Posts

Showing posts from August, 2016

မရိုးသေးတဲ့ပုံပြင်

အားနာလို့ပိုက်ဆံပေးချေး အားနာလို့ ပြန်မတောင်း အားနာလို့ ရှေ့ မှာမပြော နောက်ကွယ်မှာပြော အားနာလို့ မျက်နှာပူလို့ မတွေ့အောင်ရှောင် အားနာလို့ တခြားသူနဲ့တောင်းခိုင်း အားနာလို့တဲ့ ရှိတဲ့ပစ္စည်းလေးထုခွဲပြီး ပြန်ပေးတော့ အားနာလို့ မယူပဲပြန်ငြင်း အဆင်ပြေမှပေးပါ ပြန်လုပ် အားနာလို့ မပြောပဲနေတာ အလိုက်သိလာမယ်မှတ်တယ် အလိုက်မသိတဲ့ကောင်တွေ အားနာလို့ မဖြစ် အားမနာလျှာမကျိုး စွတ်စွတ်ပြော (နောက်ကွယ်မှာ) ဟိုကပြန်ကြားတော့ ဒီကောင် နည်းနည်းမှ အားမနာဘူး ငါ့ကို မှိုချိုးမျှစ်ချိုး ပြောတယ် ဆိုပြီး အားကြီးဒေါသထွက် ဒီအတိုင်းပြောမထွက်တော့ ရဲဆေးတင်ပြီး အားရပါးရ အိမ်ရှေ့ မှာလာဆဲ ငါအားမနာနိုင်တော့ဘူးဆိုပြီး အိမ်ထဲက ဌက်ကြီးတောင်ကို ဆွဲပြီး ပြဿ နာထွက်ရှာ ပြဿ နာသာထွက်ရှာတာ တစ်ယောက်ယောက်က အလိုက်တသိဝင်ဆွဲမှာပဲလို့ မျှော်လင့် အမှုက ဒီအတိုင်းပဲ ဆက်လက်ဖြစ်ပွား မခေါ်မပြော အလှူပွဲမှာ တစ်ဝိုင်းထဲ ထိုင်ရတော့ အားနာလို့ စကားစပ်မိ ပြောမိပြောရာတွေပြန်ပြောကြ လွမ်းတေးချို ၂၉ သြဂုတ် ၂၀၁၆

ဘန်ကောက် ၃

၅၁ လိုလိုင်းကားတွေပေါ်က   အကြွေစေ့ဘူးလေး ငါငေးတယ် စပယ်ယာ အန်တီကြီးက ပြုံးပြတယ်  ကားနည်းနည်းကြပ်မယ်နော်တဲ့ အပင်တွေကို ပုံသွင်းထားတာ မိုးမျှော်တိုက်ကြီးဟီးလို့ ရာသီမရွေးတဲ့သစ်သီးတွေဆိုတော့ ရွေးစရာ မရှိဘူး ဖုန်းကြိုးတွေက မျက်စိနောက်စရာ အမှိုက်တွေက ဘာမှန်းမသိ ငြိစရာချည်း ငါတစ်ခုခု လိုနေတယ် အောက်မေ့တယ် လွမ်းတေးချို ည ၁၀း၃၄ နာရီ ၂၆ သြဂုတ် ၂၀၁၆

လက်ဖက်

ဟိုးတုန်းက အငြင်းပွားမှု ကို ကျေအေးစေတဲ့ အထိမ်းအမှတ်စားဖွယ် လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမယ်ဆိုတာရှိသေး ရှမ်းပြည်မှာ မွေးခဲ့တော့ ချစ်သူရဲ့  လက်ဖက် အညွှန့် နှပ်ကလေး ကိုမျှော်ရ တောင်တက်နှေးခဲ့ရတဲ့ ရက်တွေ ။ မျက်နှာလုပ်လို့ရတဲ့ အလှူ လက်ဖက် အဖွားကြီးသုပ်လို့လည်း ခေါ်တတ်သေးရဲ့  ဆွမ်းကျွေး ၊ ရှင်ပြု ၊ ထိမ်းမြား မင်္ဂလာရှိလာတဲ့ အစားအစာ အခုတော့ ဝေးဝေးတစ်ခါ ကြုံရ ဆုံရ တယ်။ ဧည့်သည်လာလည်း ဒါပဲ ကိုယ်သွားလည်ရင်လည်း ဒါပဲစားရ အခါးရည်ဆိုတာလည်း ဒီအရည် လက်ဖက်ရည်ဖျော်တော့လည်း ဒါပဲ အိပ်မငိုက်အောင် လက်ဖက်စားခဲ့တယ် အဆောင်ရှေ့ မှာ ဂစ်တာတီးတော့လည်း လက်ခုပ်သံနဲ့ လက်ဖက်သုပ်ကလေးကို မျှော်ခဲ့ရ ။ နတ်တွေလည်း လက်ဖက်နဲ့မကင်း ကန်တော့ပွဲမှာလည်း လက်ဖက် အသီးမှာ သရက် အရွက်မှာ လက်ဖက် ကြီးကြီးကျယ်ကျယ်ပြောခဲ့တယ် မြန်မာပြည်မှာနေရင် လက်ဖက်နဲ့ ကင်းလို့ မရ ။ လွမ်းတေးချို ၁၅ ဇူလိုင် ၂၀၁၆

