ကမ်ဘောဒီးယား (၂ )

ကမ်ဘောဒီးယား (၂  )

တူတယ် အကျင့်ပျက်တာချင်းလည်းတူတယ်
အစိုးရကို မနှစ်သက်တာချင်းလည်းတူတယ်
တစ်ပတ်နွမ်းကားတွေနဲ့ ယိုးဒယားဆိုင်ကယ်များ
ကြုံသလိုမောင်းကြ
အမြီးလေးရင် အမြီးလေးထည့်
ခေါင်းလေးရရင် ခေါင်းလေးထိုး
တိုးနည်းအမျိုးမျိုး
GO နည်းအမျိုးမျိုး

လမ်းတွေကလည်း မင်းကုသမျက်နှာ
မတန်မဆတွေပေါ့
ဝမ်းတမ်း ဆိုင်ကယ်နဲ့ သုံးဘီးဆွဲသတဲ့
ဆယ်ပေကျော် နောက်ဆက်တွဲယာဉ်တပ်သတဲ့
အံ့ဖွယ်ခမာပဲ

ချမ်းသာရင် ၀မ်းစာက လာပြီးရင်းလာထား
ဆင်းရဲရင် တွင်းနက်ထဲမှာ နာပြီးရင်းနာထား
ကြုံသလို စည်ပင်အမှိုက်ပုံတွေ
စနစ်ဆိုးရဲ့  အသီးအပွင့်တွေပေါ့

ဆောက်လုပ်ရေးတွေများပါ့
တွဲလျက်တိုက်ခန်းတွေ
ဖုံထူလမ်းမပေါ်က
မျက်နှာစွပ် အ၀တ်စတွေ

အချိန်ဟာ ယာဉ်ကြောပိတ်ဆို့မှုထဲမှာ
အချိန်ဟာ လမ်းပြောင်းပြန်ဆိုင်ကယ်တွေကြားမှာ
အချိန်ဟာ ကာရာအိုကေခန်းတွေထဲမှာ
အချိန်ဟာ သုံးယောက်စီး ဆိုင်ကယ်တွေပေါ်မှာ
အချိန်ဟာ တရုတ်ပိုင်၊ ထိုင်ဝမ်ပိုင် အထည်ချုပ်စက်ရုံတွေထဲမှာ
အချိန်ဟာ ကွေ့တီယိုဆိုင်ထဲမှာ
အချိန်ဟာ တောင်းရမ်းသူတွေရဲ့  ဇွဲလုံ့လထဲမှာ

တူတယ်
မီးပွိုင့်နားက သတင်းစာလက်ပွေ့ သမားတွေ ကအစ
လမ်းဆုံက ဓာတ်ဆီဆိုင်တွေက အဆုံး
တူတယ်
ရေနွေးမြ်း ကလည်း တူတယ်
ဖြူသူ က ဖြူတယ်
ညိုသူ က ညိုတယ်
ဝါသူ က ၀ါတယ်
အနောက်ကမ္ဘာက ယဉ်ကျေးမှုအနေနဲ့ ၀င်ရောက်ပြီး
တရုတ်ကတော့ စီးပွားရေးတံခါးပေါက်က ၀င်တယ်

ပြည်တွင်းက တန်ဖိုးကြီး ထုတ်ကုန်များ
ကိုယ့်အပင်က အသီးကို ကိုယ်မစားရသလိုမျိုးပေါ့
တူတယ်
တော်တော်လေးတူတယ်။

လွမ်းတေးချို
၁၈.၉. ၂၀၁၅
၉ နာရီ ၁၀ မိနစ် (နံနက်ခင်း)


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်