Posts

Showing posts from August, 2017

အာဖရိကမှာ ဘုရားသခင်ဟာ ရူးနေတာဖြစ်ရမယ်ဆိုတဲ့ ဇာတ်ကား

ပထမဆုံးငါသိခဲ့တာက  ပုလင်းတစ်လုံးပဲ ကောင်းကင်က ပြုတ်ကျလာတာ လူတိုင်းတအံ့တသြ ငေးကြည့်ရတာ အပေါ်ပိုင်း ဗလာကျင်းနဲ့ လူသားတွေ လူတွေရဲ့  ဒေါသ ၊ ယှဉ်ပြိုင်မှု ၊ မနာလိုမှုတွေဟာ သူတို့ဆီရောက်ခဲ့တယ်။ ပုလင်းတစ်လုံးဟာ ဆုလာဘ်ပဲ ပုလင်းတစ်လုံးဟာ နတ်ဆိုးပဲ လမ်းလွှဲပြီးရောက်လာတဲ့ကျိန်စာ မျက်နှာတွေကို မိတ္တူဆွဲပြီး ထုတ်လုပ်ထားသလား ငါကြည့်လိုက်တိုင်း သူတို့တွေက တစ်ပုံစံတည်း ဒါဟာ ငါသိခဲ့တဲ့ ခါလာဆူး ခင်ဗျားလည်းသိချင်သိနေမှာ လွမ်းတေးချို

ကျေးဇူးတင်နေရတာကိုက ကျေးဇူးတင်နေရတယ်

ကျေးဇူးတင်နေရတာကိုက ကျေးဇူးတင်နေရတယ် ဆင်ပါးစပ် အပက်ခံရတဲ့ နှမ်းတွေကို ငါတို့တွေ မျှစားနေရတာ ငါတို့တွေ နှမ်းဝိုင်းကြဲနေကြတာ ဆင်ပြပွဲတွေက များတယ်ကွာ တစ်ခါတစ်ခါ ဆင်တွေဟာ သူတို့ကိုယ်သူတို့ ဆင်ဆိုတာ မေ့သွားပြီး တစ်ခါတစ်ခါ ဆင်တွေဟာ သူတို့ကိုယ်သူတို့ ကြွက်တစ်ကောင်လိုသိမ်ငယ် နှမ်းတွေလာပြီဟေ့ဆိုတာနဲ့ ရူးရူးနှမ်းနှမ်း ကြွက်ဖြစ်တဲ့အကြောင်းပြောကြ နှမ်းတွေဟာ ဆင်တစ်ကောင်ကို မှန်ထောင်ပြဖို့လာခဲ့တာ နှမ်းတွေဟာ ဆင်လိုမစွမ်းဘူး နှမ်းကြဲသူတွေက ၀တ်ကောင်းစားလှတွေနဲ့ နိုင်ငံတကာပွဲတွေမှာ တပြုံးပြုံး ဆင်တွေက ငေးငေးရီရီ ကြည့်တယ် ကိုယ့်နှာမောင်းကိုယ်ပြန်မပြီး နှမ်းကြဲသူတွေကို ကျေးဇူးစကားဆိုတတ်တဲ့ဆင်တွေ ဆင်တွေဟာ နေရာတိုင်းမှာတွေ့ရပေမယ့် နေရာတိုင်းဟာ ဆင်တွေအတွက်မဟုတ်ဘူး နှမ်းဝိုင်းကြဲသူတွေလည်း ဆင်မျိုးနွယ်စုတွေပါပဲ သူတို့လည်း ကြာလာတော့ သတိရတစ်ချက် မရတစ်ချက်  နှမ်းကြဲခြင်းအတတ်ကျွမ်းရင် နှမ်းသူဌေးဖြစ်လာမယ်ဆိုတဲ့ဘ၀င်နဲ့ နိုင်ငံရပ်ခြားကို ပညာတော်သင်သွားကြတယ်ဆိုလား တဝေးတစ်လံကနေ အပြေးပြန်လာခဲ့တဲ့အခါ အမောဆို့ရတယ် နိုင်ငံရပ်ခြားမှာမှ နှမ်းမကြဲဖူးရင် ဒီနေရာ မလာနဲ့လို့ နှမ်း...

ခရီးက အခုမှစတာ

ခရီးက အခုမှစတာ  ကန္တရထဲလည်း မရောက်ဖူးဘူး အမြင့်ဆုံးတောင် ဆိုတာလည်း မတက်ဖူးဘူး ပင်လယ် အကြောင်းမပြောနဲ့ အုတ်ကန်ထဲမှာ တောင်  ရေမကူးဖူးဘူး ရေလည်း မကူးတတ်ဘူး ခပ်တည်တည်နဲ့ ကဗျာထဲ ထည့် ရေးပစ်လိုက်တာပါပဲ  ဆော်လမွန်ငါးတွေနဲ့ မနေ့ကပဲ တွေ့ခဲ့သလိုလိုနဲ့ ဈေးထဲက ငါးတောင် စုံအောင် မမြင်ဖူးဘူး မင်းကို မမေ့ဘူးလို့ ရေးတယ် ပြီးတော့ အိမ်သော့ပျောက်လို့ လိုက်ရှာရတာ မောလိုက်တာ တစ်ခါတစ်လေ အပိုဆာဒါးလေးတွေနဲ့ နဂို ထက်ပိုပြီး ၀ါကြွား ရေးသားနေရတာပါပဲ မျက်စိတွေမှိတ်လိုက်တိုင်း မြင်ယောင်တယ်ဆိုတာလည်း အခါတစ်ရာမှ တစ်ခါ ပါကွာ စိတ်ကူးထဲကနေ ခုန်ပြီးထွက်လိုက်တော့ မင်းရော ငါရောမှာ ဖုန်းလိုင်းတွေ မမိဘူး တကူးတက ဆက်သွယ်ဖို့ မကြိုးစားကြဘူး တွေ့တဲ့အခါ တွေ့ကြပြီး မတွေ့တဲ့အခါ မတွေ့ကြဘူး ဖုန်ဝင်သွားမှ မျက်ရည်ဆိုတာကျ ရတာပါ အရှိတရားဆီပဲ သွားရအောင်ကွယ် ရုပ်ရှင်အတူကြည့်မယ် မကြိုက်တော့ရင် ပိတ်ပစ်မယ် အိပ်ယာခန်းတွေ လည်း ကျော်ရစ်ကြည့် မနေတော့ဘူး ဘ၀ အတုကနေ ဘ၀အစစ်ဆီ ရောက်ဖို့ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ရတယ်ဆိုတာ ငါတို့သိခဲ့ကြပြီလေ ။ လွမ်းတေးချို ၁၃.၁၂.၂၀၁၆