စစ်

ဆက်ဆက်ပြောနေလို့ စောစော မပြတ် နိုင်ဖြစ်နေရတာ ကျောချလို့ ဓားပြမှန်းလည်းသိ အဲဒီ ဓားပြတွေကလေ နယ်မြေခွဲဝေတာကို ငြိမ်းချမ်းရေးခေါ်သတဲ့ ရင်ဝဆောင့်ကန်သွားသူနဲ့ ကျောချတဲ့သူ သေဒဏ်နဲ့ -င်ခံ ဘာရွေးမလဲဆိုတာမျိုးပဲ အဲဒီ မြေဇာပင်တွေ ဘ၀က မြေစမ်းခရမ်းပျိုးဆိုသလို ငြိမ်းချမ်းရေးပန်းအတွက် စစ်ဟာ အရန်သင့်စားဟင်းတစ်ခွက် အဲဒီကတိတွေဟာလေ သရေကွင်းချည်ထားတဲ့ ကြက်ပေါင်ဘောလုံးလို ကိုယ့်ဆီရောက်မလာ ပေးတဲ့သူဆီ ပြန်ရောက်သွား…။ လွမ်းတေးချို

စတိဂျော့

ဘယ်လိုပြောရမလဲ ဆိုတော့ ခင်ဗျားက ပန်းသီးကြီးပေါ့ သဘာဝ အပင်ကထွက်တဲ့အသီး နဲ့ ခင်ဗျားရဲ့  စက်ပန်းသီး ပန်းသီးလေးတစ်လုံးလောက် လိုချင်တယ်လို့ ညည်းကြသူတွေပေါလာရဲ့  ခင်ဗျားဟာ ဆေးထိုးကြမ်းသူပဲ ။ ခင်ဗျား ရဲ့  ဘရန်းဟာ လူတွေခေါင်းထဲမှာ စိမ့်ဝင်လို့။ ရွှတ်နောက်နောက်နေတတ်သူကြီး အငိုသန်သူကြီး ဘာတဲ့ ကျောင်းတော်ကြီးမှာ ခင်ဗျားလည်း ကျုပ်လို ပေါက်ကရ လေးဆယ်တွေ လုပ်ခဲ့တယ် ဟုတ်လား။ ဒီတစ်ခုနဲ့ တင် ခင်ဗျားလည်း ကျုပ်သိပ်လေးစားရ။ ကားဂိုဒေါင်လေးထဲမှာ စခဲ့တဲ့ ပန်းသီးဟာ လူတိုင်းပါးစပ်ဖျားပေါ်ကမဆင်းတော့ ခင်ဗျားဟာ သွေးအေးရက်စက်သူကြီးဆို တမလွန်မှာ ကော ခင်ဗျားဘာတွေထွင်ဖို့ ကြိုးစားပြန်ပြီလဲ။ လွမ်းတေးချို

