ပျော်ကြသည်ဆိုကြပါတော့လား
ပျော်ကြသည်ဆိုကြပါတော့လား
သေဘာၤတစ္စီးကို
ဆောက်လိုက်ကြရအောင် ချောင်းဆိုးမယ်
ပင်လယ် အကြောင်းဆည်းပူးမယ်
ဟပ်ချိုးချေမယ်
မုန်တိုင်းတွေကိုသင်ယူမယ်
တွန်းလှည်းကို ဖြေးဖြေးတွန်းပါ
တက်ကျိုးရင် လက်ထိုးလှော်ရမယ် ကို ထားခဲ့ ချန်ခဲ့ သင်လည်းဘာမှ မထူးတဲ့ဟာတွေ
ဘယ်က စရ မလဲ
ဆိုတာတွေကို ထားခဲ့ ဘယ်လိုပြီးသွားမှန်းမသိတဲ့ပွဲတွေ ကပွဲရုံထဲမှာ
တဖြည်းဖြည်း
အလုပ်တွေကို ပစ်ခဲ့ ထားခဲ့ ချန်ခဲ့ အော်ကြီးဟစ်ကျယ်
မသင်္ကာမှုကို
သင်္ကာမကင်းနဲ့ထားခဲ့ ဒီအသံတွေနားထဲမှာ ရင်းနှီးနေတယ်
တဖြည်းဖြည်းတော့
ရုပ်လုံးပေါ်လာမှာပါလေ ကြည့်မကောင်းတဲ့ပွဲဆိုတာမရှိဘူး
မပြောတတ်ဘူးမဟုတ်လား
ကြည့်တဲ့သူပဲ မကောင်းခဲ့တာ
စိတ်ဟာ အချဉ်ပေါက်နေတယ်
မြင်ချင်တဲ့သူကို မမြင်ရဘူး
တဖြည်းဖြည်း
ရောင်နီသမ်းလာမယ် သေလိုက်ပါတော့လား လေးရေ ပြန်လာပါ
လက်ခုပ်သံတွေကြားပြီး
ငေးမကြည့်ရတဲ့ အဖြစ်ဟာ အဲကွန်းက သေလောက်အောင်အေးတာပဲ
ဘယ်လိုမှ
မပြောချင်တော့ပါဘူး ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို
ထိခိုက်နိုင်
လိုက်လို့မမီတဲ့အမှတ်တွေကို ဇာတ်လမ်းကြည့်နေတယ် အရေးကြီးရင် သွေးစည်းပါ
ထိအောင် ခေါက်တယ်
စကားသံ အကျယ်ကြီးကြားရတယ်
ဖြစ်တည်မှုဆိုတာ
စကားသံ အဆက်မပြတ်ကြားရမယ် စဉ်ဆက်မပြတ်
ဘာကိုမှ မျှော်လင့်မထားတဲ့ညနေဟာ
သူ့ဆီကို ဘယ်လိုပြန်လာမှန်းမသိဘူး
စာရွက်ပေါ်က စာသားအတုတွေ
ဖြေးဖြေးချင်းမျှော်လင့်ရမှာပါ
ကွင်းဆက်ဟာ ရှာမတွေ့
မျှော် လင့်
ခြင်းဟာ ခဏ ခဏ ၀င်ဝင်လာနေတော့တာပါပဲ ပြောလည်း မပြောချင်တော့ဘူး
အောင်ခြင်းရှစ်ပါးဟာ
ကွန်ပြူတာထဲမှာ
ငရဲ ဟာ စိတ်ညစ်
စရာကောင်းသလား
လွမ်းတေးချို
27/10/2015
2: 52 pm
Comments
Post a Comment