ကဗျာစပ်တာလား ကဗျာက စပ်နေတာလား စပ်နေတဲ့ကဗျာ ခင်ဗျားတို့ဖတ်မလား

ကဗျာစပ်တာလား ကဗျာက စပ်နေတာလား စပ်နေတဲ့ကဗျာ ခင်ဗျားတို့ဖတ်မလား အမြဲနောက်ကျနေတတ်တယ် အိပ်မက်ဆိုတာ လည်း မက်လို့မဆုံးဘူး လိပ်ပြာလေးတွေ ပိုးတုံးလုံးလေးတွေပါ ထည့်ဖွဲ့ ကြေကွဲပြတယ် လွမ်းတဲ့အကြောင်းမပါရင်မပြီးဘူး လရောင်၊ ကြယ် ၊ ပင်လယ် ၊သစ်ရွက် ရေတံခွန်၊ ပြတင်းပေါက် ၊ စီးကရက် ၊ ပန်းအမျိုးမျိုး ကာလသုံးပါး၊ ကံသုံးပါး ၊ ရန်သူမျိုးငါးပါး ၊ဥတုသုံးပါး မျက်ရည် အကြောင်းအကျိုး ၊ နာမ၀ိသေသနတွေ ထည့်ထားတဲ့ကောင်းကင် တစ်ခုခုတော့ ထည့်ရမှာပဲ တံခါး တွေကို ဖွင့်တဲ့အကြောင်း ပိတ်တဲ့အကြောင်း မဖွင့်ဖြစ်တာ ကြာပြီဆိုတဲ့အကြောင်း မပိတ်ပဲ ထားခဲ့တာ နေရခက်နေတဲ့အကြောင်း အခန်း ကို ပုံစံအမျိုးမျိုးနဲ့ ရေးရတယ် ဘ၀ ဆိုတာကြီးကော လေတံခွန်တွေ ၊ ကြိုးတွေ လှိုင်းတို့ ၊ သစ္စာတို့ မပါရင် အချစ်ကဗျာ မမည်ပြန်ဘူး ဓာတ်ပုံ ကို ဟောင်းမလား ၊ အသစ် ရိုက်မလား ခေတ် ကြီးကို လည်း စောင်းပါးရိပ်ခြည် ထပ်ထည့် ကျောင်းအကြောင်းဆိုရင် လွယ်အိတ် ၊ ကျောပိုးအိတ် ၊ ထီး မဖြစ်မနေပါရမယ် စိန်ပန်းအစုံအလင် ကောင်မလေးအကြောင်းဆိုရင် အာရုံငါးပါးကို ကစားပြ အသံ = ဘယ်လိုလေးဟ အမြင် = ဘယ်လိုပုံလေးဟ အနံ့ = ဘယ်လို ရနံ့မျိုး ဟ အရသာ = ရှိသလား မရှိဘူးလား အထိအတွေ့ = ခံစားရပုံလား...

ဆယ်ဖီ

ဆယ်ဖီ  ဖောက်ခွဲပစ်လိုက်ဖို့လည်း  မလုံလောက်ဘူး ဆယ်ဖီ ဒါဆို ဘာကို စိတ်ပေါက်နေတာလဲ စကားတစ်ခွန်းလောက်ပြောခဲ့သင့်တာ  ဆယ်ဖီဟာ လူ့ကျင့်ဝတ်ကို မကျင့်ဘူး အထီးကျန်ခြင်းကို ဆယ်ဖီလို့နာမည်ပေးမယ် ဘယ်သူဟာ ဆယ်ဖီပဲ ဆယ်ဖီဟာ ပြန်မရောက်တော့မည့် နေရာ ဆယ်ဖီဟာ မျက်ရည်ခမ်းနေတဲ့ မျက်လုံး ဆယ်ဖီဟာ ပုံတုံးဆန်းကြောင် မယူခင်ကလို့ချရေုးပြီး ရမှမရသေးတာကို ဆက်ပြောရတာ လမ်းညွန်ဆိုင်းဘုတ်တွေဟာ လမ်းပေါ်က လူတွေအတွက်ပဲဆိုတာ ဆယ်ဖီသိခဲ့တယ် ဆယ်ဖီ ခိုးကြည့်တယ် သူခိုးသေဖော်ညှိကြည့်တယ် ငါးမျှားချိတ်က ငါးဟာ လွှတ်ခနဲ ခုန်ထွက်သွားတယ် ငါးကလေးအတွက် ချိတ်ကို ရိုက်ချိုးခဲ့တယ် ဆယ်ဖီက ငါမရပ်ပါဘူးလို့ ဆိုတယ် ဟားဟား လမ်းခွဆုံရောက်ပြီ တစ်လမ်းဟာ ပိတ်ထားပြီး နောက်က ဟွန်းတီးနေကြပြီ ဆယ်ဖီအိမ်ပြန်ခဲ့ရတယ် ကျမဆီမလာနဲ့ ဆိုလား ကြားတယ် တိုက်အမြင့်ကြီးကိုတက်တယ် ရောက်ခါနီးမှ သော့မပါလာဘူး ဆယ်ဖီဟာ လုပ်ရိုးလုပ်စဉ်တွေနဲ့ လမ်းဟောင်းမှာ အဆင်မပြေတာသေချာတယ် မီးခိုးငွေ့တွေဟာ ဆယ်ဖီ့ကိုသောက်သွားပြီ ဆယ်ဖီ ရေလောင်းတဲ့အပင်ရှိတယ် နှစ်ပေါင်းများစွာကြာမှ ရေမကြိုက်တဲ့အပင်ကို မြင်ဖူးခဲ့တယ် လွမ်းတေးချို ၁၅.၁၂.၂၀၁၆ ဆယ်ဖီ ၂ ကလီမန်ဂျားရိုး ဘီယာဟာ မြန်မာဘီယာလော...

