မေးခွန်းများနှင့် ကစားခြင်း ၁
ကိုယ့်ဘာသာ ဦးနှောက်မုန်တိုင်းဆင်ပြီး
ချရေးဖြစ်လိုက်တဲ့မေးခွန်းတွေဖြစ်ပါတယ်။ တစ်ဖက်ဖက်ကို စောင်းပေးပြီး မေးခွန်းထုတ်တာထက်
ကိုယ်ကိုယ်တိုင်မရှင်းလင်းတဲ့အချက်အလက်တွေကို မေးခွန်းပုံစံမျိုးချရေးမိသွားပါတယ်။
မေးခွန်းတွေကို စိတ်ထဲက တိုးတိုးလေးဖြေကြည့်နိုင်သလို ၊ ကွန်မန့်မှာ မန့်သွားလို့လည်း
ရပါတယ်။ ဆက်ကပ်တွေထဲက ကမ္ဘာလုံးထဲမှာ ဆိုက်ကယ်ပတ်စီး
နေရသလို ဘယ်မှလဲမရောက် ပတ်ချာလည် နေတဲ့ ပြဿနာ တစ်ရပ်ကို ဖြေရှင်းသင့်နေပြီလို့ ယူဆလို့ပါ
။ ဂျာနယ်လစ်မိတ်ဆွေတွေ ဖတ်မိရင်လည်း ပက်သက်ဆက်နွယ်သူတွေ၊
တာဝန်ရှိသူတွေကို မေးစရာ မေးခွန်းတပိုင်းတစ ရသွားခဲ့ရင် ပျော်မိမှာပါ ။ မိတ်ဆွေစိတ်ထဲမှာ
ပေါ်လာတဲ့မေးခွန်းတွေကိုလည်း ချရေးပစ်လိုက်လို့ရပါတယ်။ ကျွန်တော်တော့ မေးခွန်းတွေနဲ့
ကစားနေမိပါတယ်။
အပိုင်း တစ်။ ။ သူတို့ ဘယ်သူတွေလဲ ။
1.
ရိုဟင်ဂျာ
ဆိုတာ ဘယ်သူတွေလဲ။
2.
သူတို့ကို
သူတို့ ဘယ်လို ခေါ်ကြသလဲ ။ သူတို့ဆီမှာ သမိုင်းမှတ်တမ်းတွေရှိသလား။
3.
အခြားနိုင်ငံတွေမှာကော
သူတို့နဲ့စပ်လျဉ်းတဲ့ ခေတ်ပြိုင် မှတ်တမ်းတွေ ၊ စာပေ တွေကော ရှိသလား ။
4.
ရိုးရာဓလေ့စရိုက်
၊ ပွဲတော်ကျင်းပမှုတွေရှိသလား ။
5.
သူတို့
ဦးရေ ဘယ်လောက်ရှိသလဲ ။ တစ်အိမ်ထောင်မှာ ပျမ်းမျှ လူဦးရေဘယ်လောက်ရှိသလဲ ။
6.
သူတို့ဟာ
မြန်မာပြည်ဖွားတွေလား။ ဘယ်လောက် ရာခိုင်နှုန်းက မြန်မာပြည်ဖွားလဲ။
7.
မြန်မာပြည်ဖွားမဟုတ်ခဲ့ရင်
ဘယ်နိုင်ငံက လာတာလဲ ။ ဘာကြောင့် မြန်မာပြည်ကိုလာရတာလဲ ။ သူတို့ရဲ့ မွေးစာရင်းတွေကောအဲ့ဒီ
နိုင်ငံမှာရှိလား ။ အမျိုးတွေကောရှိသလား ။
8.
သူတို့က
ရခိုင်ပြည်ရဲ့  ဘယ်အရပ်တွေမှာ နေထိုင်ကြသလဲ ။ ရခိုင်ပြည်အပြင် အခြား ပြည်နယ်နဲ့တိုင်းတွေမှာကော
နေထိုင်သလား ။ ဘယ်နေရာတွေမှာလဲ ။
9.