အထက်ပိုင်းပြက်လုံးတော့ရောင်းပါ အလကားဆိုမလိုချင်ဘူး

ရေထဲမှာ မီးတွေထတောက်တယ် တွေ့လား အရက်ဆိုတာ အဲလိုမီးတောက်မှလို့ ဆိုလိုက်တယ် မီးလောင်တတ်တဲ့ ရေတစ်မျိုး ဟာ အရက်ပဲ စီးကရက်ကို ဘူးထဲ မထည့်မိတဲ့အခါ အိမ်ယာခင်း တစ်ခုလို တွန့်ကြေနေတယ် အရသာဟာ ဖွယ် တယ် ဒီအကြောင်းကို Passive smoker တွေသိမှာမဟုတ်ဘူး။ နံရံကိုမှီပြီး စဉ်းစားတယ် စဉ်းစား သမျှဟာ နံရံကို မှီပြီး ထွက်လာတာမဟုတ်ဘူး မြေဖြူခဲတွေနဲ့ စက္ကူပေါ်ချရေးပစ်တယ် လည်ချောင်းမရှင်းဘူး အဆောက်အဦးတွေ ထဲမှာ မီးပျက်နေတယ် ဒါဟာမှောင်ရိပ်ခိုသူတွေ တည်ရှိရာပဲ အသက်မွေးဝမ်းကြောင်းအတည်အကျ မရှိလို့ ရဲဖမ်းခံလိုက်ရတယ် ရယ်စရာမဟုတ်ပဲ ရယ်တယ်နော်လို့ ရယ်ရင်း ကိုယ့်ကို ပြောရှာတယ် သူသိပြီးသား ပြက်လုံးတွေချည်း ကိုယ်ပြောမိတယ် တစ်ဝက်တစ်ပျက်မှာ သိပြီးသားကြီး ဆိုတာမျိုး ကိုကြုံရတယ် အထက်ပိုင်းပြက်လုံး နည်းနည်း ရောင်းကြပါ။ အလကား ရရင် လူတွေ မရယ်မှာ စိုးရတယ်။ လွမ်းတေးချို ၁၆.၆.၂၀၁၄ ၃နာရီ ၃၇ မိနစ် (ညနေပိုင်း)

စင်လုံးကျွတ်ပန်းတွေပွင့်တုန်းက

ဟောဒီမှာလေ ကျမ သီချင်းဆိုဖို့ လာတာ သိလား ခစ်ခစ် ရှင်တို့က ကျမ အသံကိုလည်း နားမထောင် သောက်နေကျမဟုတ်တဲ့ စီးကရက်တွေသောက်လို့ ရှင့်နံဘေးက လူကြီးက ဘီယာခွက်ရေ များလေ ကျမတို့ပိုလှလေပဲတဲ့ ရှင်ဝတ်ထားတဲ့ စတစ်ကော်လံ အဖြူရောင်က ရှင့်အားပေးပုံနဲ့ မလိုက်ဖက် ပန်းကုံးတွေဟာ ဘ၀မဟုတ်ဘူး အဲဒါတွေက ဘူးရှစ်တွေ အဲ့လီ့ဖန့် ရှစ်တွေ ပဲ လာစွပ်တာ ရှင့် လခ ဟာ ကျမ တစ်နေ့ဝင်ငွေမရှိဘူး ရှင့်ကို ကျမငေးကြည့်နေရင်း ညှို့ ကွင်းမိနေတဲ့ သားကောင်ကိုမြင်ရ ကျမ သက်သာပါတယ်။ မကြာခဏ သီချင်းတောင်းခံရတယ် စင်လုံးကျွတ် ပန်းကုံးတွေ အကြိမ်ကြိမ်ပေါ့ ဒါဟာ ကျမ အတွက် နှောင်ကြိုးတွေဖြစ်လာတာ ကျမလည်းသိပါ့ ရှင်က ကျမ အတွက် ပန်းကုံးတစ်ကုံးဟုတ်လား ဘီယာ လေးအသာသောက် အိမ်ပြန်ပြီးမှောက်လိုက်ပါကွယ် ရှင့်စာအုပ်တွေလား ရှင်ပြောလို့သာ ကျမကြားနေရ ရှင် ရယ် ပုဆိုးပြင်ဝတ်လိုက်စမ်းပါ။ တိုးတိုးတိတ်တိတ်အားပေးပါ။ ဒီနေ၀င်ရင် ဒီနေ ပြန်ထွက်ပေမယ့် ဒီနေ့ ထက် သေချာတာ ဘာမှ မရှိတော့ ကျမ ဒီမှာ သီချင်းဆိုနေတယ်။ စိတ်လက်ကြည်သာ တဲ့အခါ ၀မ်းပန်းတသာ ပြုံးပြဖြစ်တယ် ရှင်မော့လိုက်တဲ့ ဘီယာခွက်ထဲ အပြုံးတွေဝင်သွားရဲ့  မဟု...

