သူမနဲ့ကျနော်
မထော်မနန်းတွေပါ လို့ဆိုကြတယ်
ငါက နှုတ်ခမ်းထော် တယ် ဒါနဲ့ ငါစဉ်းစားတယ်
မထော် ရင် မ နမ်း ရ ဘူးလို့များ ဆိုလိုခဲ့သလားပေါ့
ထော်ရင် နမ်းလို့ ရတဲ့သဘော
နင် ပြော နေကျ
“ ပေါ ရဲ လိုက် တာ “ ဆိုတာ ဒါမျိုး ဖြစ်မလား။
မထော် ရင် မ နမ်း ရ ဘူးလို့များ ဆိုလိုခဲ့သလားပေါ့
ထော်ရင် နမ်းလို့ ရတဲ့သဘော
နင် ပြော နေကျ
“ ပေါ ရဲ လိုက် တာ “ ဆိုတာ ဒါမျိုး ဖြစ်မလား။
ငါပြုံးတယ်
ရလဒ် တွေ ယိုင်နဲ့နေပေမယ့်
ငါ ပြုံး ဆဲ ပဲ ။
ရလဒ် တွေ ယိုင်နဲ့နေပေမယ့်
ငါ ပြုံး ဆဲ ပဲ ။
စစ်အစိုးရ ကို
စစ်အစိုးရ ဖြစ်နေလို့ ငါဆဲတယ်
စစ်အစိုးရ ဆိုတာ မရှိတော့ဘူးဆိုတော့
ငါလည်း မဆဲပဲ နေရတော့မလား
နင် က ငါ့ကို ထပ်ပြောဦးမယ်
“ နင့်ဟာ နင် ရှုပ် နေတာ “
စစ်အစိုးရ ဖြစ်နေလို့ ငါဆဲတယ်
စစ်အစိုးရ ဆိုတာ မရှိတော့ဘူးဆိုတော့
ငါလည်း မဆဲပဲ နေရတော့မလား
နင် က ငါ့ကို ထပ်ပြောဦးမယ်
“ နင့်ဟာ နင် ရှုပ် နေတာ “
တစ်ခါတစ်ခါ
တွတ်ပီလေး ဖတ်ပြီး
ဘ၀ ကို စုံမက်နေချင်တာပေါ့ဟာ
ပြောင်းလဲမှုကို ငါတို့မှ မစတင်ရင် ဘယ်ဖြစ်မလဲ
ငါ့စကားမဆုံးခင် နင့် မျက်ခုံးလေး ပင့်သက်သွားမယ်
“ ကြီးကြီးကျယ်ကျယ် တွေ ဟာ “
တွတ်ပီလေး ဖတ်ပြီး
ဘ၀ ကို စုံမက်နေချင်တာပေါ့ဟာ
ပြောင်းလဲမှုကို ငါတို့မှ မစတင်ရင် ဘယ်ဖြစ်မလဲ
ငါ့စကားမဆုံးခင် နင့် မျက်ခုံးလေး ပင့်သက်သွားမယ်
“ ကြီးကြီးကျယ်ကျယ် တွေ ဟာ “
ရုပ်ရှင်တွေကြည့်တော့
ငါ ပုံကြီးချဲ့ ခံစားပြတယ်
ရီဗျူး တွေ ထိုင်ထိုင်ရေးတယ်
မင်းကို ကြည့်လိုက်တော့
မျက်ရည်တောက်တောက်ကျ နေတာတွေ့တယ်
ဘယ်ဟာက အစစ်အမှန်လဲ
ငါ ပုံကြီးချဲ့ ခံစားပြတယ်
ရီဗျူး တွေ ထိုင်ထိုင်ရေးတယ်
မင်းကို ကြည့်လိုက်တော့
မျက်ရည်တောက်တောက်ကျ နေတာတွေ့တယ်
ဘယ်ဟာက အစစ်အမှန်လဲ
လူမှုကွန်ယက်တစ်ခု ပေါ်ဖြစ်ဖြစ်
စာအုပ်တစ်အုပ်ကို ဖြစ်ဖြစ်
ငါအာရုံရောက်နေတဲ့အခါ
နင့်အတွက် အနှစ်သာရ မရှိဖြစ်ရတယ်
ကောင်းကင်ကို ဌက်တွေက ရွေးခဲ့တာလား
ငါ့စကားကို နင် နားမလည်ဘူး ။
စာအုပ်တစ်အုပ်ကို ဖြစ်ဖြစ်
ငါအာရုံရောက်နေတဲ့အခါ
နင့်အတွက် အနှစ်သာရ မရှိဖြစ်ရတယ်
ကောင်းကင်ကို ဌက်တွေက ရွေးခဲ့တာလား
ငါ့စကားကို နင် နားမလည်ဘူး ။
ဂရုမစိုက်ဘူးလို့ ပြောတယ်
နင်ပြောတိုင်း နင် ဆီးရီးရပ်စ်လီး ပြောခဲ့တာချည်း
ခုချိန်ထိ ဂရုစိုက်တယ်ဆိုတာ
ဘာမှန်းငါ မသိသေးဘူး
“ အရေထူ လိုက်တာ “
နင်ပြောတိုင်း နင် ဆီးရီးရပ်စ်လီး ပြောခဲ့တာချည်း
ခုချိန်ထိ ဂရုစိုက်တယ်ဆိုတာ
ဘာမှန်းငါ မသိသေးဘူး
“ အရေထူ လိုက်တာ “
ငါ မေ့တယ်
ရန်ဖြစ်တဲ့အခါ
ကတိ တွေကို ပြန် သတိရတယ်။
ရန်ဖြစ်တဲ့အခါ
ကတိ တွေကို ပြန် သတိရတယ်။
လွမ်းတေးချို
၂၇ ဇူလိုင် ၂၀၁၆
၂၇ ဇူလိုင် ၂၀၁၆
Comments
Post a Comment