ကျွန်တော်နှင့်ဖုန်းနတ်သမီး
ဆန္ဒတွေအားလုံး ပြိုကျပျက်စီးသွားပြီ ဟန်နီ။ ဟိုဟိုဒီဒီကူးယူထားတဲ့ ငါ့ ရည်မှန်းချက်ကလည်း မီးခဏခဏသေတဲ့ ဖက်ကြမ်းဆေးလိပ်တစ်လိပ်ပါပဲ။ရထားတွေကဘူတာကို အားနာစရာမလိုပါ ဘူး။ဆုံထိုက်လို့လား..ကြုံကြိုက်လို့လား….လက်လွယ်လို့ဖြစ်တယ်ဆိုရင် ခက်ပါတယ်ဟန်နီ ။တွေးလျက်ပဲ သွေးပျက်သွားတယ်။ဖုန်းခွက်ကလေးကို နေ့စဉ်ရက်ဆက်ကိုင်မိကြတယ်။ပြောစ ကားတွေမကုန်နိုင်ကြဘူး။ အဲဒီညလေးတွေကို အချိန်က တိုက်စားပစ်မယ်ဆိုတာလည်းသိခဲ့ကြ တယ်။
နင့်ကိုငါချစ်တယ်
နင့်အချစ်ကထင်ယောင်ထင်မှားဖြစ်ေ နတာ။ ချစ်တယ်ဆိုတာ မတော်တဆ သက်ပြင်းပါပဲ။ လူတွေက အာသာရမ္မက်နဲ့ အချစ်ကိုတွဲထားတတ်လွန်းတယ်။ မင်းငါ့ကိုမချစ်ပါဘူး။
အချစ်တစ်ခုဖြစ်တည်ဖို့ ဘာတွေလိုအပ်သလဲ ဟန်နီ
အချိန်တော့လိုတာပေါ့။ နင်ငါ့ကိုဘာလို့ချစ်တာလဲ
အချစ်မှာအကျိုးအကြောင်းမရှိဘူး။ လူတွေတိုင်းတာထားတဲ့ဒီဂရီတွေ ၊ ကြောင်းကျိုးပြ ချက် ကိုက်ညီတဲ့ ယုတ္တိတန်မှုတွေက အချစ်မှာ မရှိဘူး။ ဒါကြောင့် ချစ်ချင်လို့ချစ်တယ်လို့ ပဲငါပြောမယ် ဟန်နီရာ.။
ငါမယုံဘူး အချစ်မှာ အကြောင်းရင်းမရှိဘူးဆိုတာ ငါမယုံဘူး။ နင့်ကိုလည်းမယုံဘူး။
တစ်ဦးတစ်ယောက်ကြားမှာ ရှိတဲ့ယုံကြည်မှုဆိုတာ ဘာနဲ့တည်ဆောက်ယူရသလဲဆိုတာ ငါမသိဘူး ဟန်နီ။ တစ်မျှော်တစ်ခေါ်သုံးနှစ်သုံးမိုးစောင့်ပြီးမှ နင့်ကိုငါယုံပါတယ် လို့ပြောပစ်လိုက်တာကစစ်မှန်တဲ့ ယုံကြည်မှုလား။ မိရိုးဖလာတွေးခေါ်မှု ပုံစံထဲက နင့်ကို ငါဆွဲထုတ်ချင်တယ်။ တစ်မိုးအောက်မှာ တိုးမပေါက်တဲ့ အချစ်တုတွေ ရှိတယ်။ ဒုနဲ့ဒေး စုဝေးနေတဲ့ အချစ်စစ် အသိုင်းအ၀ိုင်းအကြောင်း ဖောင်ဖွဲ့ပြောပြပြီး အဲဒီဆီကိုလည်း အလည်ခေါ်ချင်တယ်။ မြင်မြင်ချင်းအချစ်ဆိုတာ ငါမသိဘူး။ တယ်လီဖုန်းလိုင်းတလျှောက်မှာ အချစ်စစ်ရှိနေတယ်လို့ ငါရဲရဲဝံ့ဝံ့ ယုံကြည်ပစ်လိုက်တယ်။
ဆေးလိပ်သောက်တယ်ဆိုတာ ကိုယ့်ဘာသာဖျက်ဆီးနေတာပဲ
ဘယ်ပေါက်လို့ဘယ်ရောက်မှန်းမသိတဲ့ ဘ၀မှာ ကိုယ့်အဖော်က ဆေးလိပ်ပဲရှိတယ်ဟန်နီ။ ငါ့စွဲလမ်းမှုက ဒီဂရီမြင့်လွန်းတော့ ငါ့ဆေးလိပ်သောက်မှုနှုန်းက မြန်နှုန်းမြင့်တာပေါ့ဟာ။ ခုနှစ်နှစ်လောက် အတူရှိခဲ့တဲ့ လက်တွဲဖော်တစ်ယောက် ကို ဆုံးရှုံးရမှာ ငါမလိုလားဘူးဖြစ်နေတယ်ဟန်နီ။ ဒါနဲ့စကားမစပ် ငါ ဆေးလိပ် လျှော့သောက်ဖြစ်ခဲ့တယ်။