ဒဂုံစင်တာရှေ့ မှာဆိုတဲ့ သီချင်း

ဆက်ပြီးပြောချင်သေးတယ် မီးပွိုင့်မှာ မီးနီရက်နဲ့ ပြိုင်ကားတွေဖြတ်သွားကြတယ် လူကြီးသားတွေလား ပေါ့ ငါ့အတွေးထဲမှာ အဲဒီကောင်တွေကိုမုန်းတဲ့အခံရှိတယ် ငါ့လွယ်အိတ်ကလေးကို ထိုင်နေတဲ့အုတ်ခုံပေါ်တင်လိုက်တယ် ဒုက္ခတွေလွယ်ရတာ ပင်ပန်းပါတယ် ငါစောင့်တယ် စိတ်ဆိုးပြေမလားလို့စောင့်တယ် တဖြည်းဖြည်း ကြီးထွားလာတဲ့ ဒေါသကို ထိန်းထားရတယ် ငါ့တုန်းက ဆိုရင်… ဖုန်းမကိုင်ပဲ မနေဘူး ရေသန့်ဘူးက ၀ယ်လို့မကုန်နိုင်ဘူး တတ်နိုင်သလောက်တော့ ငါမူးပစ်တယ် ငါစားထားတဲ့ အစားက အစာကြေလွယ်မယ် ငါ့ဒေါသကြောင့် အစာချေရည် ထွက်မယ်ပေါ့ ငါ့လက်စွပ်ကို ငါမသိလိုက်ပဲ အယူခံရတယ် ပျောက်သွားပြီ မလား ဆိုတာကို အထပ်ထပ်အမေးခံရတယ် ငါ့မှာ စဉ်းစားလို့ကို မရဘူး ရှိုးပွဲ သွားကြတယ်တဲ့ ငါ့မှာ တစ်ယောက်တည်း ကြေကွဲလို့မဆုံးဘူး ငါ့ လက်မောင်းတွေမှာ မီးတောက်တယ်ဆိုတာလည်းမရှိ ငါ့မှာချွေးတော့ထွက်တယ် ဘုရင်ဖြစ်နိုင်ချေ ရှိလားတော့ငါမသိ တဖြည်းဖြည်းငါ့ဆီ သုံးသပ်ချက်တွေရောက်လာတယ် ငါ့ကို သုံးပြီး သပ်တင်သွားသလား ငါတွေးရ အင်္ကျီ တွေချွတ်ထားမိတယ် ငါထိုင်နေရတဲ့ အခန်းက အဲယားကွန်းမရှိဘူး တံခါးဖွင့်သံကြားတယ် ငါ့ကိုယ်င...

စိတ်ပျက်လက်ပျက်

ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ခြင်းခံရတဲ့အခါ သင်ပျော်နိုင်မလား ကိုယ့်ကို ရည်ရွယ်ချက်ရှိရှိမျှော်တဲ့သူရှိရင် အကြွေးရှင် ပဲဖြစ်နေပါစေ  လောကကြီးဟာ အဓိပ္ပာယ်ရှိတယ် တစ်ယောက်တည်းနေရင်း တစ်ယောက်တည်း ဘ၀ ကို ရောက်ရောက်သွားတယ်။ ရွက်ဆုတ်ပြက္ခဒိန်က ဇန်န၀ါရီ ၁ ရက် က တက်မလာဘူး ကိုယ့်မှာ ခွေးဖြစ်ခံပြီးပေါင်းမည့်သူ ရှိပါသလား ကိုယ်တွေ ဟာ ကိုယ်တွေ့ သိပ်များလွန်းလှပြီ လူရာဝင်ချင် ရင် လူတွေနဲ့ နေမှ ရမယ် မျက်လုံးစုံမှိတ်လိုက်တိုင်း ချန်ရစ်ခြင်းခံရတာဟာ ဒဏ်ရာဖြစ်လာ ဒါဟာ ထရန်မာ အသေးစားပေါ့ သက်ပြင်းတွေ က လေပြင်းတွေလိုတိုက်တယ် ကိုယ့်ကို ချက်ချင်းကယ်ပါ။ ချိတ်ထားတဲ့ အနွေးထည်ဟာ ရန်ကုန်သဘာဝ ဖုန်တက်လို့ ကိုယ့်ကို ၀တ်မည့်သူမရှိဘူး။ သက်ပြင်းချွေတိုင်း ချက်ချင်းသေရမယ်ဆို ကိုယ့်အသက်ဟာ မိုင်းနပ်စ် လက္ခဏာ ပြမယ် Enter တစ်ချက်ခေါက် မီးဟုန်းဟုန်းတောက်စေမယ်လို့ ကိုယ် မရည်ရွယ်ဖူး ငှက်တွေဟာ တောင်ပံကျိုးတဲ့အခါ သေရုံပေါ့။ ခြင်တွေဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြတယ်။ တစ်ဝါးဝါး သမ်းလိုက်တိုင်း မျက်ရည်ထွက်ကျလာတယ် ဒါဟာ မူမှန်ဟုတ်ရဲ့ လား။ အဆင်ပြေအောင် ဆံပ...

