လွမ်းဆေး

ဆက်သောက်ဆက်သောက်

စောက်သက်တွေကြီးတဲ့အထိဆက်သောက်

ရှင်ဟာလေပြောရင်းဆိုရင်းထထဖောက်

ရှင့်ကို အရေခွံလဲလိုက်မိတိုင်း

ကျမကိုယ်တိုင်ဆူးမွေ့ယာပေါ်ရောက်ရောက်သွား

ရှင့်ကို ထပ်ဖြည့်လိုက်တိုင်း

ကျမကိုယ်တိုင် လျှံကျသွား

ရှင့်ကိုယ်ရှင် ဘာနိမိတ်ပုံသုံးဦးမှာလဲ

ရှင့်ကိုယ်ရှင် ဘယ်ကော့ဒ် ထဲထည့်တီးဦးမှာလဲ

ရှင့်ကို စာလုံးပေါင်းမှားတဲ့သူများတယ်

ရှင့်ကို စာလုံးပေါင်းများတဲ့သူ ကျမပဲရှိမယ်

ရှင်ဟာ သစ်ပင်စိုက်ခံရတဲ့ဂစ်တာ

ရှင်ဟာ ရေနံဆီမီးအိမ်တစ်လုံး

ရှင်ဟာ ကိုယ့်လောင်းရိပ်ကိုယ်မိနေတဲ့ ဖယောင်းတိုင်

ရှင်သိလား

စင်ပေါ်တက်တိုင်းမင်းသားဖြစ်တာမဟုတ်ဘူး

ရှင်သိလား

…………………………

…………………………..

…………………………….

                                       နွားပလာတာကျွေးရတာ သနားစရာပဲ ဆို

လှေကားတွေထထအော်တိုင်း

တံခါးတွေ အံကြိတ်လိုက်တိုင်း

ကျမရဲ့  အာရုံငါးပါးကိုအလုပ်လုပ်ရတယ်

ပြောမယ်ပြောမယ်ဒီနေ့ပြောဖြစ်အောင်ကိုပြောမယ်

ရှင့်ဖုန်းကို ဘယ်သူခေါ်ပြန်ပြီလဲ

စကားပြောနေတဲ့အချိန်ဖုန်းပိတ်ထားလို့ပြောတာ

ဘယ်နှစ်ခါရှိပြီလဲ

ကျမပြောတာ ဘယ်နားရောက်သွားပြီလဲ

ဟော ရှင်အိပ်ငိုက်သွားပြန်ပြီ

ထမင်းစားဆိုလည်းမစားဘူး

ရှင့်ကို အော်ရတာ ဒိုရေမီဖာစုံနေပြီ

ရှင်မသိဘူး

ရှင်မသိတာမဟုတ်ဘူး

ရှင်မသိချင်ယောင်ဆောင်နေတာ

ပြောလိုက်ရင် သိတယ်

နောက်မလုပ်တော့ဘူး

ကိုယ်ကတိပေးတယ်

ကတိပေးအများဆုံးနဲ့ ကတိမေ့မှုအများဆုံးပုဂ္ဂိုလ်ဟာရှင်ပဲ

ပြတ်ပြီ

ဒီတစ်ခါတကယ်ပြတ်ပြီ

အော် နောက်နေတယ်ထင်လို့လား

ရှင်ကိုယ့်ရှင် သံလိုက်တုံးမှတ်နေလား

နောက်ကလိုက်မလာနဲ့

အိမ်ရှေ့ မှာ လာမထိုင်နဲ့

ရှင့်လက်ကိုလွှတ်လိုက်နော်

အော်ကြီးဟစ်ကျယ်ပြောရမှာ

ကျမသေမလောက်ကြောက်သွားပြီ

ဒါပဲ



လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်