နယ်ခြားတောင်ဘက်၊ နေမင်းအနောက်ဘက်

နယ်ခြားတောင်ဘက်၊ နေမင်းအနောက်ဘက် လို့ မိုးသက်ဟန် ဘာသာပြန်ထားတယ်။ မူရင်းစာရေးသူကတော့ မူရာကာမိ ။ ကံ့ကော်ဝတ်ရည်စာပေက ၂၀၁၅ နိုဝင်ဘာမှ ထုတ်ထားတာ ။ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ညွှန်းလိုပါတယ်။ ဇာတ်လမ်းကတော့ ပုံမှန်ချစ်ကွဲညား ဇာတ်လမ်းတစ်ခုထက်ပိုပါတယ်။ စစ်ပြီးခေတ် ဂျပန်ပြည်မှာ ကြုံတွေ့ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့  ဘ၀ကို သူကိုယ်တိုင်ဖွင့်ဟနေတဲ့ပုံစံမျိုးနဲ့ေ ရးထားတာ။  တစ်ဦးတည်းသောသားတစ်ယောက်ရဲ့  အဖော်မဲ့မှု ။ တစ်ချိန်တည်းမှာ တစ်ဦးတည်းသော သားတွေဟာ အလိုလိုက်ခံရမှု ။ တစ်ကိုယ်ကောင်းဆန်မှု ၊ ဖျက်လိုဖျက်ဆီး စိတ်ဓာတ်တွေရှိတယ်လို့ ပတ်ဝန်းကျင်က ယူဆမှု တွေပါ ထည့်သွင်းခြယ်မှုန်းထားတယ်။ ဘ၀ ရဲ့ အဓိပ္ဗာယ်ဆိုတာကို ရှာဖွေနေတာလည်း မဟုတ်ဘဲ အခြေအနေတွေရဲ့  ပြဌာန်းမှုအောက်မှာ ရှင်သန်ရင်း သာမန်လူသားတစ်ယောက်ရဲ့  အတွေ့  အကြုံတွေကို အတွင်းကျကျရေးပြထားတဲ့စာအုပ်။ အရွယ်ရောက်လာတဲ့ကလေးတစ်ယောက်ဟာ သူ့ရဲ့  သရုပ်သကန်အမှန်ဟာ ဘာလဲ ဆိုတာ ရှာဖွေဖော်ထုတ်ရေးသားပြတယ်။ ဥပမာ ။ ။ ၀တ်လစ်စလစ် ကိုယ်ခန္ဓာကို မှန်ထဲမှာ နေရာလပ်မကျန် ကြည့်ရှု့ တာမျိုး ။ ကိုယ်ဘာကြိုက်သလဲ ၊ ဘာဝါဿနာပါသလဲ ဆိုတာ သိပြီး အကောင်အထည်ဖော်တာမျိုး ။ ဆယ်ကေ...

၂၀၁၆ ရှင်းတမ်း

၂၀၁၆ ရှင်းတမ်း  ဘာတွေလုပ်ဖြစ်သလဲလို့ပြန်စဉ်းစားတိုင်း ဘာမှ အဖတ်မတင်သလိုခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်အားမရတဲ့နှစ်ပါပဲ ။ ဘောင်းဘီတွေဝတ်မရတော့ဘူး ။ အင်္ကျီတွေ ကြယ်သီးတပ်မရတော့ဘူး ။ ဖွံ့  ဖြိုးကြီးထွားလာတဲ့နှစ်လို့ အမည်ပေးရမှာပါ။ အားကစားနည်းနည်းလုပ်ဖြစ်ပြီး ပြန်ရပ်သွားတယ် ။ ပြီးတော့ အစားအသောက်ဖက်ကို ဦးတည်ဖြစ်သွားတယ်ပေါ့ ။  မိသားစု ရခါစတုန်းက ဘာရယ်မဟုတ်ဘဲ စကားတွေများကြတယ်။ ကြီးကြီးကျယ်ကျယ်ရန်ဖြစ်စရာမရှိတော့ အိမ်မှုကိစ္စတွေမှာ သူလုပ်ငါလုပ်နဲ့ ကတောက်ကဆ ဖြစ်တော့တာပါပဲ ။ နောက်တော့ မီးပူတိုက်၊ အိမ်ရှင်းဖို့ လူတစ်ယောက်ဌားလိုက်တာတော်တော်လေး အဆင်ပြေသွားတယ်။ နှစ်ကုန်ပိုင်းရောက်လာလေလေ တစ်ယောက်နဲ့တစ်ယောက် ပိုအဆင်ပြေလာလေလေပဲ ။ တစ်ချို့ ကိစ္စတွေက သူကိုယ့်အပေါ်မျှော်လင့်ထားတာနဲ့ ကိုယ်သူ့အပေါ်မျှော်လင့်ထားတာ ထပ်တူမကျတာတွေပေါ့ ။ ဒါလေးတောင်မသိဘူးလား ။ ဒါလေးတော့သိသင့်တာပေါ့ တွေ ဖြစ်ကြပါရော ။ တစ်ယောက်ကိုတစ်ယောက် အဆုံးစွန်ထိတော့ ဘယ်သိနိုင်ပါ့မလဲ ။ စကားများများပြောဖြစ်အောင် ပိုကြိုးစားခဲ့တယ်။ ပိုလည်းနားထောင်ဖြစ်တယ်။ သူ့ကိုလည်း ဒီထက်ပိုပြီး နားထောင်ခြင်းအနုပညာကို မွေ့လေ...

