မတော်တဆ လား

မတော်တဆ လား

တိုးတိုက်မိကြတယ် ။ မတော်တဆ လို့ခေါ်တယ် ။ ဆောရီးနော် ။ နောက်မှ
ရှေ့  သို့ ၊ တွေးတွေးပြီးပြုံး ၊ ပြုံးပြုံးကြီးနဲ့စာထိုင်ရေး ။ သီချင်းတွေနားထောင်
ထောင်ထားတဲ့ပုလင်းကို အရသာ ရှိရှိ မြိုစို့ ၊ ကြီးမြတ်မှုတွေကို စာစီဖို့ကြိုးစားတယ်
လှပခြင်းဟာ သူမရဲ့  အခြား အဓိပ္ပာယ်ပဲ ။ ညီမျှခြင်း မျှတခြင်းတွေဆီ အလည်သွားဖို့ကြိုးစားတဲ့အခါ
သင့်တင့် လျောက်ပတ်တဲ့ စဉ်းစားခြင်းတွေ တစ်သီတစ်တန်းရောက်လာတယ်။
ကိုယ်တိုင် မပြင် မဆင်ထားတဲ့ အဆိပ်ခွက် ဘယ်သူ ရက်ရက်ရောရောသောက်မလဲ
သူမဟာ သေဆုံးလုနီးပါးဖြစ်နေပြီး အမှန်အတိုင်းပြောရင် ကိုယ့်အသက်ကို ကိုယ်ပြန်ဆက်ခဲ့တာ
မနေနိုင်ဘူးဆိုတာ မရှိဘူး ။ 
တစ်ယောက်နဲ့တစ်ယောက် အရောင်ထွက်လာအောင် တွန်းတင်ပစ်လိုက်ဖို့သာလိုအပ်ခဲ့တာ ။ 
ရည်ညွှန်းဖော်ပြတဲ့ အရေးအသားတွေ အရာရာကို စွန့်ပစ်လိုက်ချင်တဲ့ မိုက်ဇာတ်တွေ ။ 
မိုက်ဇာတ်တွေဟာ မတ်တပ်စိုက်လျက်ရှိနေခဲ့တာ ။ ခမ်းနားတဲ့ ညစ်ပတ်ပေရေ မှု ။  
နင်အကျင့်မကောင်းဘူး ။ ဒီနေ့လည်း ဖုန်းမဆက်နဲ့ ။ နောက်နေ့ လည်း မဆက်နဲ့ ။
နောင်လည်း ဘယ်တော့မှ မဆက်နဲ့ ။ တကယ်လား တကယ်လား တကယ်လား ။ 
အားနာလိုက်တာ ။
ခင်လည်းခင်တယ် ။ ဘယ်နေနိုင်ပါ့မလဲ ။
ဒီနေ့ညတော့ ကိုယ့်ဖက်မပါတဲ့ ရာသီဥတုကို ရည်ရွယ်လုပ်ကြံပြီးသတ်ပစ်လိုက်တယ်။

လွမ်းတေးချို

၂၇.၄.၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်