မရိုးသေးတဲ့ပုံပြင်
အားနာလို့ပိုက်ဆံပေးချေး
အားနာလို့ ပြန်မတောင်း
အားနာလို့ ရှေ့ မှာမပြော နောက်ကွယ်မှာပြော
အားနာလို့ မျက်နှာပူလို့ မတွေ့အောင်ရှောင်
အားနာလို့ တခြားသူနဲ့တောင်းခိုင်း
အားနာလို့တဲ့ ရှိတဲ့ပစ္စည်းလေးထုခွဲပြီး ပြန်ပေးတော့
အားနာလို့ မယူပဲပြန်ငြင်း အဆင်ပြေမှပေးပါ ပြန်လုပ်
အားနာလို့ မပြောပဲနေတာ အလိုက်သိလာမယ်မှတ်တယ်
အလိုက်မသိတဲ့ကောင်တွေ အားနာလို့ မဖြစ်
အားမနာလျှာမကျိုး စွတ်စွတ်ပြော (နောက်ကွယ်မှာ)
ဟိုကပြန်ကြားတော့ ဒီကောင် နည်းနည်းမှ အားမနာဘူး
ငါ့ကို မှိုချိုးမျှစ်ချိုး ပြောတယ် ဆိုပြီး အားကြီးဒေါသထွက်
ဒီအတိုင်းပြောမထွက်တော့ ရဲဆေးတင်ပြီး အားရပါးရ အိမ်ရှေ့ မှာလာဆဲ
ငါအားမနာနိုင်တော့ဘူးဆိုပြီး အိမ်ထဲက ဌက်ကြီးတောင်ကို ဆွဲပြီး
ပြဿ နာထွက်ရှာ
ပြဿ နာသာထွက်ရှာတာ တစ်ယောက်ယောက်က
အလိုက်တသိဝင်ဆွဲမှာပဲလို့ မျှော်လင့်
အမှုက ဒီအတိုင်းပဲ ဆက်လက်ဖြစ်ပွား မခေါ်မပြော
အလှူပွဲမှာ တစ်ဝိုင်းထဲ ထိုင်ရတော့ အားနာလို့ စကားစပ်မိ
ပြောမိပြောရာတွေပြန်ပြောကြ

လွမ်းတေးချို
၂၉ သြဂုတ် ၂၀၁၆
၂၉ သြဂုတ် ၂၀၁၆
Comments
Post a Comment