တရားပွဲ

တရားပွဲ နှစ်နာရီလောက်စောရောက်  နေရာလုရင်း  ရန်ဖြစ်ကြတယ် # လွမ်းတေးချို တရားပွဲ  ၂ ဆယ်ဖီတွေဆွဲ  နီးစပ်ရာလူတွေ  သာဓုခေါ် ကြပါစေ # လွမ်းတေးချို တရားပွဲ  ၃ ဒရုန်းတွေက ခေါင်းပေါ်ဝဲ မီးတွေ ဖျတ်ခနဲလတ်လာ ဉာဏ်အလင်းတွေကို ဘာနဲ့ရိုက်မလဲ # လွမ်းတေးချို တရားပွဲ  ၄ နာမည်ကြီး ဆရာတော်ဆိုတော့ လူစည်တာပေါ့ ဦးခိုင်းတဲ့နေရာကို  စက္ကန့်မလပ်စောင့်ကြည့် # လွမ်းတေးချို တရားပွဲ  ၅ ဘာသာရေးလုပ်ပြီး စိတ်ဓာတ်မကောင်းရင် အဆက်အသွယ်ကို မလုပ်ဘူး  နှုတ်ခမ်းကို မောင်းတင်ထား # လွမ်းတေးချို တရားပွဲ  ၆ မိုးရွာတော့မည်  ရောက်ရောက်ချင်း ဆယ်ဖီဆွဲကြပါသည်  ဤသစ္စာ စကားကြောင့် မိုးမရွာပါစေနဲ့ ငင် # လွမ်းတေးချို တရားပွဲ ၇ ဘုန်းကြီးထက် မိုက်ကိုင်တဲ့ ဂေါပက က ပိုကဲ ဟိုလိုလုပ်လိုက်ပါဦး  ဒီလိုလုပ်လိုက်ပါလား # လွမ်းတေးချို တရားပွဲ  ၈ အမှိုက်ပုံမှာ ယင်အုံတာလား ပန်းချုံ မှာ ပျားအုံတာလား ဘုန်းကြီးက ဒီလိုဟောတယ် # လွမ်းတေးချို တရားပွဲ  ၉ မကောင်းမှုက လိုက်တယ် ကောင်းမှုက တံခါးမပွင့်သေးဘ...

ကောင်ဆယ်လာကြီးနဲ့စကားစမြည်

ကောင်ဆယ်လာကြီးနဲ့စကားစမြည် ရှင် ကျမ ကို မေးခွန်းတွေနဲ့ ဆွဲခါ လှုပ်ရမ်းလိုက်တဲ့အခါ ကျမ မပီမပြင် လျှို့ ဝှက်ထားတဲ့ ထရန်မာ တွေ ထွက်ကျလာတယ် အချိန်တွေကုန်သွားမှာစိုးတဲ့စိတ်နဲ့  ကျမ စကားတွေ ပြောနေခဲ့မိတယ် ဆရာ ရှင့် မျက်ဝန်းတွေက ကျမ ကို ယုံတယ်လို့ပြောတယ် မေးခွန်းတွေ သိပ်စွမ်းအားကြီးတယ် ပြီးတော့ ကျမ ရှင့်ရဲ့  အလုပ်ဖုန်းမဟုတ်တဲ့ ကိုယ်ပိုင်ဖုန်းနံပတ် လိုချင်တယ် ကျမ ရှင့်လက်ကို အားကိုးတကြီး ဆုပ်ကိုင်လိုက်တယ် ရှင်ရုန်းတယ် အဖြေကို ကျမ သိသားပဲ ရှင်ကျမကို စကားတစ်ခွန်းပြောတယ် အချိန် ပြည့်ပြီတဲ့ # လွမ်းတေးချို ၁၁.၃.၂၀၁၇ Dear Zindagi အိန္ဒိယဇာတ်ကား တစ်ကားကြည့်ပြီးချရေးမိသွားတယ်။

မပိုဘူး လိုပြီးရင်းလို

မပိုဘူး လိုပြီးရင်းလို တိုင်းပြည်တစ်ခုရှိမယ် လိုတာထက် ပိုလွမ်းရင် အဖမ်းခံရမယ် လွမ်းလားလို့မေးရင် လွမ်းတယ်လို့ပဲဖြေမယ် အရမ်းလွမ်းလားလို့မေးရင် အရမ်းလွမ်းတယ်လို့ပဲဖြေမယ် တိုင်းပြည်တစ်ခုရှိမယ် လိုတာထက် ပိုချစ်ရင် အဖမ်းခံရမယ် ချစ်လားလို့မေးရင် ချစ်တယ်လို့ပဲဖြေမယ် အရမ်းချစ်လားလို့မေးရင် အရမ်းချစ်တယ်လို့ပဲဖြေမယ် တိုင်းပြည်တစ်ခုရှိမယ် မင်းရော ကိုယ်ရော အတူရှိမယ် #လွမ်းတေးချို ၁၀.၃.၂၀၁၇ မပိုဘူး လိုပြီးရင်းလို ၂ ငါ့အနမ်းဟာ ရေတံခွန်လို အားကောင်းမောင်းသန် သူ့အနမ်းဟာ လေပြေညင်းလို နူးညံ့သိမ်မွေ့ နှစ်ဦးသားပေါင်းစပ်မိတဲ့အခါ ရေမှုန်ရေမွှားလေးတွေ လေဟာပြင်ထဲမှာလွင့်စင်ကျလာသလို ငါ့အလွမ်းဟာ ဘီယာနဲ့မြည်းလို့ကောင်းတဲ့ တွဲဖက်အစားအစာ သူ့အလွမ်းဟာ ဖုန်းခွက်လေးပေါ်က တီတီတာတာ နှစ်ဦးသား တွေ့ဆုံကြတဲ့အခါ စကားတွေပြောဖို့ လိုမှမလိုတော့တာ ဝေးလွန်းမက ဝေးရပေမယ့် ချစ်လွန်းမက ချစ်ရတာမျိုး ………။ လွမ်းတေးချို ၇.၃.၂၀၁၇