သူတို့
မြန်မာပြည်မှာနေတာ ဘယ်လောက်ကြာပြီလဲ ။
10. သူတို့တွေ ဘယ်စီးပွားရေးတွေလုပ်ကိုင်စားသောက်ကြလဲ
။
11. သူတို့တွေမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု
၊ ပညာရေးဝန်ဆောင်မှုတွေရရှိသလား ။
12. သူတို့ ဘယ်ဘာသာစကားကို အသုံးပြုကြသလဲ
။
13. ဘယ်လူမျိုးတွေရဲ့  ဓလေ့ စရိုက်တွေကို
လိုက်နာကြသလဲ ။
14. ရခိုင်တွေနဲ့ကြားမှာ ဘယ်လို ဆက်နွယ်မှုမျိုးရှိသလဲ။
ဥပမာ -ပွဲတွေအတူတူ ဆင်နွှဲတာမျိုး ၊ တစ်သီးတစ်သန့်နေထိုင်ကြတာမျိုး ၊ စီးပွားရေးတွဲဖက်လုပ်တာမျိုး
။ ရပ်ဆွေရပ်မျိုးတွေလိုရင်းနှီးနေတာမျိုး ။
15. ရခိုင်နဲ့ သူတို့နဲ့ ရောပြီးနေတဲ့ ရွာတွေရှိလား
။ ရှိရင် သူတို့တွေ ရဲ့  ကြားပေါင်းသင်းဆက်ဆံမှု အခြေအနေကဘယ်လိုရှိသလဲ ။
16. သူတို့ ဘာဘာသာတွေ ကိုးကွယ်ကြသလဲ ။
17. သူတို့တွေမှာ နိုင်ငံသားစိစစ်ရေး ကဒ်တွေရှိသလား
။ ဘယ်လောက် ရာခိုင်နှုန်းမှာရှိသလဲ ။
18. ပြသနာတစ်ခုခုတက်ရင် သူတို့ဘယ်လိုဖြေရှင်းကြသလဲ
။ ဥပမာ - ရဲသွားတိုင်၊ တရားရုံးတိုင်
19. နိုင်ငံတော်ကကော သူတို့ကို အကူအညီပေးသလား
။ ဘယ်လို ကူညီသလဲ ။
20. သူတို့ဟာ NGO တွေရဲ့ အထောက်အပံ့ကို
ရဖူးလား ။ ဘယ်လိုမျိုးရဖူးသလဲ ။
21. နိုင်ငံတကာက ရိုဟင်ဂျာမီဒီယာတွေနဲ့
သူတို့ ဘယ်လို ချိတ်ဆက်ကြသလဲ ။
22. သူတို့ဟာ လက်ရှိအခြေအနေမှာ ဘယ်လိုမျိုး
ဖြစ်ချင်နေတာလဲ ။ ဘာဖြစ်ချင်ကြတာလဲ ။ ဘာကိုတောင်းဆိုနေကြတာလဲ ။
23. သူတို့ဟာ ခွဲခြားဆက်ဆံခံရသလား ။ ဘယ်လိုပုံစံမျိုးနဲ့
ခွဲခြားဆက်ဆံခံရသလဲ ။ ဘယ်သူတွေက ခွဲခြားဆက်ဆံသလဲ ။
24. ခိုးဝင်လာတဲ့သူတွေက တကယ်ရှိသလား ။ ဘာကြောင့်ခိုးဝင်တာလဲ
။ ဦးရေ ဘယ်လောက်လောက်ရှိသလဲ ။ ဘယ်လမ်းကြောင်းကနေ၀င်သလဲ ။
25. မြန်မာဖက်ကကော မတားဆီးနိုင်ဘူးလား ။
ဘယ်လိုတားဆီးခဲ့ဖူးသလဲ ။ အနာဂတ်မှာ ဘယ်လိုတားဆီးမည့် အစီအစဉ်တွေရှိသလဲ ။
26. ခိုးဝင်လာတဲ့သူတွေနဲ့ လက်ရှိနေထိုင်နေတဲ့သူတွေနဲ့ကော
အချိတ်အဆက်ရှိသလား
အပိုင်းနှစ်။ ။သူတို့တွေအပေါ်အမြင်
၁. ရခိုင်တွေက
သူတို့ကို ဘယ်လိုသတ်မှတ်သလဲ။
၂. ရခိုင်မဟုတ်တဲ့
အခြား ပြည်နယ်နဲ့တိုင်းက သူတွေကကော ဘယ်လိုမြင်သလဲ။ အဲ့ဒီပြည်နယ်နဲ့တိုင်းက သူတွေကကော
