၂၀၁၅
၂၀၁၅
တွမ်တီးဖစ်တီးဟာ
အသံထွက် ကောင်းမကောင်းမသိလိုက်ရတဲ့
ဂီတ ဖျော်ဖြေပွဲ
မရင်းနှီးတဲ့
အဆိုတော်တွေကို ငါငေးကြည့်ရ
အရေးရယ် အကြောင်းရယ်ဆို
စိတ်ခံစားမှုကို
တိုက်စစ်မှုးခန့်
ပယ်နယ်တီဧရိယာတွင်းက
လွဲချော်မှုတွေ
နှစ်ဦးသဘောတူရိပ်မြုံလေး
စိတ်ကူးနဲ့ဆောက်ခဲ့ရတာ
အကြိမ်ကြိမ်
ငါတို့ဟာ
လမ်းညွှန်စာအုပ်တွေရဲ့  ဝေးရာ
အသစ်ပြန်ရေးရတဲ့စာ
အရင်တုန်းက
လို မချစ်ကြတော့ဘူး သေချာတယ်
အရင်တုန်းကထက်
ပိုချစ်ခဲ့တာ
လုပ်ငန်းခွင်ဟာ
ပျော်ရွှင်စေသလား
အဲကွန်းတွေက
နွေရာသီဆို စိတ်ပျက်စရာအတိ
စာပွဲတင်
တင်းနစ်စ်လေးဟာ ဒီအတိုင်း
ငါဟာ ပင်ပေါင်ဘောလုံးလေးဖြစ်ခဲ့
မတရားမှုပဲလို့
အော်ရှာတဲ့ ဖြောင့်မတ်သူကြီးတွေက
ငါ့ကို နောက်ကွယ်က
မြှောက်ပေးရှာတယ်
နံရံကို ပစ်ခွဲခဲ့တဲ့
ကြက်ဥတွေ သိပ်လှပခဲ့
နောက်ဆုံးတော့
ငါဟာ သတင်းစာထဲက
ကွာရှင်းပြတ်ဆဲစာ ငါရေးခဲ့တဲ့ နှုတ်ထွက်စာ
ကျေးဇူးတင်ရတာ
ကျေးဇူးတင်လိုက်ရတာ
ငါ့ကိုယ်ငါပြန်ရှာတဲ့
ကစားနည်းတစ်ခုပေါ့
ငါဟာ ငါ အစစ်ကို
ရှာတွေ့ ခဲ့တယ်
ငါရေးခဲ့တဲ့စာသားများ
ရေငတ်သူကြားမှာ
ဘီယာသောက်ခိုင်းတယ်
ကိုင်းကြီးမှာ
ငှက်ကြီးကြီးနားတယ်
စာရွက်ဖြူပေါ်က
မင်စက်တွေက
သူတို့ ဂုဏ်သိက္ခာထိခိုက်သတဲ့
အတုတွေထဲက
အယောင်ပြဒေါသတွေ
ပစ်ပစ်နှစ်နှစ်
ပြုံး ပြီး ငါကျောခိုင်းခဲ့တယ်
အဟောင်းကို
ပြစ်/ပစ် တော့
အသစ်ရနံ့ 
သင်းရတယ်
ဘူတာရုံလေးဟာ
ရထားတွေရဲ့  နားခိုရာပဲ
ငါလည်း တွေ့ကရာ
ရထား တက်စီးခဲ့တယ်
ကဲ ပိုကောင်းတဲ့အနာဂတ်
ပိုင်ကောင်းတဲ့
အိပ်မက်
လှပတဲ့ ထောင်ချောက်များ
လုံခြုံရေး
ကဲ တဲ့ ဟင်းတစ်ခွက်
မြိန်ရေရှက်ရေ
စားခဲ့ရပေါ့
ကဒ်မပါရင်
ဝင်မလာနဲ့
တစ်ရာမှာ
ရှစ်ဆယ်က ငါ့ကို မပြုံးပြဘူး
အပြုံးဟာ
နိုင်ငံတကာ ဘာသာစကားပဲ
ဒီနေရာမှာတော့
အဲ့ဒီ သင်္ကေတဟာ ဗိုင်းရပ်စ်ဝင်နေတယ်
ခွေ ထစ် နေ
တယ် ။
နံပတ်ပြား
အဖြူကြီး စီးရတော့
ငါလည်း ဘာသားနဲ့
ထုထားတာဖြစ်မလဲ
မှန်းချက်ဟာ
နှမ်းထွက်လောက် မကောင်းခဲ့
တစ်တောင်ပြီးတစ်တောင်
မြင့်သထက်မြင့်လာတဲ့တောင်များ
ကုန်ဈေးနှုန်းဟာ
အမြန်ရထားပေါ်မှာ
အသံထက်မြန်တဲ့
လေယာဉ်ပေါ်မှာ
အလင်းရဲ့ အလျင်ထဲမှာ
ကျားကြီးတော့
ခြေရာတွေကြီးလာတယ်
ဖိနပ်ကြီးကြီးတွေ
စီးရတယ်
ဂျင်းဘောင်းဘီတွေ
၊ တီရှပ်ပွပွ တွေ ထားခဲ့ရတယ်
ပါဠိတွေကို
ငါစာလုံးပေါင်းကြည့်တယ်
စာလုံးပေါင်းအမှားတွေနဲ့
တစ်ခါတစ်လေ
အမှားတွေက အဓိပ္ပာယ်အသစ်နဲ့ လန်းဆန်းနေတာမျိုး
အလျားအနံ
မကြည့်ပဲ ကြီးထွားနေတာမျိုး
အသွားပဲရှိပြီး
အပြန်မရှိတာမျိုး
အကျိုးဆောင်ရင်း
အချိုးတောင်
ပြောင်းသွားခဲ့ရတဲ့ နေ့ရက်တွေ ။
လွမ်းတေးချို
၂၂.၁၂.၂၀၁၅
Comments
Post a Comment