ပျော်ရွှင်ခြင်းကို ဘာနဲ့ဝယ်မလဲ

ပျော်ရွှင်ခြင်းကို ဘာနဲ့ဝယ်မလဲ ဒီတစ်နေ့တာအတွက် စကားလုံးကတော့ အရှုံးပါ ဆိုမှ ငါသိပါတယ်တဲ့ အကြည့်နဲ့ ထစ်ခနဲ စကားလုံးတွေနဲ့ ပစ်ပေါက် သူသိလိုက်ပါပြီ မိန်းမ ဆိုတာလည်း ခိုဝင်စား တစ်မျိုးပဲ အဆင်မပြေမှုက အငွေ့တထောင်းထောင်းထွက်ချိန်မှာ အဆင်ပြေမှုက ဆင်ဆာဖြတ်ခံလိုက်ရတဲ့ ဇာတ်ကား ကြည့်ကောင်းကောင်းနဲ့ဆက်ကြည့်လည်း ဘာထူးမှာလဲ တစ်နေရာပြီးတစ်နေရာ အလည်ရောက် ရောင်းမကောင်းတဲ့ စကင်နာ တွေက ဒုက္ခဆိုတာ လေးထောင့်ပုံးကြီးကွလို့ ဆိုတယ် အပြောင်းအလဲဆိုတာကို စတင်ဖို့ လက်ရှိအခြေအနေကို လက်သင့်မခံဖို့လိုတယ် ပိုက်ဆံမရတဲ့ အလုပ်သင်ဘ၀ကို အိမ်မဲ့ယာမဲ့ဂေဟာတွေမှာအိပ်ပြီး ၀ယ်ယူရတယ် ဒိုင်နိုစောကြီးတွေတွေ့လား သူ့ကလေးဟာ သူနဲ့လိုက်ဖက်ညီစွာ က ခဲ့တယ် အဆုံးသတ်ဟာ ရေအိမ်ထဲမှာ အိပ်စက်ခြင်း ပျော်ရွှင်ခြင်းကို ရယူစားသုံးခွင့် တဲ့ ဘယ်လိုလှည့်ကွက်တွေနဲ့ လွတ်လပ်ရေးကြေငြာစာတမ်းထဲ ထည့်ရေးခဲ့တာလဲ ကံ ဥာဏ် ၀ိရိယ တဲ့ ကံဆိုတဲ့ မမြင်ရတဲ့လက်မဲကြီးကို မုန်းလိုက်တာ ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းဟာ ဇာတ်လမ်းထဲမှာ ရောက်လာခဲ့တယ် ဖြစ်ရပ်မှန်အပေါ်အခြေခံ ထားပါတယ်တဲ့ လွမ်းတေးချို ၈.၁.၂၀၁၇ ၁၀း ၂၁ နာရီ (မနက်) pur...

လူပြိန်းတွေရဲ့ နားဟာ လိုသလို ပိတ်လိုက် ၊ စွင့်လိုက်

လူပြိန်းတွေရဲ့ နားဟာ လိုသလို ပိတ်လိုက် ၊ စွင့်လိုက် ဒီကောင်တွေက ဒီလိုပဲ ပြီးဆုံးသွားခဲ့တယ်မဟုတ်လား အဆင်ပြေရုံလောက်နဲ့ တော့ ငါတို့ဆီမလာခဲ့ပါနဲ့ ပြောပြောပြီး ကြွေခဲ့ရတဲ့ သစ်ရွက်တွေလည်း မနည်းဘူး မကြွေချင်ဘဲ ခြွေခံရတဲ့ သစ်ရွက်တွေလည်း မနည်းဘူး ငါတို့က ဆင်းရဲတယ် သိမ်းငှက်နိုင်ငံသားတွေက ဘ၀င်ရူးတွေ ဘ၀င်ရူးတွေကို လေထိုးပြီး ပင့်မြှောက်သူတွေကိုလည်းငါတွေ့ရ ဘ၀င်ရူးတွေကို ကြိတ်မှိတ်ပြီး တမ်းတ နေသူတွေကိုလည်း ငါကြုံရ ဘ၀င်ရူးတွေက ငါတို့ကို ကူဖို့လာတာတဲ့ တစ်ခါတစ်လေ ရွံစရာဆိုတာ မြင်နေကြအရာမျိုး ဟုတ်မနေဘူး ရွာနာတယ် ရွာဟာ နာသထက်နာလာတယ် လွမ်းတေးချို ၁၄.၃.၂၀၁၇ လူပြိန်းတွေရဲ့ နားဟာ လိုသလို ပိတ်လိုက် ၊ စွင့်လိုက် ၂ ရေချိုးပေးထားတဲ့ကြောင်ဟာ အကောင်ထွားလာတယ် ရေမချိုးရရင် ဖျားချင်သလိုဖြစ်လာတယ် ကြောင်အတွက် အထူးကု ဆရာဝန်ခေါ်ထားရတယ် ကြောင်ဟာ သူ့ကိုယ်သူ အထင်ကြီးလာတယ် သူ မရှိရင် မဖြစ်ဘူးလို့ထင်လာတယ် နောက်တော့ ကြောင်တွေဟာ တော်ဝင်မျိုးနွယ်ဖြစ်လာတယ် ပူဇော်ပသ ခြင်းခံရတယ် ကြောင်တွေဟာ ဆုံးဖြတ်သူတွေဖြစ်လာခဲ့တယ် ကြောင်တွေရဲ့ လက်ထဲမှာ အရာရာ အလုပ်မရှိ ကြောင်ရေချိုးတဲ့သူတွေ ရေးခဲ့တဲ့သမိုင်းပေါ့ ။ လွမ်းတေးချို ၁၄...

