ငါ့အကြောင်း
ကုတ်ချောင်း ကုတ်ချောင်းနဲ့
တစ်ပုဒ်ကောင်း ကဗျာ တောင် မရေးနိုင်တဲ့ကောင်
ဟိုငေး ဒီငေးနဲ့
အမြဲလို တွေးဆွေး နေတဲ့ကောင်
စီစဉ် မကျ မှုတွေနဲ့
ကိုယ့်ကိုယ်ကိုယ် ရီချင်လှ တဲ့ကောင်
မဟာ ဘုတ်အုပ်တွေ ဖတ်
ဆရာအမြဲ လုပ် နေတတ် တဲ့ ကောင်
အမှောင်ကွယ်ရာ မှာ
လူတွေကို ကောင်ဆယ်လာ ကြီးလုပ်ပေးနေတဲ့ကောင်
အဲ့ဒီကောင်ကလေ
စိတ်ဓာတ်တွေကျတဲ့အခါ
နှိပ်စက်နေကြ သူငယ်ချင်း တွေ ကို မျှော်တယ်
လူတွေတရုန်းရုန်းနဲ့ ဆို
တပြုံးပြုံး ဖြစ် စိတ်ကို မညစ်တတ်ဘူး တဲ့ ။
လွမ်းတေးချို
၁၇ ဇွန် ၂၀၁၆

Comments
Post a Comment