Public မဖွင့်ရဲတဲ့ကဗျာ

လူမျိုးဘာသာမရွေး သုံးဆောင် နိုင်သည်လို့ အခန်းဝ မှာ စာကပ်ထားလိုက်တယ်။ ရှင်ကတော့ မထူးခြားသလို ကြည့်နေဦးမှာမလား ကမ္ဘာကြီး ဟာ လူမျိုးဘာသာမတူလို့ ခံယူချက်တွေမတူလို့ စစ်ပွဲတွေဖြစ်ရတာမဟုတ်လား ကျမ တို့ကတော့ စစ်ပွဲ တွေကို ရပ်တန့် ပစ်နိုင်တယ် ဆိုတာ ရှင်ယုံရဲ့ လား ဘာရယ်တော့မဟုတ်ပါဘူး ရှင့်နားနေတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်လာတာပါ။ ရှင်ကြည့်တဲ့ ဘောလုံးပွဲတွေဟာ ပယ်နယ်တီဆိုတာ သိပ်ရှား ကျမ ကတော့ ပယ်နယ်တီကို ဖမ်းရတဲ့ ဂိုးသမ ကျွမ်းကျင်သူတွေသာ အမှတ်ပေးဇယားထိပ် တန်းဆင်းဇုန်ကို ကျမ ရောက်မသွားသေးဘူး။ ရှင့်စိတ်တွေ ဂယောက်ဂယက် ဖြစ်တဲ့အခါ ဒီကို လာခဲ့ပါ။ ဂိုးသွင်းကောင်းတဲ့ ကိုကိုဆိုတဲ့ သီချင်းဟာ ရှင်နဲ့ ကျမှ ကျမ ဆိုနေကြ သီချင်းဖြစ်လာမှာ ဆေးစစ် ရမယ် ဟုတ်လား အိမ်ဖြည့်ဝင်ကန်ရတဲ့ ရှုံးလည်းထွက၊်နိုင်လည်းထွက်ပွဲစဉ်တွေလိုပေါ့ အဖြေသိလည်း ထူးဦးမှာလား ။ လွမ်းတေးချို ၁၂ နာရီ ၃၃ မိနစ် (မွန်းလွဲပိုင်း) ၂၁.၄.၂၀၁၄

တွေးမိတွေးရာ

ပျော်စေ ပျက်စေလို့ စပြောတယ် ပျော်စေဖို့ ပျက်ရာက စတယ် ကျွန်တော် ဆေးလိပ်သောက်တတ်သွားတယ်။ ယားတိုင်း ကုတ်ချင်တဲ့နေရာက အခန့် မသင့်ဘူး ဒါကြောင့် လူတွေရဲ့  ဗန်းစကားက ဒီလူ ဖင်ယားတာပဲလို့ ခေါ်ကြသတဲ့ ကမ္ဘာကြီးဟာ ရွာတစ်ရွာဆိုတော့ နိုင်ငံခြားသွားတယ်ဆိုတာ ရွာထဲ လမ်းလျှောက်ထွက်တယ် မှတ်ရမယ်လေ ဤနည်းဖြင့် သင့်အတွေးအခေါ်ဟာ အင်တာနေရှင်နယ် ဆန်လာခဲ့ပြီ။ လွမ်းတေးချို 