အဟွတ်အဟွတ် ချောင်းတွေဆိုးသွားပြီ

အဟွတ်အဟွတ် ချောင်းတွေဆိုးသွားပြီ။ ကျွန်တော်တို့တွေဟာ ဖုန်မှုန့်လေးတွေဖြစ်တယ် တစ်ခါတစ်ခါ စုပေါင်းမိတဲ့ အခါ ဖုန်ထ ပါတယ် ခွေးတွေ ခုန်တဲ့အခါ ဖုန်ထ တယ် ကားတွေ ဖြတ်သွားတဲ့ အခါ ဖုန်ထ တယ် တစ်ခါတစ်လေလည်း ထမင်းဝိုင်းမှာ အုပ်ဆောင်းအုပ်ပြီး အကာခံရတယ် ဖုတ်ဖတ်ခါပြီး ထွက်သွားသူတွေလည်းရှိရဲ့  စကြာဝဠာ ကြီးနဲ့ နှိုင်းရင် ကျွန်တော်တို့ဟာ သိပ်သေးငယ်တာပေါ့ အဲဒီဖုန်မှုန့်လေးတွေဟာ သိပ်ကြီးမားတဲ့ စကြာဝဠာ ထဲမှာ ရှိတာအသေအချာပေါ့ ကောင်မလေးတစ်ယောက် လက်ကလေးနဲ့ မျက်လုံးကို ပွတ်သပ် မျက်ရည်ကလေးဝဲတဲ့အခါ သေချာပြီ ဖုန်မှုန့်ကလေး နေရာမှားသွားပြီ။ အဲဒီဖုန်မှုန့်လေးတွေပေါ့ ရေနဲ့ အလောင်းခံ ရသတဲ့ အဲဒီဖုန်မှုန့်လေးတွေပေါ့ တံမြက်စည်းနဲ့ အလှည်းခံရသတဲ့။ အဲဒီဖုန်မှုန့်ကလေးတွေပေါ့ နေရောင်ခြည် အလင်းတန်းအောက်မှာ ထင်းနေအောင် မြင်ရသတဲ့ ကျွန်တော်တို့တွေဟာ ဖုန်မှုန့်လေးတွေဖြစ်တယ် တစ်ခါတစ်ခါ စုပေါင်းမိတဲ့အခါ ဖုန်ထပါတယ်။ လွမ်းတေးချို ၁၀ နာရီ ၅၆ မိနစ် (နံနက်ခင်း) ၁၈.၃.၂၀၁၄

ဘုရားစူးတောင်ကြီးသား

ဘုရားစူးတောင်ကြီးသား ဒီလိုပါပဲ ပရင်တာထဲက တိုနာတွေကုန်သွားသလိုပေါ့ ဖျစ်ညှစ်ပြီး ထုတ်လည်း ထွက်မလာသလိုမျိုးပေါ့ ပိုက်ဆံအိတ်ဆိုတာ ဒီလိုရာဇ၀င်မျိုးရှိသတဲ့ ဘီယာဆိုင်လေးထိုင် ရှိတာလေး ထုတ်ရှင်းချင်သေးရဲ့  ဘုရားစူးတောင်ကြီးသား တောင်ပေါ်သားပါလို့ အမြဲ ပြောတယ် တန်ဆောင်တိုင်လာလည် နော် ဆိုတာပါသေး မီးပုံးပျံ မကောင်းကြောင်း မပြောနဲ့ ဆဲနည်းတွေ မျိုးစုံ ပါ့ ဘုရားစူး တောင်ကြီးသား တောင်တန်းတွေပေါ်မှာနေတော့ ကောင်းကင်နဲ့နီးတယ် လိုတာထက်ပိုပြီးမြင့်မားအောင် မပြောတတ်တော့ ငါတို့တွေနိမ့်ပါးတယ်လို့ အမြင်ခံရတယ် ဘုရားစူး တောင်ကြီးသား စပယ်ယာဆီက ပြန်အမ်းငွေမတောင်းရဲတဲ့ကောင်ဆိုတော့ ရုံးတွေဂတ်တွေဆို ယောင်လို့တောင်လှည့်မကြည့်ဘူး ရွံစရာဟာ သူ့ဟာသူ သီးသန့်မနေဘူး ကမ္ဘာကြီးမှာ နေတာချင်းတူတူ ရပ်ကွက်စာရေးငေါက်တာလည်းခံခဲ့ရဖူးတယ် ဘုရားစူးတောင်ကြီးသား တောင်ကြီးကဆိုတော့ ရှမ်းလားတဲ့ တောင်ကြီးရုပ်မထွက်ဘူးနော်တဲ့ ဘုရားစူးတောင်ကြီးသားပေါ့ လွမ်းတေးချို 22 March 2017

တိတ်ဆိတ်ခြင်းဂီတ

တိတ်ဆိတ်ခြင်းဂီတ တံခါးက ပြောတယ် နောက်ကျခြင်း သီချင်းကို ဆိုလိုက်ပါတော့တဲ့ လမ်းကလေးက ပြောတယ်  သူသွားရတော့မယ်တဲ့ မီးအိမ်လေးက ပြောတယ် သူအိပ်ပါရစေတဲ့ ၀ါးပင်လေးက ပြောတယ် အပင်မြင့်တော့လည်း အခုတ်ခံရတာပေါ့တဲ့ ကဗျာက ပြောတယ် ကဗျာ မဆန်ပါရစေနဲ့တော့တဲ့ ပန်းကလေးက ပြောတယ် ရနံ့မွှေးချင်ရုံနဲ့ သူ့ဆီမလာခဲ့နဲ့တဲ့ အချစ်က ပြောတယ် မချစ်ရင်လည်း နေပါစေတော့တဲ့ အလွမ်းကပြောတယ် နားပါဦးလား တဲ့ ကျွန်တော် ပြန်ပြောမိတယ် တိတ်ဆိတ်ခြင်းဟာ အသံတစ်မျိုးပါပဲ လို့ လွမ်းတေးချို ၂၆.၃.၂၀၁၇

