွက်ပြီး ဆရာမ ကို နောက်မှပြောပြမည့် အကြောင်း ပြောပါလေရော။ တစ်တန်းလုံးက လည်း သဘောတူကြတယ်လေ။
ဆရာမရောက်လာတယ်။ တစ်ခန်းလုံးက အပ်ကျသံတောင် မကြားရပဲ ဆိတ်ငြိမ်သွားတယ်။ ဆရာမ စာစသင်တယ်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ နောက်တော့ ဆရာမ ရိပ်မိသွားတယ်။ နင်တို့တွေဘာဖြစ်နေတာ လဲလို့မေးတယ်။ သင်တန်းသားတွေ အားလုံး ဘာမှ မဖြစ်ပါဘူးလို့တစ်ပြေးညီ ဖြေလိုက် ကြတယ်လေ။ အတန်းချိန်ခါတိုင်းထက် စောဆင်း တယ်။ ဆရာမကို ကိုယ် လိုက်ပို့ရတယ်။ ဆရာမ ကိုယ့်ဆိုင်ကယ်ပေါ်တက်လိုက်တယ်။အ
ဘူး။ ကိုယ်ကိုယ်တိုင် က လိပ်ပြာမသန့်တာလည်းပါတာပေါ့။ အဲဒါနဲ့ ဘာစကားမှ မပြောပဲ အသာလေး ငြိမ်သက်နေရင်း ဆိုင်ကယ်ကို ပဲ အာရုံစိုက်ပြီးမောင်းလိုက်တယ်။ ဒါပေမယ့် ဆရာမ က စပြီး စကားပြောပါတယ်။
စိုးစံ နင်တို့တွေ ဒီနေ့ ဘာဖြစ်နေတာ လဲ ။ မျက်နှာလည်း မကောင်းဘူး။
ဘာမှ မဖြစ်ပါဘူး ဆရာမ။
ငါတော့ တစ်ခုခုဖြစ်နေတယ်လို့ စိတ်ထဲမှာ ထင်နေတယ်။
အော် ဆရာမ စိတ်ထင်လို့ပါ။
စကားစ ကို သပ်လိုက်ပြီး ကိုယ် ဆိုင်ကယ်ကို နည်းနည်း ခပ်မြန်မြန်မောင်းလိုက်တယ်။ ဆရာမ အိမ်နဲ့ သင်တန်းနဲ့ သိပ်မဝေးပေမယ့် ကိုယ့်အတွက်တော့ ခရီး ရှည် ကြီး တစ်ခုကို မောင်းနေရသလိုပဲ။ ငြိမ်ငြိမ်လေး ထိုင်နေတော့ စိတ်လှုပ်ရှားမှုက ပိုမို ပြင်းထန်လာတယ်။ ဆရာမ အိမ်ရှေ့  ရောက်တာနဲ့ တချိုးထဲ လှည့် မောင်းပြေးတာပဲ။
သင်တန်းကို ကိုယ်ပြန်ရောက်လာတယ်။ သွေးသောက်ကြေးတွေ ကောက်ပြီးနေပြီ။ သီရိက ဦးဆောင်ပြီး သွေးသောက်ကြေးကောက်ပေးထားတယ်။ ဥမ္မာနွယ်တို့ တစ်သိုက်က ကြူကြူးအိမ်သွားဖို့ပြင်နေပြီ။ ဆိုင် ကယ်လောက်မလောက် တွက်နေကြတယ်။ ကိုယ်တခြားသူတွေနဲ့ စကားပြောနေတုန်းသီရိက သွေးသောက်ကြေးတွေနဲ့ အတူ အိမ်ခဏပြန်သွားတယ်။ ပြီး မှ သူ ကြူကြူးအိမ်သွားမယ်ပေါ့။ သင်းအောင်ရောက်လာတယ်။
ဟေ့ကောင် သီရိက သွေးသောက်ကြေးတွေယူပြီး အိမ်ပြန်သွားတယ်ကွ
ဟာ ဘယ်ဖြစ်မလဲ ဟ၊ ငါတို့ လိုက်ကြရအောင်
သင်းအောင် ကိုယ့်ဆိုင်ကယ်ပေါ်တက်လိုက်တယ်။ ဒီ အော်ပရေးရှင်းမှာပါဝင်တဲ့သူတွေအ
အရာအားလုံးဟာ ပြဌာန်းခံရတာပါဆိုရင် ဒါ ဟာ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းဖြစ်ပျက်ခဲ့တာပါလို့ ကိုယ်တို့ ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေ အပြည့်နဲ့ ဆင်မုဆိုးတစ်ယောက်ရာထူးကို တန်းယူပစ်လိုက်ဖို့ဖြစ်နိုင်ပါတ
သီရိဆိုင်ကယ်နဲ့ ဘေးချင်းယှဉ်မောင်းလိုက်တယ်။
ဟေ့ သီရိ နင်က အိမ်ပြန်ဦးမှာ ငါတို့က အခု ကြူကြူးအိမ်သွားမှာလေ။ ငါတို့ကို ကောက်ထားတဲ့ သွေးသောက်ကြေးတွေ ပေးလိုက်။ ငါတို့ အရင် သွားပို့ပေးထားလိုက်မယ်။
သီရိမျက်မှောင်ကုတ်လိုက်တယ်။ သူ့ကိုပဲ မယုံသလိုလို ဘာလိုလိုများလူတွေ တွေးနေကြသလားဆိုတဲ့အတွေးနဲ့ပေါ့
(ဆက်ရေးပါဦးမည်)
လွမ်းတေးချို
Comments
Post a Comment