အဲ့ဒီတော့ ဘာဆက်ဖြစ်သလဲ
ဖုန်းနံပတ်ကို
ဖျက်ပစ်လိုက်တော့
ဥယျာဉ်ကြီးက
ဘာဖြစ်သွားမှာလဲ
မတူတဲ့ပန်းတွေကို
ဘိန်းပန်းလို့မှတ်ပြီး ဖျက်ဆီးချင်ကြတာ
ဧပရယ် ဟာ
ရင်နာစရာတွေချည်း ပေးခဲ့တယ်
ပေါ့ပေါ့ပါးပါး
လွမ်းပစ်ရတာ လွယ်လှတာ မဟုတ်ဘူး
ဒီဖုန်းကို
ချလိုက်ရင်
ဒီလူနဲ့ဝေး
ရမယ်ဆိုတဲ့ သက်တမ်းမျိုး
အချိန်တွေကို
ဆွဲဆန့်ချင်လိုက်တာ ဆိုတာ အလကားပြောခဲ့တာမဟုတ်ဘူး
အဝေး တစ်နေရာကနေ
စ ခဲ့တယ်
နီးသထက်နီးကပ်လာ
ခဲ့တဲ့ လှိုင်းတွေ
ကြားရလား
ပြိုင်တူနားထောင်မိကြတယ်
စိုချင်လို့
မိုးရေချိုးခဲ့ပေမယ့်
ကိုယ်တွေက
နှာစေးအအေးမိမှာလည်း ကြောက်ခဲ့တယ်
ညီမလေး မသိဘူး
ညီမလေးဟာ
ယုံကြည်ရာကို ဇွတ်တိုးတယ်
ကိုယ်ကလည်း
မယုံမကြည်နဲ့ လမ်းတိုင်းကို လျှောက်ချင်တဲ့ကောင်
ပြောနေကြ
ဘာသာစကား ထဲက နာမည်တစ်လုံးကို ခေါ်ဆိုခွင့် ပိတ်ပင်ပစ်လိုက်တယ်
ကံတွေ ဘာတွေအစား
အခြား စကားလုံးဖြင့်
ဖော်ပြရန်
ဒီနေ့ဟာ ဘာနေ့မို့လို့လဲ
ပြောမနေတော့ပါဘူး
အသဲကွဲ အင်တာနက်
လက်တွေက တုန်ရီလာမယ်
ဒီနေ့လုပ်ရင်
ဒီနေ့ရမယ် ဆိုတဲ့ အချစ်မျိုးနဲ့
တက်မလာ ခဲ့ပါနဲ့
ပျော်ရွှင်ဖွယ်ရာနေ့လေးတွေကို
ဖြတ်ကျော်ပါ
ပျော်ရွှင်ခြင်း
ဟာ မြစ်တစ်စင်းဖြစ်ပြီး
ကိုယ်ဟာ တောင်တန်းတွေပေါ်မှာ
ဘယ်နားအိပ်မှန်းမသိတဲ့သူကို
အိပ်မက်ထဲ
ထည့်မက်ချင်တယ်တဲ့
အမှိုက်ဆိုတာ
သူ့နေရာနဲ့သူ
ဖုန်းဆက်
ဖုန်းဆက်
ဖုန်းဆက်
လက်မ ကလေး
ထောင်လိုက်တော့
တစ်ယောက်တည်း
မျက်ရည်ကျ တယ်
မျက်ရည် ဆိုတာ
အဖိုးတန် နာကြည်းချက်
မရေးဖြစ်တာ
ကြာပြီလေ
မျက်မှန်
ကို ဖြုတ်လိုက်တော့ အဝေးကိုလား အနီးကိုလား
ရယ်ရသေးတယ်
နှာခေါင်းချင်း
တိုးတိုက်မိကြသတဲ့
ဇာတ်လမ်းထဲက
မင်းသမီးလေးဟာ
ဘုံခုနှစ်ဆင့်မှာ
ကယ်သူတွေ မဲ့နေခဲ့မှာ
တည်ဆောက်ခဲ့သမျှကို
လွယ်လွယ်လေး
ဖျက်ဆီးချင်ရင် အရမ်းလွယ်ခဲ့တာ
အချစ်အကြောင်းဆို
မပြောကြပါနဲ့တော့
ပြောလည်းမပြီး
ပြီးလည်း
ဆက်ပြောနေဦးမယ့် အကြောင်းအရာတွေ
စာအုပ်ကြီးတွေ
စည်းမျဉ်းစည်းကမ်းတွေ
နိုးထလိုက်ပါတော့လို့
