အော်ဂန်နိုက်ဇေးရှင်း
- Get link
- X
- Other Apps
ရေငတ်သူတွေကြား
ကိုယ်တွေ ကိုမှ ဘီယာသောက်ခိုင်းတဲ့
အော် ဂန် နိုက် ဇေး ရှင်း
အော် ဂန် နိုက် ဇေး ရှင်း
ကိုင်းကြီးကြီးတွေကိုမှ
ငှက်ကြီးကြီးတွေ နားခိုင်း တဲ့
အော်ဂန် နိုက်ဇေးရှင်း
အကြောင်းပြချက်တောင်းကာမှ
ဗလောင်းဗလဲ နဲ့ ပြောင်းလဲနေတတ်တဲ့
အော်ဂန် နိုက်ဇေးရှင်း
ကြီးသူကို ထိုင်ဖား
ငယ်သူကိုကိုင်စား နေတဲ့
အော်ဂန် နိုက် ဇေးရှင်း
အဆဲခံဖို့ တာဝန်ကို အပြည့်ပေး
ရပိုင်ခွင့်ကို နံရံတံတိုင်းထူထားတဲ့
အော်ဂန်နိုက်ဇေးရှင်း
ခေါင်မလုံ မိုးယိုတာလောက်ဖာပြီး
အိမ်တစ်အိမ်လုံး ပြိုကျ နေတာကို
ထိုင်ကြည့်နေတတ်တဲ့
အော်ဂန်နိုက်ဇေးရှင်း
တန်ဖိုးကို စာရွက်မှာကပ်
ရင်ဘတ်မှာ ဖျက်ဆေးတွေ အပြည့်နဲ့
အော်ဂန်နိုက်ဇေးရှင်း
အယ်လ်ဇေးရှင်း တွေလို့
ထိုင်ဆဲလိုက်ရင်
ကိုယ်တွေပါ ပါဝင်သွားမယ့်
အော်ဂန်နိုက်ဇေးရှင်း
လွမ်းတေးချို
၁၈.၉.၂၀၁၄
၅း၀၄ နာရီ (ညနေခင်း)
ငှက်ကြီးကြီးတွေ နားခိုင်း တဲ့
အော်ဂန် နိုက်ဇေးရှင်း
အကြောင်းပြချက်တောင်းကာမှ
ဗလောင်းဗလဲ နဲ့ ပြောင်းလဲနေတတ်တဲ့
အော်ဂန် နိုက်ဇေးရှင်း
ကြီးသူကို ထိုင်ဖား
ငယ်သူကိုကိုင်စား နေတဲ့
အော်ဂန် နိုက် ဇေးရှင်း
အဆဲခံဖို့ တာဝန်ကို အပြည့်ပေး
ရပိုင်ခွင့်ကို နံရံတံတိုင်းထူထားတဲ့
အော်ဂန်နိုက်ဇေးရှင်း
ခေါင်မလုံ မိုးယိုတာလောက်ဖာပြီး
အိမ်တစ်အိမ်လုံး ပြိုကျ နေတာကို
ထိုင်ကြည့်နေတတ်တဲ့
အော်ဂန်နိုက်ဇေးရှင်း
တန်ဖိုးကို စာရွက်မှာကပ်
ရင်ဘတ်မှာ ဖျက်ဆေးတွေ အပြည့်နဲ့
အော်ဂန်နိုက်ဇေးရှင်း
အယ်လ်ဇေးရှင်း တွေလို့
ထိုင်ဆဲလိုက်ရင်
ကိုယ်တွေပါ ပါဝင်သွားမယ့်
အော်ဂန်နိုက်ဇေးရှင်း
လွမ်းတေးချို
၁၈.၉.၂၀၁၄
၅း၀၄ နာရီ (ညနေခင်း)
- Get link
- X
- Other Apps
Comments
Post a Comment