ရှာဖွေဆဲ

ရန်ကုန်မြို့  ကြီးကို ဘယ်အချိန် တံခါးပိတ်မလဲ ငါမေးတယ် ငါဒီကို မလာခင်ကတည်းက ကြိုတင် အကြောင်းကြားတယ် ငါ့ကို နေရာထိုင်ခင်းကောင်းကောင်းမပေးဘူး ရန်ကုန်ဟာ တွေ့သမျှ မျက်နှာလိုက်နေရတဲ့ မိန်းမပဲ မပျော်တော့ဘူးလို့ အခါခါ ပြောတယ် တောင်ကြီးမြို့  ကလည်း ထမ်းထားရတာလေးတယ်လို့ ဆိုပြန်တယ် ဘယ် အိပ်ယာခင်းမှ လက်မခံတဲ့ ကြမ်းပိုးလို ဘ၀က ပိန်ခြောက်လာပေါ့ တံတွေးမြို မိတယ်   မျဉ်းကြားက လက်ဖြတ်ကူးသူတွေကို ငါ ပြူးကြောင်ကြောင် ကြည့်တယ် အိပ်ရတာ နေ့ ညမကွဲဘူး မြန်မာပြည် ပြင်ပက မြို့  တွေကလည်း   ငါ့ကို ဒိန်ခဲတွေ၊ အုတ်နီခဲ လောက် မာတဲ့ ပေါင်မုန့် တွေနဲ့ ဧည့်ခံတယ် ငါ မနှစ်မြို့  တဲ့အထဲမှာ ခြင်တွေပါတယ် ခြင်တွေကြောင့် သွေးလွန်တုပ်ကွေးဖြစ်တယ်လို့ ငါထင်နေတယ် ညအိပ်တိုင်း ခြင်ထောင် မထောင် ဖြစ်ခဲ့ တာ ငါမှတ်မိ သွေးလွန်တုပ်ကွေးခြင်ဟာ နေ့ခင်းမှာ ကိုက်တယ်ဆိုတာ ငါသိရ ငါ့ကိုယ် ငါ အဖြေရှာမတွေ့ ဘူး။ အအေးဆိုင်ထဲမှာ ခပ်နွေးနွေးဖြစ်နေတဲ့ အအေးကို သောက်နေတယ် အအေး ဆိုတာကို နာမည် ဘယ်သူပေးထားမှန်းငါမသိဘူး ရက်ပ် သီချင်းတွေ တရစပ် နားထောင်တော့ ငါ့ကို...

စင်တင်

အင်္ကျီ အနီဝတ် စည်ပိုင်းမလေးက နဂါးနီသီချင်းကို ဆိုတယ် ပျော်ရွှင်ခြင်းတွေ ရောက်လာတယ် ပန်းကုံးတွေ သူမ ရသွားတယ် ယနေ့ကြွလာမိတ်သဟာ ကျန်းမာကိုယ်စိတ်မြဲပါစေ အဲဒီကောင်မလေးပေါ့ အသံလေးချိုမြ သူ့ကို ၀ိုင်းငေးကြည့်တဲ့အကြည့်က မူးယစ်စူးရှ ဘယ်မှာနေမလဲဆိုတာ စူးစမ်းမိ ကမ္ဘာကြီးရဲ့  တစ်နေရာပေါ့တဲ့ စကပ်တိုလေးဝတ်ပြီး သူ့ကိုယ်သူ လုံအောင်ဖုံးရှာတယ် ဘီယာခွက်ထဲက အမြုပ်တွေ ဘယ်သူထည့်သွားသလဲ အဲလိုပဲပေါ့ ကောင်မလေးတစ်ယောက် ကို ဒီနေရာ ရောက်စေခဲ့တယ်။ စင်ပေါ်တက်ခါစကတော့ လက်တွေတုန်တာပေါ့ ဒူးတွေတုန်တာပေါ့ စင်နောက်ဖက် ကီးဘုတ်သမား နား ကပ်ကပ်သွားတာ သီချင်းတွေဆိုတာ ငွေထုတ်ပေးတဲ့စက်တစ်မျိုးပေါ့ အဲဒီထက်ရောင်းကောင်းတဲ့ စက်ကတော့ ဖော်ထုတ်တင်ပြရမယ်ဆိုတာပါပဲ ဇာတ်ကြောင်းပြန်ပြောရလောက်အောင် လွမ်းစရာ မရှိပါဘူး ရှင်လည်း ခံတွင်းတွေ့ ဇာတ်လမ်းတွေ ကြားခဲ့ပြီးဖြစ်မှာပါ ဘယ်လိုပဲပြောပြော ဆင်းရဲမွဲတွေမှုဟာ ဒီနေရာမှာ ခေတ်စားပါတယ် ရှင်ကလည်း အ တတ်ရန်ကော ဒီနာမည်က အစစ်ဖြစ်ပါ့မလား ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်လည်းဆိုး လူထက်လည်းဆိုး နွားကွဲတော့ ကျားဆွဲတယ် နွားထဲက က...