ဟန်နီ အလုပ်များတဲ့နေ့
မတူကွဲပြားမှုတွေနဲ့ငါတို့ဖြစ်တည်ကြ
မတူကွဲပြားမှုတွေကို ငါတို့ငြင်းခုံကြမှာလား
ပဲ့တင်သံတွေပြန်မလာဘူး
အော်ရတာ မောတယ်ကွယ်
ရာဇသံပေးထားလို့
ချစ်တယ် မပြောရဲဘူး
ဟော့ဒီကောင်ကို ပုံကြီးချဲ့ ခံစားသူလို့မြင်မယ်
နင်နဲ့ဖုန်းမပြောဖြစ်တဲ့ရက်မှာ
ဒီကောင်က အလုပ် တပုံတပင်ကြားမှာ အလုပ်လက်မဲ့
ဇာတ်လမ်းလေးက ရိုးတယ်
ငါသာမန်လူပဲဖြစ်တယ်
သာမန်လူတစ်ယောက်လိုချစ်တယ်
သာမန်လူတစ်ယောက်လို ခံစားလွယ်မယ်ပေါ့ဟာ
နင်ခေါ်တဲ့ ငတိလေး ငချွတ်လေး
ရထားသံဆူညံညံကြားမှာငါ
ဒီမနက်ခင်းအတွက် တတိယမက်ဆေ့ခ်ျ ကိုပို့ရင်း
ဒုတိယမ္ပိ လွမ်းတယ်
အလုပ်ရှုပ်နေတဲ့နင့်ကို အရှုပ်လုပ်မိတာ
လှိုက်လှိုက်လှဲလှဲ
ဝမ်းနည်းမိပါတယ်
ဖြစ်ချစ်ရာဖြစ်လို့ပြောရင်တောင်
ဒီကောင်က ချစ်ချင်ရာချစ်မည့်ကောင် မဟုတ်ပါဘူး
လေလှိုင်းတွေက တစ်ဆင့်
မေးလ်ဘော့စ် တွေက တစ်ဆင့်
နင်င့ါကို ကောက်ယူသွားတာလား
ကောက်ရသွားတာလား
နင့်ကဗျာထဲက
Arial ၊ ရေထဲပြုတ်ကျသွားတဲ့ plectrum ကလေး
ဂစ်တာတီးနေတဲ့ လက်ချောင်းရှည်ကလေး
Raymond ရဲ့  သီချင်း
ငါရိုရိုကျိုးကျိုး
ခေါက်……သိမ်း…….ပစ်…….လိုက်….တယ်။
နောက်ဖေးလမ်းကြားတစ်ခုလိုငါ့စိတ်
ငါ့ကိုယ်ငါရေခဲရိုက်ပြီး
ငါသတ်ပစ်နေတဲ့ အလွမ်းတွေကို အပုပ်နံ့ မထွက်အောင်
စီမံဖို့လိုအပ်နေလေရဲ့ 
Copier ထဲက ထွက်လာတဲ့နှလုံးသားဖြစ်သွားမယ်
နင်ကြောက်မှန်းငါသိတယ်
စီးကရက်ငွေ့တွေနဲ့ ငါ့လိုကောင်ကို
မီးခိုးခေါင်းတိုင်တစ်ခုလိုမြင် ကောင်းမြင်မယ်
သံလမ်းမှတ်တိုင်ထိပ်မှာ နင်ဖြစ်မလားဆိုပြီး
ငေးကြည့်ရတဲ့ကောင်မလေးတွေ များလာတယ် ဟန်နီ
မမြင်ဖူးလို့ မူးကို မြစ်ထင်နေတာ ဖြစ်ကောင်းဖြစ်မယ်
မကြင်ဖူးလို့ ရူးပြီး အချစ်ထင်နေတာ ဖြစ်ကောင်းဖြစ်မယ်
ငါ့ကိုယ်ငါနားမလည်ဘူး
နင့်ကိုငါနားလည်အောင်ကြိုးစားနေ တယ်
ဘာလဲဟာ!
ဘာ……….လဲ…………ဟာ!
