လေဆိပ်

သီချင်းဟောင်းဆိုတာ သိပ်စွမ်းအားကြီးတယ် ကိုယ့်ကိုအချိန်ကိုက်အချိန်ကောင်းမှာမှ 
အလစ်ဝင်တိုက်တတ်တာမျိုးဘယ်ကမှ ကောက်ရတဲ့လျှို့ ဝှက်နံပါတ်မဟုတ်ဘူး

ရဲလေးသီချင်းကိုပြေးမြင် ပြီး မှန်နံရံတစ်ဖက်ခြား “ မင်းက ငါအချစ်ဆုံးပါပဲ ဘယ်သူမှ ငါ့အနားမရှိနိုင်ဘူး” 
ဒါဆိုရင် လုံလောက်တဲ့ နှစ်သိမ့်ခြင်းဖြစ်မလား၊

ရှေ့ သွားရင်လည်းတည့်တည့်သွားကွာ ဆန့်တငင်ငင်နဲ့ နင်လှည့်ကြည့်နေတာကို
ငါအားမရတော့၊ တစ်ထောင်ပေးရင် အထဲဝင်လို့ရတယ်ဆိုတာလည်း မသေချာ
နင့်အမေကြီးကလည်း ငိုမဲ့ငိုမဲ့

ငါတို့ဟာ စနက်တံနဲ့လက်ပစ်ဗုံးလို ဘဝ
အသေခံဗုံးခွဲသမားတွေလို တစ်သက်မှာတစ်ခါသာလုပ်ပြတဲ့ အကောင်းဆုံး ပါဖောမန့်စ် စပြီ

တံတားလား၊ တံတိုင်းလား မြစ်လား ပင်လယ်လား
လှေဆိပ်က မှ လက်ပစ်ကူးလိုက်ရင် မှီနိုင်သေး

နင်ဟိုရောက်ရင် ဟိုလူတွေလို မြန်မာပြည်ကွန်နက်ရှင်ကို မရှုံ့ချနဲ့
ဆင်ဆာမဲ့ဗီဒီယိုဆိုတာ လျှို့ ဝှက်သိပ်သည်းတဲ့ နေထိုင်မှုပုံစံသက်သက်သာ နားလည်ကွာ
မရည်ရွယ်ပဲ ပုံကျလာမည့် သံသယ ကို ဘယ်သူမှ ဂူသွင်းသင်္ဂြုလ်ချင်မှာမဟုတ်ဘူး

ပုတီးလည်းစိပ်
ဘုရားတရားမမေ့နဲ့.....
လူစိမ်းတွေကို သတိထားပေါင်း
နင်ကို က အယုံလွယ် အဲဒီ အကျင့်ကိုလည်းပြင်ဦးလမ်းကူးရင်သတိထား
ကားတွေ အရမ်းရှုပ်တယ်ကြားတယ်

စာရွက်တွေမပျောက်စေနဲ့ သံရုံးရှေ့ မှာ ဟေးလေးဝါးလားသွားမလုပ်နဲ့
အောင်မလေး မောတယ် နင့်ကို ပြောရတာ မောတယ်
ငါက လွှတ်ချင်တာမဟုတ်ဘူး
နင်ကြိုက်တဲ့ရခိုင်မုန့်တီမစားရတော့ဘူး၊ ထမင်းသုပ်မစားရတော့ဘူး
အခန်းဖော်နဲ့လည်း အဆင်ပြေအောင်နေ တစ်နယ်တစ်ကျေးဆိုတော့
အရာရာကို သတိသွား၊သတိနဲ့စား ၊ သတိနဲ့နေ။

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်