တောက်တီးတောက်တဲ့ကွာ တောက်တဲ့ဟာ ငါ့ကိုကြည့်နေတယ်

တောက်တီးတောက်တဲ့ကွာ တောက်တဲ့ဟာ ငါ့ကိုကြည့်နေတယ် ခေါင်မိုးမျက်နှာကြက်မှာ ဘာကောင်ဖြစ်မလဲ မသိဘူး ဓာတ်မီးနဲ့ထိုးကြည့်တယ် မလှုပ်မယှက်ငြိမ်နေတဲ့အကောင်  မင်းလည်း မင်းနေရာနေ ငါလည်းငါ့နေရာနေမယ် စည်းတွေမတားတာ ကောင်းတယ်လို့ငါသိခဲ့တယ် တော်တော်ကြာ အထဲရောက်နေတဲ့အကောင် ပြန်မထွက်ဘဲ နေရင် ဘယ့်နှယ့်လုပ်မလဲ ဟိုဖက်အခန်းက အသံတွေကြားတယ် တောင်ပံခတ်သံလိုလို လမ်းလျှောက်သံလိုလို ငါခန့်မှန်းမရတဲ့ အသံတွေနဲ့ ပြီးတော့ လူမရှိတာလည်း ငါသိနေတယ် ခေါင်းမြီးခြုံပြီးအိပ်တယ် ငါ့ညကို အဲ့ဒီအကောင်က ယူသွားပြီ ဗိုက်ထဲမှာ တစ်ခုခု ဆာလာသလို စာမေးပွဲအတွက် စာကြိုးစားသလို ငါ ကြိုးစားပြီးအိပ်တယ် အိပ်လို့ မရသေးတဲ့ငါ ငါမရသေးတဲ့ အိပ်စက်ခြင်း ငါတို့ဝေးနေဆဲပေါ့ တစ်ယောက်ယောက်နဲ့ စကားပြောရင် ငါပိုသက်သာမလား နာရီကိုကြည့်တယ် ၁နာရီ ခွဲ မဟုတ်သေးပါဘူး ရုတ်တရတ်အိပ်ပျော်သွားပြီး အကောင်အော်သံတစ်ချက်ကြောင့် ငါလန့်နိုးတယ် မနက်လင်းသွားပြီ ရှည်ရှည်လျားလျားတောက်တဲ့ဟာ ငါ့ခေါင်းရင်းမှာ လွမ်းတေးချို ၃၀.၃.၂၀၁၇

ကျွန်တော်နှင့်ပျင်းရိခြင်း

ကျွန်တော်နှင့်ပျင်းရိခြင်း ကျွန်တော်ပျင်းရိနေပါပြီ။ ဘာအလုပ်မှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင်ပျင်းရိနေမိပြီ။ ပျင်းရိခြင်းကို လည်း ပျင်းနေမိပြီ။ ဘာလုပ်ရမှန်းလည်း မသိတာနဲ့ ပျင်းပျင်းရိရိ နေလိုက်ပါတယ်။ ကျနော် မောလှပြီလေ။ ပျင်းရတာမောလှပြီ။ ရပ်ကွက်ထဲမှာ ပျင်းရိခြင်းကို ဘယ်သူတွေ ၀ယ်ယူနေတာလဲ။ ဘယ်သူတွေ ရောင်းနေကြလဲ။ ပျင်းရိခြင်းဟာ ဈေးကွက်ဝင် အရောင်းသွက်ပစ္စည်းဖြစ်တာ သေချာပါတယ်။ ပျင်းရိခြင်းမှာ ဒစ်စကောင့် ရှိပါသလား။ မျက်ခွံတွေလေးလံလာတဲ့အထိ ကျွန်တော် ပျင်းပစ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်ထဲက  သူတွေက ပျင်းနေကြတာလား။ လူတစ်ယောက်ပျင်းဖို့ အချိန်ဘယ်လောက်လိုလဲ။ ပျင်းရိခြင်းရဲ့  အခြားတစ်ဖက်ဟာ ဘာလဲ။ ပျင်းတကာ့ ထိပ်ခေါင် ပျင်း ရာဇာ ဆိုတာ ဘာကို ဆိုလိုပါ သလဲ။ အဲဒီ မျောက်ဖြူ လို ရုပ်ကြီးတွေကြည့်ဖို့ ကျွန်တော်ပျင်းလှပြီ။ အာဘောင်အာရင်း သန်သန် လူတွေကို ကျွန်တော်ပျင်းလှပြီ။ အသားဖြူ လွှလွှ ကောင်မလေးကို ငေးကြည့်ဖို့ ကျွန်တော်ပျင်းသွားပြီ။ သေဆုံးခြင်းဟာ ပျင်းရိခြင်းကို ကူညီရာရောက်မလား။ မထင်။ ကျွန်တော်မထင်ဘူး။ ရည်းစားဟောင်းကို မွေးနေ့ ဆုတောင်း မက်ဆေ့ခ်ျပို့ ဖို့ ကျွန်တော်ပျင်းသွားပြီ။ ပျင်းရိခြင်းကို စာမေးပွဲလို အမှတ်...

ရု မူရာကာမိ ရဲ့  စူး

ရု မူရာကာမိ ရဲ့  စူး ဆူးတစ်ချောင်းဟာ စိတ်ထဲကို စူးနစ်သွားတယ်။ စာအုပ်ဖတ်ပြီးသွားတဲ့အခါ ကျွန်တော့်ရင်ထဲမှာ ဆူးတစ်ချောင်းကျန်ခဲ့တယ်။ အဲ့ဒီဆူးဟာ တဖြည်းဖြည်းချင်းကြီးထွားလာခဲ့ပြီး အခုလို စာသားတွေအသွင်ပြောင်းသွားတယ်လို့ပဲ ဆိုကြပါစို့ ။ ဇာတ်လမ်းအစမှာ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဟာ ကိုယ့်ကလေးကို ရေခဲခွဲတဲ့စူး နဲ့ ထိုးမလို့ဆိုပဲ ။ ဆိုက်ကိုပဲ လို့ပြောရမှာပဲ ။ ဟုတ်တယ် ဇာတ်ကောင်ဟာ ဆိုက်ကို။ တကယ့်ကို ဆိုက်ကို ။ အဲ့ဒီ ဆိုက်ကို ဇာတ်ကောင်ဟာ တစ်စုံတစ်ယောက်ကို စူးနဲ့ နာကျင်အောင် မထိုးရရင် နေမထိထိုင်မသာ ခံရခက်နေတာ ။ ဇာတ်လမ်းကဖတ်ရင်းဖတ်ရင်း ဇာတ်ရှိန်တက်နေတာ ။ ဇာတ်လမ်းပြီးသွားတဲ့အထိ ဇာတ်ရှိန်က တက်တုန်း ။ အဓိက ဇာတ်ကောင်နာမည်က ကာဝါရှီမာ ။ သူ့ ကလေးကို စူးချွန်နဲ့ မထိုးလိုက်ရလို့ နှလုံးခုန်သံတွေတောင်မြန်လာတဲ့သူ ။ သူ့မိန်းမ က အစားအသောက်နဲ့ မုန့်ဖုတ်သင်တန်း ကို အိမ်မှာပဲခေါ်ပေးတယ်။ လက်မထပ်ခင်မှာ သူ့မိန်းမကို သူ့ဘ၀အကြောင်းပြောပြတယ်။ ဒါပေမယ့် ကောင်မလေးတစ်ယောက်ကို စူးချွန်နဲ့ ထိုးခဲ့ဖူးတဲ့အကြောင်းတော့ မပါခဲ့ဘူး။ သူ့ရဲ့  ငယ်ဘ၀က မကြာခဏ အမေရိုက်တာခံရတဲ့ကလေး ။ သူ့အမေက သူ...