ငါက အချစ်ကိုဗန်းထဲထည့်ပြီး လည်ရောင်းပါ့မလားဟာ
သန်းခေါင်စာရင်းစာရွက်မှာ
နှစ်ဦးသား အတူရှိချင်တဲ့ရောဂါက
ကူးစက်ရောဂါဆိုရင်
နင့်ကိုကူးဖို့
ငါ………ကျိန်……..စာ…….တိုက်………မိ. ..........မ……..လား……နော်
လွမ်းတေးချို
12.30 p.m
Thursday
March 31st 2011
အော်ရတာ မောတယ်ကွယ်
ရာဇသံပေးထားလို့
ချစ်တယ် မပြောရဲဘူး
ဟော့ဒီကောင်ကို ပုံကြီးချဲ့ ခံစားသူလို့မြင်မယ်
နင်နဲ့ဖုန်းမပြောဖြစ်တဲ့ရက်မှာ
ဒီကောင်က အလုပ် တပုံတပင်ကြားမှာ အလုပ်လက်မဲ့
ဇာတ်လမ်းလေးက ရိုးတယ်
ငါသာမန်လူပဲဖြစ်တယ်
သာမန်လူတစ်ယောက်လိုချစ်တယ်
သာမန်လူတစ်ယောက်လို ခံစားလွယ်မယ်ပေါ့ဟာ
နင်ခေါ်တဲ့ ငတိလေး ငချွတ်လေး
ရထားသံဆူညံညံကြားမှာငါ
ဒီမနက်ခင်းအတွက် တတိယမက်ဆေ့ခ်ျ ကိုပို့ရင်း
ဒုတိယမ္ပိ လွမ်းတယ်
အလုပ်ရှုပ်နေတဲ့နင့်ကို အရှုပ်လုပ်မိတာ
လှိုက်လှိုက်လှဲလှဲ
ဝမ်းနည်းမိပါတယ်
ဖြစ်ချစ်ရာဖြစ်လို့ပြောရင်တောင်
ဒီကောင်က ချစ်ချင်ရာချစ်မည့်ကောင် မဟုတ်ပါဘူး
လေလှိုင်းတွေက တစ်ဆင့်
မေးလ်ဘော့စ် တွေက တစ်ဆင့်
နင်င့ါကို ကောက်ယူသွားတာလား
ကောက်ရသွားတာလား
နင့်ကဗျာထဲက
Arial ၊ ရေထဲပြုတ်ကျသွားတဲ့ plectrum ကလေး
ဂစ်တာတီးနေတဲ့ လက်ချောင်းရှည်ကလေး
Raymond ရဲ့  သီချင်း
ငါရိုရိုကျိုးကျိုး
ခေါက်……သိမ်း…….ပစ်…….လိုက်….တယ
နောက်ဖေးလမ်းကြားတစ်ခုလိုငါ့စိတ
ငါ့ကိုယ်ငါရေခဲရိုက်ပြီး
ငါသတ်ပစ်နေတဲ့ အလွမ်းတွေကို အပုပ်နံ့ မထွက်အောင်
စီမံဖို့လိုအပ်နေလေရဲ့ 
Copier ထဲက ထွက်လာတဲ့နှလုံးသားဖြစ်သွားမယ်
နင်ကြောက်မှန်းငါသိတယ်
စီးကရက်ငွေ့တွေနဲ့ ငါ့လိုကောင်ကို
မီးခိုးခေါင်းတိုင်တစ်ခုလိုမြင်
သံလမ်းမှတ်တိုင်ထိပ်မှာ နင်ဖြစ်မလားဆိုပြီး
ငေးကြည့်ရတဲ့ကောင်မလေးတွေ များလာတယ် ဟန်နီ
မမြင်ဖူးလို့ မူးကို မြစ်ထင်နေတာ ဖြစ်ကောင်းဖြစ်မယ်
မကြင်ဖူးလို့ ရူးပြီး အချစ်ထင်နေတာ ဖြစ်ကောင်းဖြစ်မယ်
ငါ့ကိုယ်ငါနားမလည်ဘူး
နင့်ကိုငါနားလည်အောင်ကြိုးစားနေ
ဘာလဲဟာ!
ဘာ……….လဲ…………ဟာ!
ငါက အချစ်ကိုဗန်းထဲထည့်ပြီး လည်ရောင်းပါ့မလားဟာ
သန်းခေါင်စာရင်းစာရွက်မှာ
နှစ်ဦးသား အတူရှိချင်တဲ့ရောဂါက
ကူးစက်ရောဂါဆိုရင်
နင့်ကိုကူးဖို့
ငါ………ကျိန်……..စာ…….တိုက်………မိ.
လွမ်းတေးချို
12.30 p.m
Thursday
March 31st 2011
Comments
Post a Comment