စစ်တွေမြို့ 

ပင်လယ်ကို  သူ့ရင်သားမို့မို့ ပေါ်တင်ထားတဲ့မိန်းမ
မုန်တိုင်းက ဖိတ်စာပို့ပြီး
အလည်လွန်သွားတယ်………..။
အနှိပ်ခန်း ခုနှစ်ဆယ်ကျော်နဲ့
ငါးဖမ်းသင်္ဘောသားများ
လှတော့လှနေပြီ……..။
ကျည်မထွက်တဲ့အမြောက်
စကားသံခပ်ဝဲ၀ဲကြား
လူတိုင်းကို ငါ မှတ်ပုံတင် ထုတ်မပြရဲဘူး
ပင်လယ်ရဲ့  အန်ဖတ်တွေက
သူမ၀မ်းပြင်တစ်လျှောက်မှာ ပြန့်ကြဲ
Sound box ကိုထမ်းထားတဲ့ကားကြီး
ရွေ့  ရွေ့  လာတယ်…………..
ပျော်ကြတယ်မဟုတ်လား
တေးသီချင်းသံနဲ့ ကြိုက်ရာကကွက်
ဘုရားဖူးကြမလား
လိပ်ဥတူးကြမလား
စစ်တွေမြို့ က ပြေးနေတယ်
ငါမတ်တပ်ရပ် ကျန်ခဲ့လေရဲ့ ………………..။

လွမ်းတေးချို
၃၁.၁၀.၂၀၁၁

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်