နွေရောက်လာတော့

နွေရောက်လာတော့ ကျနော်တို့ တွေ့မိကြတယ် ညကို မတွယ်ငြိ နဲ့လို့ ကပ်တိုးလေး ပြောအပြီးမှာ ရှာမတွေ့ တော့လောက်အောင် ပျောက်ချက်သားကောင်းလိုက်ကြတယ် ဘုရားကိုလည်း မတ မိစေနဲ့ တရားကိုလည်း မတ မိစေနဲ့ အပူဟာ ဘာနဲ့မှ ကာ မရ မျက်စိမျက်နှာပျက်ပြီး ကောင်းသားပဲ မဆိုးပါဘူးတွေ တန်းစီသုံးလိုက်ကြတယ် အစစ်နဲ့ နီးဖို့အတွက် အတုစစ်စစ်တွေ စတေးပစ်ရတယ် နောက်တော့ တွေ့ဆုံခြင်းကို ရပ်ဆိုင်း ၊ ရှေ့ ဆက် ၊ ရုန်းထွက် သံသရာရဲ့  အရိပ်ဟာ ဘယ်လောက်ထိရှည်မလဲ မလွတ် ၊ မကျွတ် တဲ့ အချစ်ကြောင့် ဖျားရမယ် ပူမယ် လောင်မယ် ပူးမယ် လောင်းမယ် နှစ်ဦးသား ပူးသတ်တဲ့ အကွက်ဟာ ရေခံမြေခံပြောင်းသွား ပြတင်းကိုဖွင့်ထားမိတော့ အလင်းဟာ ၀င်လာတော့တာပါပဲ လျို့ ဝှက်ထားသောဇစ်ရဲ့  ဇစ်မြစ်ကို တိုးတိုးလေး ကူးခတ် ရှာတယ် ပြီးတော့ တိတ်တိတ်လေး လွမ်းတယ်လို့ပြောပြီး မပြောမပြီး ရင်ထဲမှာ မတီးဘဲ မြည်ခဲ့တဲ့ဗုံတွေ လွမ်းတေးချို ၁၀.၄.၂၀၁၇ ၉ နာရီ ၂၃ မိနစ် ( ညပိုင်း)

သင်္ကြန်

သင်္ကြန် မူးလို့မူးမှန်းမသိ အိမ်ပြန်ရောက်တော့ ခေါင်းမထောင်နိုင် ရူးလို့ရူးမှန်းမသိ ကိုယ့်ကိုယ်ကိုယ် ဖက်ရှင် သိပ်ကျတယ် ထူးတော့ထူးတယ် မူးလို့လည်းမ၀ ရူးလို့လည်းမ၀ လွမ်းတေးချို ၁၂.၄.၂၀၁၆ သင်္ကြန် ၂ ပထမဆုံးရေလောင်းသူဟာ ငါ ငါ့ကိုရေလောင်းတာလည်းနင် စိတ်ကူးဟာသိပ်လှ ဗွမ်း အိမ်နားက ကလေးတစ်ယောက် ဘယ်ကတည်းက ချောင်းနေလဲ မသိဘူး လွမ်းတေးချို ၁၂.၄.၂၀၁၆ သင်္ကြန် ၃ နေရာက ရှာမရဘူး မီးသတ်ပိုက်အောက်ဝင် သူရောပြီးက လွှတ်ချ ရေပြတ်သွား လွမ်းတေးချို ၁၃.၄.၂၀၁၆ သင်္ကြန် ၄ ဆိုင်ကယ်အိပ်ဇောပိုက်က အိုးမဲ ရှာတယ် ဆပ်ပြာရည် ပုံးလိုက်လောင်းတယ် အမောပြေဆိုပြီး ဗူးသီးခြောက်ထဲမှာ ၀ီစကီ စတုဒိသာ လွမ်းတေးချို ၁၃. ၄. ၂၀၁၆ သင်္ကြန် ၅ အမေ က စတီးရေပြွတ် ၀ယ်မပေးဘူး တရုတ်စက် တစ်ရက်စုတ် ဆိုတာ မှတ်သားခဲ့ရ လွမ်းတေးချို ၁၃.၄.၂၀၁၆ သင်္ကြန် ၆ ရေက မခြောက်ဘူး လေတိုက်တော့ချမ်းလာတယ် တစ်ယောက်တည်း  ဘယ်သူလည် ချင်မလဲ လွမ်းတေးချို ၁၃.၄.၂၀၁၆ သင်္ကြန် ၇ ကဲချင်တာကနာမ် ကဲနေတာက ရုပ် သူမဟုတ်ငါမဟုတ် အဲ့ဒါနာမ်နဲ့ ရုပ် လွမ်းတေးချို ၁၃.၄.၂၀၁၆ သင်္ကြန် ၈ မီးခြစ်က မီးမတောက်ဘူး ဆေးလိပ်ဘူးကလည်း ရေစို ...