တကယ်လား နင်ဒီနေ့ဆေးလိပ်မသောက်ဘူးနော်…. ပျော်လိုက်တာ
နင့်ကိုအပြင်မှာတွေ့ချင်စိတ်တွေ ဖောင်းပွလာတယ်။ ကားကြပ်ကြပ်ပေါ်မှာ လေ၀င်ပေါက်ကလေး ကိုတောင့်တ သလိုမျိုး နင့်ကိုဆာလောင်လာတယ်။ နင့်ပျော်ရွှင်ခြင်းဟာ ငါ့အတွက် မောင်းနှင်အားဖြစ်တယ်။ နင့်ကိုပျော် စေချင်တယ် ပျော်စေချင်တယ်ဟာ။
နင်ဘာလုပ်နေလဲ
နင့်ကိုထိုင်လွမ်းနေကြောင်း၊အိပ်လွမ်းနေကြောင်း၊ လမ်းလျှောက်ရင်းလွမ်းနေကြောင်း လွမ်းပေါင်းများစွာဖြင့် လွမ်းကြောင်းကို ပြောပြဖို့၊ ရေးချဖို့ နင်ပြောသလို အရာရာကို ပုံကြီးချဲ့  ခံစားဖို့ ရှင်သန်ခြင်းဆိုတဲ့အလုပ်ကို ငါ ပျင်းရိစွာလုပ်ကိုင်ဖြစ်နေတယ်ဟန်နီ။
ငါတို့နှစ်ယောက်က ထူးဆန်းတယ်နော်။အပြင်မှာလည်းမတွေ့ဖူးကြပဲနဲ့။
အချစ်မှာ ထူးဆန်းမှုဆိုတာမရှိဘူးဟာ။ စိတ်ထဲမှာကျိတ်ပြောနေတဲ့စကားလုံးကို ငါမြိုချပစ်လိုက်တယ်။ မနက်ဖြန်တွေက ထွက်မပြေးပါဘူး ဆောင်ပုဒ်နဲ့ နင့်ကို ငါနင့်နေအောင်လွမ်းနေခဲ့တာ။ သိခြင်းနဲ့မသိခြင်းကြားမှာ လေဟာနယ်လေးတစ်ခုရှိတယ်။ အဲဒီလေဟာနယ်ထဲရောက်သွားမှာ၊ လေဟာနယ်ထဲမှာ တ၀ဲဝဲလည်နေမှာ ငါရင်မဆိုင်ရဲဘူး။
ခက်တော့ခက်တယ်ဟ။ နင့်ကိုငါလာတွေ့ပါဦးမယ်
လှောင်အိမ်ထဲကငှက်တစ်ကောင်က လှောင်ချိုင့်အပြင်ဖက်ကိုငေးကြည့်ရုံသက်သက်ပဲ ငေးကြည့်နေတာလား။ ပျံသန်းချင်စိတ်နဲ့ ငေးကြည့်နေခဲ့တာလားဆိုတာ ငါတွေးနေမိတယ်။ ငါ့ကိုနင်စိတ်ကြိုက် လှောင်လိုက် စမ်းပါဟာ။နင့်ရယ်သံ ထက်ဝက် ကိုတောင် ငါကဗျာမဖွဲ့တတ်ဘူးဟာ။
နင်ငါ့ကိုကြိုက်နေတယ်မလား
နင်သိပ်ကြီးကျယ်လိုက်တာဟာ။ နင့်ကိုဘယ်လို အခြေအနေတစ်ခုက အခုလိုဘ၀င်မြင့်ကြီးကျယ်သွားအော င် ဖန်တီးပေးလိုက်တာလဲ။ နင့်ကိုငါချစ်နေရင်တောင် ငါဘယ်တော့မှ ဖွင့်ပြောမှာမဟုတ်ဘူး။
ဟန်ကြီးတစ်ခွဲသားနဲ့ ကြောက်ရွံ့  စိတ်တွေပလူပျံနေရတာ မဟန်ဘူး ဟန်နီ။
ငါ့ကိုကဗျာရွတ်ပြပါလား
ဒီအချိန်ကို စောင့်ခဲ့တယ်။ လုပ်လက်စ အလုပ်တွေပစ်ထားပြီးနင့်ကိုငါစော င့်ခဲ့တယ်ဟန်နီ။ နင့်ဆီက တောင်းဆိုခြင်းတစ်ခုဟာ ငါ့ဆီက အလိုအလျောက်ပေးအပ်ခြင်းဖြစ်နေတယ်။
ငါ ဒီမှာမနေတော့ဘူး။ အလုပ်သွားလုပ်တော့မယ်။
