ဒဂုံစင်တာရှေ့ မှာဆိုတဲ့ သီချင်း
ဆက်ပြီးပြောချင်သေးတယ်
မီးပွိုင့်မှာ
မီးနီရက်နဲ့ ပြိုင်ကားတွေဖြတ်သွားကြတယ်
လူကြီးသားတွေလား
ပေါ့
ငါ့အတွေးထဲမှာ
အဲဒီကောင်တွေကိုမုန်းတဲ့အခံရှိတယ်
ငါ့လွယ်အိတ်ကလေးကို
ထိုင်နေတဲ့အုတ်ခုံပေါ်တင်လိုက်တယ်
ဒုက္ခတွေလွယ်ရတာ
ပင်ပန်းပါတယ်
ငါစောင့်တယ်
စိတ်ဆိုးပြေမလားလို့စောင့်တယ်
တဖြည်းဖြည်း
ကြီးထွားလာတဲ့ ဒေါသကို ထိန်းထားရတယ်
ငါ့တုန်းက
ဆိုရင်…
ဖုန်းမကိုင်ပဲ
မနေဘူး
ရေသန့်ဘူးက
ဝယ်လို့မကုန်နိုင်ဘူး
တတ်နိုင်သလောက်တော့
ငါမူးပစ်တယ်
ငါစားထားတဲ့
အစားက အစာကြေလွယ်မယ်
ငါ့ဒေါသကြောင့်
အစာချေရည် ထွက်မယ်ပေါ့
ငါ့လက်စွပ်ကို
ငါမသိလိုက်ပဲ အယူခံရတယ်
ပျောက်သွားပြီ
မလား ဆိုတာကို အထပ်ထပ်အမေးခံရတယ်
ငါ့မှာ စဉ်းစားလို့ကို
မရဘူး
ရှိုးပွဲ သွားကြတယ်တဲ့
ငါ့မှာ တစ်ယောက်တည်း
ကြေကွဲလို့မဆုံးဘူး
ငါ့ လက်မောင်းတွေမှာ
မီးတောက်တယ်ဆိုတာလည်းမရှိ
ငါ့မှာချွေးတော့ထွက်တယ်
ဘုရင်ဖြစ်နိုင်ချေ
ရှိလားတော့ငါမသိ
တဖြည်းဖြည်းငါ့ဆီ
သုံးသပ်ချက်တွေရောက်လာတယ်
ငါ့ကို သုံးပြီး
သပ်တင်သွားသလား ငါတွေးရ
အင်္ကျီ တွေချွတ်ထားမိတယ်
ငါထိုင်နေရတဲ့
အခန်းက အဲယားကွန်းမရှိဘူး
တံခါးဖွင့်သံကြားတယ်
ငါ့ကိုယ်ငါခြောက်ခြားသွားတယ်။
ငါ့မှာ ကြောက်စရာမရှိ
ကြံဖန်ကြောက်နေတယ်
ငါ့ကို ဘယ်သူမှ
မကုပေးဘူး
အိပ်ရေးဝအောင်
ငါအိပ်ဖို့လိုမယ်။
ငါ့ကို မြန်မြန်လေး
တုန့်ပြန်ပေးကြပါ
လခနည်းတဲ့
အလုပ်တိုင်း ငါလုပ်ဖြစ်တယ်
လခများတာတွေက
ငါ့အတွက်မဟုတ်ဘူးဆိုကြတယ်။
ငွေအတွက်အလုပ်မလုပ်ဘူး
အိမ်ထောင်ရေးလှိုင်းမှာ
လူမှုဝန်ထမ်းစိတ်ကလေးပျောက်သွားတတ်သလား
ငါ့ခြေထောက်တွေကျဉ်လာတယ်
ငါထိုင်ရတာများနေပြီလို့
ဆုံလည်ထိုင်ခုံလေးကပြောတယ်
နားတွေအူလာတယ်
အချစ်က ဘာမှအရေးမကြီးဘူးလို့
ငါရွတ်တယ်
အချစ်ကို
ဒဂုံစင်တာရှေ့ မှာ ငါ တစ်နာရီလောက် စောင့်ဖြစ်တယ်
ငါ့စကားဟာ
ရှေ့ လည်းမညီဘူး နောက်လည်းမညီဘူး
ငါ့ကိုငါ
သူရဲကောင်းလို့ ခေါ်မိတယ်။
သွားလေ မကျေနပ်ဘူးလား
ဆူးလေရှေ
့မှာ ဆန္ဒသွားပြလေ
ငါနားတွေအူလာတယ်
ဆီကြော်မုန့်တွေစားဖြစ်တယ်
ပေနေတဲ့လက်ကို
ပုဆိုးစနဲ့ သုတ်တယ်
တစ်ယောက်ယောက်ကိုတစ်ယောက်ချစ်တယ်ဆိုတာ
ငါလည်း ယုံလိုက်ရမလား
ငါဟာ ဆီသုတ်ခံလိုက်ရတဲ့
ပုဆိုးတစ်ထည်ဖြစ်တယ်
ငါဘယ်သွားရမလဲ
ငါမသိဘူး
ရေစက်သံတွေကြားတယ်
ငါ့စကားတွေထစ်ကုန်တယ်
လူကုံထံတွေမောင်းတဲ့ကားပေါ်မှာ
ငါ ဆီးသွားချင်စိတ်ကို ထိန်းရတယ်
ဟုတ်ကဲ့
ဘ၀ဟာ အဲလိုပဲ
ဖြစ်ပါတယ်။
နောက်ကြောင်းမရှင်းရင်
ငါ့ဆီမလာနဲ့
ငါဆီလာရင်
နောက်ကြောင်းရှင်းခဲ့
ငါ့မျက်လုံးတွေဟာ
အပျော့စား ဘီယာငွေ့ တွေ ပျံ့ နှံ့ လို့
ငါနေတာ ပန်းတနော်လမ်းဖြစ်တယ်
ငါ့ကိုချစ်တယ်ဆိုပြီး
မိန်းမတစ်ယောက်က
ဖုန်းဆက်တယ်
ငါလည်း ဘာကိုချစ်မှန်းမသိဘူး
ငယ်ငယ်တုန်းကရွက်ဆုတ်ပြက္ခဒိန်
ဆို
မောင်နှမတွေ
လုဖြဲ ကြတယ်
အခု ငါ့အခန်းထဲမှာ
ဖြဲ မည့်သူမရှိဘူး
ငါ့ကို ဖုန်းဆက်သူလည်း
မရှိဘူး
ငါ့နားရွက်တွေပူလာတယ်
မျက်လုံးတွေကို
မဆိုစလောက်လေးမှေးဖြစ်တယ်။
မင်းသေဖို့သာပြင်
ဆိုတာကို
ငါအကြိမ်ကြိမ်ရွတ်တယ်
ငါဘယ်မှ မရွေ
့ဖြစ်ဘူး
လွမ်းတေးချို
Comments
Post a Comment