ရခိုင်ပြည်နယ်ထဲရောက်ဖူးလား ။ ကိုယ်တွေ့ ဖြစ်ရပ်တွေရှိသလား ။ ရာခိုင်နှုန်းဘယ်လောက်က
ရောက်ဖူးသလဲ ။ ဘယ်စာအုပ်တွေ သမိုင်းတွေ ကို ကိုးကားပြောဆိုနေကြသလဲ။ အဲ့ဒီသမိုင်းတွေက
ဘယ်လောက် ယုံကြည်ရသလဲ ။ ဘယ်လောက်ခိုင်မာမှုရှိသလဲ ။
၃. နိုင်ငံတကာကကော
ဘယ်လိုသတ်မှတ်ထားသလဲ။ ဘာတွေသိထားလဲ ။ ဘယ်လိုသိတာလဲ။
၎. မြန်မာ
အစိုးရကကော ဘယ်လိုသတ်မှတ်ထားသလဲ။
၅. ကမၻာ့ကုလသမဂ္ဂ
(UN) ကေကာ ဘယ္လိုသတ္မွတ္ထားသလဲ။
၆. အိမ်နီးချင်းနိုင်ငံကကော
သူတို့ကို ဘယ်လိုသတ်မှတ်ထားလဲ ။ ဘယ်လို တုန့်ပြန်နေသလဲ ။ မြန်မာပြည်နဲ့ ပူးပေါင်း အဖြေရှာဖို့ရှိသလား
။
၇. ပြည်တွင်းနေ
မူစလင်တွေကကော သူတို့ကို ဘယ်လိုသတ်မှတ်ထားသလဲ ။ သူတို့နဲ့ အဆက်အစပ် ရှိသလား ။
၈. ပြည်တွင်းမီဒီယာတွေကကော
သူတို့အကြောင်းတွေကို စနစ်တကျ စုံစမ်းရေးသားခဲ့သလား ။ မရေးဖြစ်ဘူးဆိုရင် ဘာကြောင့်မရေးဖြစ်တာလဲ ။
၉. ပြည်ပ
မီဒီယာတွေကကော သူတို့အကြောင်းတွေကို ဘယ်လိုပုံဖော်နေသလဲ ။
အပိုင်း သုံး။ ။Issues
1.
နိုင်ငံသားအဖြစ်
အသိအမှတ်ပြု ခံယူခွင့် ပြသနာလား
2.
တိုင်းရင်းသားမျိုးနွယ်စုအဖြစ်
အသိအမှတ်ပြုခံခွင့် ပြသနာလား။
3.
ဘာသာရေးပဋိပက္ခ
ပြသနာလား။
4.
ဒေသခံ
လူမျိုးမတူ ဘာသာမတူချင်း ဖြစ်တဲ့ စီးပွားရေး ပြသနာလား။
5.
အခြေခံ
ရပိုင်ခွင့် ရခြင်း မရခြင်း ပြသနာလား ။ လူ့အခွင့်အရေးပြဿနာလား
6.
နှစ်နိုင်ငံကြားရှင်းရမည့်
ပြသနာလား ။
7.
အင်အားကြီးနိုင်ငံတွေရဲ
့ ကစားကွက်တစ်ခုလား ။
အပိုင်း ၄။ ။Solution
1.
အစိုးရအနေနဲ့
မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သလဲ ။
2.
နိုင်ငံတကာကို
ဘယ်လို အစီရင်ခံစာမျိုး ထုတ်ပြန်သင့်သလဲ ။
3.
ပြည်တွင်းမှာ
ဘယ်လိုရှင်းသင့်သလဲ။ ပြည်သူတွေ ကျေနပ်မှုရအောင် ဘယ်လို လုပ်မလဲ ။
4.
ပြည်တွင်းမီဒီယာတွေက
ဘယ်လိုပါဝင်သင့်သလဲ ။
5.
ပြည်တွင်းအဖွဲ့အစည်းတွေ
ကကော ၀င်ပါသင့်တယ်လို့ထင်သလား ။
6.
သုတေသန
အဖွဲ့တွေကော ပါသင့်တယ်ထင်သလား ။ ဘယ်လိုပါမလဲ ။ စာတမ်းဖတ်ပွဲတွေ၊ သမိုင်းဆိုင်ရာ လေ့လာချက်တွေ
ရှိလာမလား ။
7.
အခြားမည်သည့်အဖွဲ့အစည်းတွေပါဝင်သင့်သေးသလဲ
။
8.
အိမ်နီးချင်းနိုင်ငံကကော
ဘယ်လိုပူးပေါင်းပါဝင်မလဲ ။
လွမ်းတေးချို
၁၁.၅.၂၀၁၆
Comments
Post a Comment