ရှေ့ နောက်ဘေးဘယ်ညာ မကြည့်ချင်ဘူးဟာ။ လမ်းဖြတ်ကူးရင်တောင် မျဉ်းကြားက စောင့်ကူးရတယ်တဲ့။ စောင့်ဆိုင်းခြင်းကို ဘယ်သူက ကြည်ကြည်ဖြူဖြူ တံခါးဖွင့်ပေးပါ့မလဲ။ ငါနင့်ကို လာတွေ့မယ်ဟာ။
ငါမသွားခင်နင့်ကို အပြင်မှာ တစ်ခေါက်တော့လာတွေ့မှာပါ။
ဆေးလိပ်တစ်လိပ်အရှိုက်မှာ နင့်ကို မိုက်ခနဲ မြင်ယောင်တယ်။ နင်ပို့ထားတဲ့ အနီးကပ်ဓာတ်ပုံလေးကို ငေးငေးကြည့်ရင်း သံလမ်းမှတ်တိုင်မှာ နင်ဖြစ်မလားဆိုပြီး ကောင်မလေးမှန်သမျှကို လိုက်ကြည့်နေရတာ ငါမုန်းလှပြီ။ နင့်အချိန်ခွဲတမ်းကို ငါ့အတွက် စက္ကန့်တံ တစ်ပတ်စာလောက် ချန်ထားပေးပါ။
နင်ငါ့ကိုဖုန်းမဆက်နဲ့တော့ဟာ
ရည်ရွယ်မျှော်လင့်ထားတဲ့စကားလုံးတော့မဟုတ်ဘူး။ တွေးကြောက်ပူပင်ခဲ့ရတဲ့စကားလုံး ဖြစ်တယ်။ မိုးပြိုမှာကြောက်ခဲ့တာမဟုတ်ဘူး ။ မိုးမိမှာတော့ ငါကြောက်တယ်။ အချစ်မိုးတွေမိပြီး နှာစေးအအေးမိမှာငါကြောက်တယ်။ မှတ်မှတ်ရရပဲ ဟာ အဲဒီနေ့က လှေမှောက်တယ်။ ရေနစ်တယ်။ ဒါတွေပြောပြဖို့ ငါဖုန်းမဆက်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းဟာ နင့်ရဲ့ လက်သုံးစကားပဲ။ နောက်ဆုံးတော့ နင်သုံးနေကြလက်သုံးစကားဟာ ငါ နဲ့ထာဝရ ကျန်ရစ်ခဲ့တယ်။ ကဲငါမေးပါရစေ ဘာကြောင့်လဲ ဘာကြောင့် လဲ။
တူ…………တူ………..တူ………………လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်။ ခေတ္တစောင့်ဆိုင်းပြီးပြန်လည်ခေါ် ဆိုပါရှင်……………Sorry the number u have dialed is busy Now………
မသိခြင်းသည် သုည တစ်လုံးဖြစ်သည် ဆိုကြပါစို့………
အခန်းတစ်ခုလုံး သုညများဖြင့် ပြည့်ညပ်သွားပြီးဖြစ်ကြောင်းပြောပြရန်မလိုတော့ချေ။
လွမ်းတေးချို
နင့်အချစ်ကထင်ယောင်ထင်မှားဖြစ်ေ
အချစ်တစ်ခုဖြစ်တည်ဖို့ ဘာတွေလိုအပ်သလဲ ဟန်နီ
အချိန်တော့လိုတာပေါ့။ နင်ငါ့ကိုဘာလို့ချစ်တာလဲ
အချစ်မှာအကျိုးအကြောင်းမရှိဘူး။
ငါမယုံဘူး အချစ်မှာ အကြောင်းရင်းမရှိဘူးဆိုတာ ငါမယုံဘူး။ နင့်ကိုလည်းမယုံဘူး။
တစ်ဦးတစ်ယောက်ကြားမှာ ရှိတဲ့ယုံကြည်မှုဆိုတာ ဘာနဲ့တည်ဆောက်ယူရသလဲဆိုတာ ငါမသိဘူး ဟန်နီ။ တစ်မျှော်တစ်ခေါ်သုံးနှစ်သုံးမို
ဆေးလိပ်သောက်တယ်ဆိုတာ ကိုယ့်ဘာသာဖျက်ဆီးနေတာပဲ
ဘယ်ပေါက်လို့ဘယ်ရောက်မှန်းမသိတဲ
တကယ်လား နင်ဒီနေ့ဆေးလိပ်မသောက်ဘူးနော်….