ပြိုင်တူအော်ပြီး
ချောက်နက်နက်ကြီးထဲက
ပြန်တက်လာခဲ့ကြတယ်
ဟောဟဲဟောဟဲ
နဲ့
မင်းရှိနေတော့လည်း
ကြောက်ရတယ်
မင်းမရှိတော့လည်း
ဖြစ်တည်မှုကို ကြောက်ရတယ်
အကြောက်တရားဟာ
ဘယ်အရာနဲ့မှ အစားထိုးမရဘူး ။
အခြားမိန်းမ
တွေဟာ သိပ်လှနေတတ်ပြီး
မင်းကိုကျတော့
မလှဘူးလို့ ငါ အမြဲပြောတယ်
ခွဲနိုင်ခွာနိုင်တာလည်း
မဟုတ်ပဲ မင်းကလည်း လမ်းခွဲမယ် ဆိုတာချည်းပဲ
ဘယ်ရုပ်ရှင်တွေပဲကြည့်ကြည့်
အသဲကွဲအခန်းတွေကိုဆို ကျော်မပစ်ဘူး
ခံစားတယ်
၊ နာကျင်တယ် ။ ငါသိတယ် ။
ငါကျော် ပစ်လို့
မရနေဘူး
ဟိုး ဘလော့ခေတ်
တုန်းက ငါ့နံရံပေါ်မှာ ရေးထားတယ်
လွမ်းရဲ သူများသာ
တဲ့
ရှင့်ကိုလွမ်းတော့
ကျွန်မ ခေါင်းအုံးကို မျက်နှာအပ်ပစ်တာပဲ
ပြောပါဦး
ဖေ့စ်ဘုခ် သုံးတာကြာပြီတော့ ကိုယ့်ချစ်သူက
မီမီးမှာ
အဖွဲ့ဝင်ဖြစ်နေတာ မသိတဲ့အကြောင်းလေး
မရှိဘူး မရှိဘူး
အခုလို နှုတ်ခမ်းစူ စိတ်ကောက်တတ်တဲ့ ယောင်္ကျားမျိုးမရှိဘူး
ကြားရတာ ရယ်ချင်စရာကြီးပဲ
ကိုယ့်ဟာသ
ကြောင့် ခေါင်းကိုက်ပျောက်ဖူးခဲ့တယ်ဆိုတာပဲ
ကြိတ် ဂုဏ်ယူရ
ကြိတ် ကြေကွဲရ
ရှင်ကျမကို
ဘာလို့ မငြင်းခဲ့တာလဲ
တကယ်တမ်းတော့
ကျမက ဝေးဖို့ ကျင့်နေခဲ့တာ
ဝေးတာများ
ကျင့်ဖို့လိုသလားကွယ် ဘာပေါ့ညာပေါ့ ကိုယ်လည်း လှောင်ခဲ့တာ
ဟုတ်တယ် ခက်တယ်
ရေရေလည်လည်ခက်တယ်
အချစ်ဟာ အိမ်နောက်ဖေးပေါက်က၀င်လာပြီး
အိမ်နောက်ဖေးပေါက်ကနေပဲ
ပြန်ထွက်သွားခဲ့ရတယ်
ဘယ်သူမှ မဖန်ဆင်းတဲ့
ကမ္ဘာ တစ်ခုရှိတယ်
အဲ့ဒီကိုသွားမယ်
ဟင့်အင်း
မလိုက်ရဲဘူး
တစ်ခါတစ်ခါ
ဂုဏ်သိက္ခာ ထက် ဘာကို ပိုမြင့်မြတ်ချင်ရတာလဲ
ကိုယ်တို့အတွက်
အခြေခံ လိုအပ်ချက်ဟာ အချစ်ပဲ
လွမ်းတဲ့အကြောင်းပြောရင်
ရယ်မှာ လှောင်မှာ
မသိချင်ယောင်ဆောင်
ပစ်လိုက်မှာ
ရှင်ကော ဘယ်လိုခံစားရ
သလဲ ဆိုတဲ့ မေးခွန်းကြီးနဲ့ ကိုယ့်ကို ကိုင်ပေါက်ပစ်မှာ
ကိုယ်လား အခု ဘာလုပ်နေမှန်းမသိဘူး
ဒီလိုပဲ ဟိုငေးဒီငေး နဲ့
အဲ့ဒါပဲ ဖြေ စရာ ရှိတယ်လေ
လွမ်းတေးချို
မေ ၂၀၁၆
Comments
Post a Comment