“အဲဒီ တိမ်တွေက ဒုက္ခတွေပေါ့ ကိုယ်ထီးမပါတဲ့နေ့တွေဆို မိုးရွာတတ်တယ် “

(က)
“ဖျားနာခြင်းကို ခုံမင်တက်လာတယ်။ ရေပတ်တိုက်ပေးတတ်တဲ့လက်ဖ၀ါးလေးကို မကြာခဏသတိရနေမိလို့ “  ဒီလိုပါပဲ ဟန်နီ ။ တစ်ကိုယ်ရည်စိုစွတ်ရုံ ပန်းရနံ့တွေ လုံလောက်ပါပြီလေ။ စံပယ်ပန်းလေး တွေ ၀ယ်ဖြစ်ခဲ့တယ်။
(ခ)
“သူမဟာ လက်ဝှေ့သမား မဟုတ်တော့ တစ်ကနေ တစ်ဆယ်ထိ ခေါ်လည်း မထူးဘူး။ “
သက်တမ်းကုန်တိုင်းပြန်ပြန်တိုးရတဲ့ မော်တော်ယာဉ်တွေမှ မဟုတ်ပဲ  အရသာ လျှာမှာရှိတယ်ဆိုပဲ
ကိုယ့်ကဗျာလေးတွေကို ထိုးကျွေးကြည့်တယ်။
(ဂ)
“ နင်ကဖုန်းဆက်ဖော်တောင်မရဘူး “
ဖုန်းနံပတ်တွေ မှတ်မထားချင်ဘူး။ နာမည်လေးရွတ်ပြီးအလိုအလျောက်ဖုန်းခေါ်ချင်တယ်။ အကြိမ်ကြိမ်ဖုန်းခေါ်မိရက်သားဖြစ်နေမှာလည်း အသေအချာ။
(ဃ)
“နင်ဖျားနေပြီ “
ခြေဖျားလက်ဖျားတွေ အေးစက်လာ ကျောထဲထိစိမ့်အေး ခဲ့။ ဆရာဝန်က ဘယ်မှာအိပ်သလဲမေးတယ်။ ရှက်စရာတော့ မဟုတ်ပါဘူး ။ တံမံတလင်းလို့ဖြေခဲ့တယ်။
(င)
“ ပင်လယ် လေ ကို အားပါတရ ရှု ချင်တယ် “
သဲထဲ ခြေ နစ်ဝင်သွားတယ်။ ပူနွေးရှတ မှုဟာ အတိုင်းသား ခံစားရ ပေါ့။ အိပ်မက်ခရီးစဉ်လေးဟာ သိပ်လှပတယ်။
(စ)
“ နင်နဲ့ငါ ဘာမှမဆိုင်ဘူးလေ “
စဦးအခြေအနေကို ပြန်ရောက်သွားတယ်။ ကိုယ့်သူမသိ သူ့ကိုယ်မသိပေါ့။ ငါမေးလိုက်တယ် အမုန်းကို ဘယ်သူရေလောင်းပေါင်းသင် ခဲ့တာလဲ။
(ဆ)
“ အသက်ရှင်ရတာ ဒုက္ခပဲ “
သူတို့  ဒီနေရာကိုဘယ်လိုရောက်လာကြတာလဲ ၊ သူတို့မျက်နှာသူတို့ကြည့်တယ်။ မျက်လုံးမှိတ်ပြီးခေါင်းရမ်းတယ်။ တချို့ ဆို တိုးတိုးလေး စကားပြောတယ်။ တချို့ ဆို အော်ငိုတယ်။ တချို့ ဆို သီချင်းတွေ အော်ဆိုတယ်။ တချို့ ဆို မနေချင်ဘူးလို့ ဆိုတယ်။ မရည်ရွယ်ပဲနဲ့ ရိတ်သိမ်းမိတာလည်း ဒုက္ခတွေချည်းဖြစ်နေ တတ်တယ်။
(ဇ)
“ ငါ့အဖေ အတွက် ငါငွေလိုတယ် “
ရိုးတွင်းခြင်ဆီ အားမရှိ ၊ လမ်းမလျှောက်နိုင် ၀ါသနာကို မတွေးအားခဲ့။ ၀မ်းရေးမ၀သေးဘူး။ စုံထောက်ဝတ္ထုတွေပဲကောင်းတယ်။ သိုင်းဝတ္ထုတွေပဲကောင်းတယ်။ ကိုယ့်ကို ဖုန်းခေါ်ကြပါ။ I am with God.
ဘုရားသခင် ကျုပ်ကို ပိုက်ဆံချေးပါ။
(စ်)
“ငါလက်ထပ်တော့မယ် “
ညမရောက်သေးဘူး။ ညရောက်လာပြီ။ ကမ္ဘာကြီးဟာ တစ်ခုခုမှားနေတယ်။ အဲဒီအမှားဟာ ငါပဲ ဖြစ်မှာပါ။
(ည)
ညမရောက်သေးဘူး။
ည ရောက်လာပြီ။

လွမ်းတေးချို
၁ နာရီ ၄၃ မိနစ်
၂၉.၁၂.၂၀၁၄

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်