ဝတ်မှုန်ကူးခြင်း
၁
အချိန်အပိုင်းအခြားအရ
ငါတို့ဟာ ပညတ်ထဲမှာ
လွယ်မယောင်နဲ့ခက်ခဲ့ခြင်းတွေ
အသံတွေ နံရံတလျောက် ယိုစီး
အစားကိုလည်းကုန်အောင်မစား
စကားကိုလည်း ၀အောင်မပြော
ချွေးဒီးဒီး ကျခဲ့ခြင်းဟာ
သက်သေ အစစ်ပေါ့
ရုတ်တရတ် ရပ်လိုက်ရင်
နှစ်ယောက်လုံး ပြုတ်ကျမှာ
လွမ်းတေးချို
၁၀သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၂
လာခဲ့
အကြောလျော့ပေးမယ်
အကြောလျော့ပေးမယ်
သွားခဲ့
အဆုံးဆိုတာချည်း
အဆုံးဆိုတာချည်း
တွဲခဲ့
လက်ဗွေရာချင်းမှား
လက်ဗွေရာချင်းမှား
ဆက်ခဲ့
ဒေါသကြီးနေတဲ့ဖုန်းတွေ
မကိုင်ဖြစ်ခဲ့
ဒေါသကြီးနေတဲ့ဖုန်းတွေ
မကိုင်ဖြစ်ခဲ့
လွမ်းတေးချို
၁၀သြဂုတ် ၂၀၁၆
၁၀သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၃
ထွေးပြီးသား တံတွေးလည်းအသုံးဝင်ကောင်းကင်ဆိုလည်း အရေခွံလဲရမှာ
အညှာဆိုလည်း လွယ်ပစ်
အစဉ်လိုက် အရေအတွက်တိုးသွား
အထွတ်အထိပ် တစ်ခုဆီ
လွမ်းတေးချို
၁၀သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၎
အတူလှည့်ပြန်ဖို့ ပြောတယ်
မျက်လုံးတွေထဲမှာ တမျိုး
ကြယ်တွေကြွေခဲ့တာတောင်
အလင်းတွေ ကျန်တုန်း
လွမ်းတေးချို
၁၀သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၅
မမြင်ရလည်း
သိမှုထိမှု ထက် အရေးပါတာမရှိ
ကြည်နူးမှုထဲပျော်ဝင် သွားတဲ့နား
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၆
ပွင့်ဖတ်နဲ့ယက်ထားတာ
ပွင့်ဖတ်သံ နဲ့ အသက်သွင်းတာ
ပွင့်အံ ပွင့်ထွက်
အိမ်နေရင်း အမှတ်တွေ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၇
ဘယ်သူ့ flow လဲ
သိစရာမလို
ဖြစ်မှု က ပိုလို့
အရေးပါ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၈
မဆဲနဲ့
ရိုင်းတဲ့ အသုံးအနှုန်းတော့
လိုလိုလားလား ခွင့်ပြုထား
နှစ်ဦးသဘောတူ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၉
မအိပ်ကြသေးဘူး
ဝတ်မှုန်စ တွေ ပျံသန်းတုန်း
အနာနဲ့ဆေးတည့်နေတာ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၀
တည့်မပြောလည်းသိရမယ်
ထည့်မပြောလည်း သိရမယ်
စိတ်ကို ဖတ်တဲ့ အတတ်ပညာ
ဥာဏ်နည်းနည်း ထည့်ပေါင်းချင်
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၁
ကစားသမားတွေချည်း
နည်းပြတော့ရှားတယ်
မြင်ဆရာ ကြားဆရာတွေနဲ့
အအောင်မြင်ဆုံး ကစားချင်ကြ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၂
လွယ်လွန်းသပ
စစ်မြေပြင်ရောက်မှ
လျှော်ပစ်မိတဲ့ ပစ်မှတ်တွေ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၃
တိတ်ဆိတ်ပေမယ့်
တိတ်ဆိတ်ချင်မှ တိတ်ဆိတ်နေမှာ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၄
ပင်လယ်ရေဆိုတာ ညာတာ
တမင်တကာသောက်ပြီး
ဆင့်ကာဆင့်ကာ သောက်တာ
တမင်တကာသောက်ပြီး
ဆင့်ကာဆင့်ကာ သောက်တာ
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၅
ဆက်မကြည့်နဲ့နော်လို့ပြောမှ
ဆက်ကြည့်နေသလိုမျိုး
အဖြေသိတော့ ပြုံးမိတဲ့ ဂိမ်း
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၆
ညှီတယ်လို့ ပြောပေမယ့်
ငါးတွေဟာ စားစရာအဖြစ် ရှိဆဲ
ငါးတစ်ကောင်က ငါးတစ်ကောင်ကို
အပြန်အလှန် ၀ါးမြို လို့ မဆုံး
လွမ်းတေးချို
၁၁ သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၇
လူမျိုးလည်း ရွေးစရာမလို
ဘာသာလည်း ရွေးစရာ မလို
စိတ်ဝိညာဉ်ခြင်းထပ်
မြင့်မြတ်ဖို့ လိုတာ
လွမ်းတေးချို
၁၁ သြဂုတ် ၂၀၁၆
ဝတ်မှုန် ကူးခြင်း ၁၈
ဒါဟာ ဟန်ချက်ညီညီ
ကစားရတဲ့ဂိမ်း
အပျော်တန်း ပင်ပေါင်ကစားသမားတွေလို
ထိချက်တွေ မလွဲအောင် ဂရုစိုက်
အပျော်တန်း ပင်ပေါင်ကစားသမားတွေလို
ထိချက်တွေ မလွဲအောင် ဂရုစိုက်
လွမ်းတေးချို
၁၁သြဂုတ် ၂၀၁၆
၁၁သြဂုတ် ၂၀၁၆
Comments
Post a Comment