မင်းဇာတ်ကောင်ကိုသတ်တာငါ
မင်းဇာတ်ကောင်ကိုသတ်တာငါ
ကံပေါ့လေ
ကံပဲပေါ့ ကံကိုက ဆိုးလွန်းတာပါ
ကံကြီးကံကျယ်တွေပြောပြီး ဘယ်ဂြိုလ်ဘယ်ဘုံ ဘယ်ဌာနေကမှ လက်မခံတဲ့
ဝဋ်ကြီးကောင်ကြီးမားနဲ့
ဆင်ခြေ ၊ဆင်လက် ၊ဆင်နားရွက်တွေ
ဌက်ကလေး ၊လိပ်ပြာလေး
၊ အသဲတုံးလေး ၊ ကြွက်နားရွက်လေး
ပထမတစ်ယောက်ဟာ
သူ့ကို ဆိုလိုတာဖြစ်ပြီး
နောက်ဆက်တွဲနာမည်များမှာလည်း
သူပင်ဖြစ်လေသည်။
အမြင့်ဆုံးအထပ်မှာနေပြီး
အခြားအထပ်က
လူတွေနဲ့ ဓာတ်လှေကားတစ်စီးထဲ စီးရတာမျိုး
ထွက်ပြေးလို့လည်းမရ
လမ်းလျှောက်လည်းမတက်နိုင်
စိတ်ကူးပေါက်ရာလျှောက်တွေးပြီး
အထပ်တိုင်း တံခါးပွင့်သွားတာ ငေးကြည့်
လိုရာမဖြည့်နိုင်တဲ့ဓာတ်လှေကားကို
ငါစွန့်ခွာလို့မရ
ရေဘူးထဲက
ရေကုန်သွားတာကို
ပြန်များပြည့်မလားလို့
ငေးယူတယ်
အဲ့ဒါကို
အလွမ်းလို့ခေါ်တယ်
အားထုတ်ရတာမျိုး
မဟုတ်ဘူး
အေးဆေးတယ်
ငြိမ်သက်တယ်
အခန့်မသင့်ရင်
မျှော်လင့်ရင်းရူးသွားနိုင်တာမျိုး
ဓာတ်ခွဲခန်းထဲမှာ
သေသေရှင်ရှင်ဆိုပြီးပစ်ထားတဲ့
ဆင်ခြင်ခြင်းတွေ
ဘယ်သူမှလည်း
အရေးတယူ မရှိကြပါဘူး
ကမ္ဘာကြီးမှာ
တွေးခေါ်ခြင်းဆိုတာ ဖုန်တက်နေတဲ့ အဘိဓာန်ပဲ
သိပ်ကောင်းပေမယ့်
လူတွေ စိတ်ပြောင်းသွားကြပြီ
အာလုပ်ကျင်းတဲ့အရည်
လေ ဘယ်လိုခေါ်မလဲမသိဘူး
ထုထည် ပြည့်ပြည့်၀၀
နဲ့ ပုတ်အဲ့နံစော် နေတဲ့
မျက်နှာတွေကို
ထွေးပစ်လိုက်
အရသာ ဆိုတာ
အရိုင်းစိတ်ပဲ
ဆောက်လုပ်ရေးလုပ်ငန်းဟာ
နားထဲကို
တစီစီနဲ့
ဒါဟာ ငါ့
စောက်လုပ်ပဲ လို့ လာပြော
ရပ်ကွက်လူကြီးဟာ
ထူအ နေတယ်
စားပွဲအောက်က
ပိုက်ဆံထိုင်ရေနေတယ်။
ဘေးဘီ ကိုလှမ်းကြည့်တော့
ဘာမှမမြင်ရဘူး
ခပ်တည်တည်ပဲ
အ၀ိဇ္ဇာ လို့ ခေါ်ပစ်တယ်
လေယာဉ်ပျံကြီးစီးလည်း
ဒီခရီးပဲ ရောက်မှာမဟုတ်လား
ရောက်ရာ အရပ်က
သာဓုကို ခေါ်ပြန်လာခဲ့ပါ ။ အိမ်က ထွက်သွားတာကြာပြီ ။
လှောင်ပြီးရင်းလှောင်နေတော့တာပဲ
။ ဈေးတွေ တက်လိုက်ကျလိုက်
Chat box
ထဲက စာသားတွေကို လွမ်းတိုင်း ထဖျက်မိတာ
အခုတော့ ဖျက်စရာမရှိတော့ဘူး
အဟာ့ မင်းရဲ
့ အလွမ်းက ရှယ် ပဲ သိလား
လွမ်းရင်းနဲ့ဖျက်ဆီးပစ်တာ အချိန်နဲ့ အရစ်ကျ ချေမှုန်းပစ်တာ
နှင်းဆီပန်းဟာ
ရေလောင်းပေါင်းသင်နေရက် သေသွားခဲ့တယ်။
ဒီလိုပြန်ရေးကြည့်မယ်
ကမ္ဘာကြီးဟာ
နှင်းဆီကို ထမ်းထားရတာ လေးလံလာပြီးတဲ့နောက်
ရေမှုန်ရေမွှားတွေဟာ
ရွံစရာပဲ လို့ စွပ်စွဲပြစ်တင်လိုက်တဲ့အခါ
ဝင်သက်ထွက်သက်ဟာ
နေစရာအတိကင်းမဲ့သွားလေရဲ့ 
နှင်းဆီဟာ
သေပန်းကို ဆင်မြန်းခဲ့တယ် ။
“ရှင်ဟာလေ
ဘယ်သူ့ကိုရည်ရွယ်မှန်းမသိတဲ့
ကဗျာတွေရေးလို့
“
ငါ့ကဗျာတွေ
မင်းမဖတ်ထားမှန်း သိပ်သိသာတာပဲ
ဒီလိုပြန်ရေးကြည့်မယ်
ဟုတ်ပြီဟန်နီ
ရှင့်ကဗျာထဲမှာ
တွေ့ ရတဲ့ အမျိုးသမီးဟာ ကျွန်မဖြစ်နေမလား
ဆိုတဲ့ စိုးရိမ်စိတ်နဲ့
ညကို ကုန်ဆုံးစေခဲ့တာ
သိမှုတွေထဲထိ
ပေါ်ပေါ်ထင်ထင် ကျွန်မ ၀င်ထိုင်ခဲ့မိတယ်
အဲ့ဒီအတွက်
အနမ်းလက်ဆောင်ပေးမလို့ ဒီဖက်တိုးစမ်းပါဦး ။
စက္ကူလှေငယ်လေးကို
ခေါက်ပြီး နီးစပ်ရာ ရေစည်ပိုင်းထဲ ထိုးထည့်လိုက်တယ်
မုန်တိုင်းဟာ
ရေစည်ပိုင်းဆီရောက်မလာဘူး
ကြံဖန်ဂုဏ်ယူပြီး
လှေကို မှောက်သွားကြတယ်
အခန့်မသင့်ရင်
အခန့်သင့်သေသွားနိုင်တာပေါ့ ။
ဝေးလို့လည်းမဝ
ပြေးလို့လည်းမရ တဲ့ ဇာတ်ဟောင်းကြီးတွေ
ဇာတ်ကောင်ဟာ
တကယ်မရှိခဲ့ပါဘူးလို့ လျောချ လိုက်တဲ့
အဖြစ်ဟာ ထူးမခြားနားစွာပဲ
အဲ့ဒီကောင်လေးဆီရောက်လာခဲ့ပြန်တယ်။
လွမ်းတေးချို
၎.၅.၂၀၁၆
Comments
Post a Comment