နင့်ကိုအပြင်မှာတွေ့ချင်စိတ်တွေ
နင်ဘာလုပ်နေလဲ
နင့်ကိုထိုင်လွမ်းနေကြောင်း၊အိပ
ငါတို့နှစ်ယောက်က ထူးဆန်းတယ်နော်။အပြင်မှာလည်းမတေ
အချစ်မှာ ထူးဆန်းမှုဆိုတာမရှိဘူးဟာ။ စိတ်ထဲမှာကျိတ်ပြောနေတဲ့စကားလုံ
ခက်တော့ခက်တယ်ဟ။ နင့်ကိုငါလာတွေ့ပါဦးမယ်
လှောင်အိမ်ထဲကငှက်တစ်ကောင်က လှောင်ချိုင့်အပြင်ဖက်ကိုငေးကြည
နင်ငါ့ကိုကြိုက်နေတယ်မလား
နင်သိပ်ကြီးကျယ်လိုက်တာဟာ။ နင့်ကိုဘယ်လို အခြေအနေတစ်ခုက အခုလိုဘ၀င်မြင့်ကြီးကျယ်သွားအော
ဟန်ကြီးတစ်ခွဲသားနဲ့ ကြောက်ရွံ့  စိတ်တွေပလူပျံနေရတာ မဟန်ဘူး ဟန်နီ။
ငါ့ကိုကဗျာရွတ်ပြပါလား
ဒီအချိန်ကို စောင့်ခဲ့တယ်။ လုပ်လက်စ အလုပ်တွေပစ်ထားပြီးနင့်ကိုငါစော
ငါ ဒီမှာမနေတော့ဘူး။ အလုပ်သွားလုပ်တော့မယ်။
ရှေ့ နောက်ဘေးဘယ်ညာ မကြည့်ချင်ဘူးဟာ။ လမ်းဖြတ်ကူးရင်တောင် မျဉ်းကြားက စောင့်ကူးရတယ်တဲ့။ စောင့်ဆိုင်းခြင်းကို ဘယ်သူက ကြည်ကြည်ဖြူဖြူ တံခါးဖွင့်ပေးပါ့မလဲ။ ငါနင့်ကို လာတွေ့မယ်ဟာ။
ငါမသွားခင်နင့်ကို အပြင်မှာ တစ်ခေါက်တော့လာတွေ့မှာပါ။
ဆေးလိပ်တစ်လိပ်အရှိုက်မှာ နင့်ကို မိုက်ခနဲ မြင်ယောင်တယ်။ နင်ပို့ထားတဲ့ အနီးကပ်ဓာတ်ပုံလေးကို ငေးငေးကြည့်ရင်း သံလမ်းမှတ်တိုင်မှာ နင်ဖြစ်မလားဆိုပြီး ကောင်မလေးမှန်သမျှကို လိုက်ကြည့်နေရတာ ငါမုန်းလှပြီ။ နင့်အချိန်ခွဲတမ်းကို ငါ့အတွက် စက္ကန့်တံ တစ်ပတ်စာလောက် ချန်ထားပေးပါ။
နင်ငါ့ကိုဖုန်းမဆက်နဲ့တော့ဟာ
ရည်ရွယ်မျှော်လင့်ထားတဲ့စကားလုံ
တူ…………တူ………..တူ………………လူကြီးမင်
မသိခြင်းသည် သုည တစ်လုံးဖြစ်သည် ဆိုကြပါစို့………
အခန်းတစ်ခုလုံး
လွမ်းတေးချို
Comments
Post a Comment