ဆာရာခေး
ဘာသာပြန်တာဟာ
ကျွန်တော့်အတွက် လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပြီးရင်းနက်နေတဲ့ တွင်းနက်ကြီးရဲ
့ အောက်ခြေကို အလည်သွားသလိုပါပဲ ။ အခုတော့ လှတပတ ကောင်မလေးတစ်ယောက်ရဲ့  ကဗျာကို လက်ဆော့ပြီး
ဘာသာပြန်မိပါတယ်။ အလွဲအမှားတွေကတော့ အများကြီး ရှိမှာ အသေအချာပါပဲ ။ မနေနိုင်လို့ လက်ဆော့လိုက်တဲ့
ကောင်တစ်ယောက် ရဲ့  အပြစ်လို့ မှတ်ပေးပါ ။
အခု ဆာရာခေး
နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆာရာခေး ဟာ အမေရိကန်
ကဗျာဆရာမ တစ်ဦး ဖြစ်ပါတယ်။ သူက spoken word
ကဗျာ တွေကို ကိုယ်တိုင်ရေးသားရွတ်ဆိုတဲ့သူပါ။ spoken word
ဆိုတာ ရွတ်ဆိုဖို့ အတွက်ရေးသားတဲ့ ကဗျာပါ ။ ကဗျာကို ရွတ်ပြီး တင်ဆက်တဲ့ စိတ်ဝင်စားဖွယ်ရာ
ဆာရာခေးဟာ ဆယ်ကျော်သက်တွေရဲ့  အသဲစွဲ လို့ပြောရင်လည်း ရပါတယ်။ အခု သူရေးသား ရွတ်ဆို ခဲ့တဲ့ ကဗျာ တစ်ပုဒ် ဖြစ်တဲ့ The Type
ဆိုတဲ့ ကဗျာလေးကို တတ်နိုင်သလောက် ဘာသာပြန်ကြည့်မိပါတယ်။ ကဗျာရွတ်သိပ်ကောင်းတဲ့ ကောင်မလေး ကို မမြင်ရပဲ စာသားတွေကို
ပဲ ဘာသာပြန်ရတာဖြစ်တဲ့အတွက် ဟာတာတာ ကြီးဖြစ်နေမှာတော့ မလွဲပါဘူး ။ သူ ကဗျာရွတ်တာကို
youtube မှာ ရှာကြည့်နိုင်ပါတယ်။ အောက်မှာ
link ပေးထားပါတယ်။
လူတိုင်းဟာ နေရာလေးတစ်ခုလိုအပ်တယ် ၊
အဲ့ဒီနေရာလေးဟာ
တခြားသူတစ်ယောက်ရဲ့  အတွင်းမှာတော့
မဖြစ်သင့်ဘူး ။
Richard
Siken
သူ့ကဗျာကို
Richard Siken ရဲ့  စာသားတချို့ နဲ့ စတင်ထားပါတယ်။ လူတိုင်းဟာနေရာလေးတစ်ခုတော့လိုပါတယ်တဲ့
။ ဘယ်လိုနေရာမျိုးလဲ အပန်းဖြေစရာနေရာလား ၊ ခိုအောင်းဖို့နေရာလား ၊ လွတ်လွတ်လပ်လပ်ရှိနေပြီး
အနှောင်အဖွဲ့ကင်းတဲ့ နေရာမျိုးလား ။ အခြားသူရဲ့  အတွင်းမှာ မဖြစ်သင့်ဘူး ဆိုတော့ အခြားသူတွေ
လွှမ်းမိုးမှုတွေ မရှိတဲ့နေရာမျိုးလား ။ သေချာတော့
မင်းဟာ မင်းပဲ ဖြစ်ပါစေ ၊ အခြားသူတွေ ရဲ့  တည်ဆောက်တာမခံနဲ့ ၊ ယဉ်ကျေးမှုတွေ ၊ ရိုးရာတွေ
၊ ဓလေ့ထုံးတမ်းတွေ ရဲ့  ပုံဖော်ခြင်း ခံရတဲ့ သူတစ်ယောက် မဖြစ်စေနဲ့ လို့များ ပြောနေသလားလို့
ကျွန်တော် ဆက်စပ်တွေးမိတယ်။
မင်းဟာ ယောင်္ကျားတွေငေးစိုက်ကြည့်ချင်တဲ့
မိန်းမတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရင်
သူတို့ကိုကြည့်ခွင့်ပေးနိုင်ပါတယ်။
မျက်လုံးတွေကို လက်တွေ ၊ ပြတင်းတံခါးတွေ
၊ မှန်တွေ အနေနဲ့တော့ သူတို့အမှတ်မမှားစေနဲ့ပေါ့ ။
အမျိုးသမီးတစ်ယောက် ဘယ်လိုပုံစံရှိလဲဆိုတာ
သူတို့ကို မြင်တွေ့ခွင့်ပေးလိုက်ပါ
သူတို့ အရင်တုန်းက မြင်ဖူးချင်မှ မြင်ဖူးခဲ့မှာ
ဒီကဗျာဟာ
အမျိုးသမီးထု တစ်ရပ်လုံးကို ရည်ညွှန်းပြောဆိုနေတဲ့ ပုံစံမျိုး ၊ ဒါမှမဟုတ် သူငယ်ချင်း
မိန်းကလေးတွေကို ပြောပြနေတဲ့ ပုံစံမျိုး ပါ။ ယောင်္ကျားတွေက မင်းကိုကြည့်နေသလား ပေးကြည့်လိုက်
ဒါပေမယ့် ကြည့်တာထက်တော့ပိုမလာစေနဲ့ လက်တွေ မပါလာစေနဲ့ ။လက်တွေပါလာတာနဲ့ ဘာဖြစ်လာမလဲ
ဆိုတော့ သူတို့ဟာ မင်းကို ပုံသွင်းပစ်လိုက်မှာလေ ။ စိတ်ကြိုက်ပုံဖော်ပစ်လိုက်ကြမှာလေ။ ပြတင်းတံခါးတွေလို ပွင့်ထွက်မနေစေနဲ့ ။ မှန်တစ်ချပ်လိုဖောက်ထွင်းမြင်ရတဲ့
အရာမျိုးတော့ မဖြစ်စေနဲ့ ဟ ။ အမျိုးသမီး အစစ်အမှန်
ဟာ ဘာလဲ ဆိုတာ သူတို့ ပုံဖော်ထားတာ မျိုးမဟုတ်ပဲ မင်းက ပြသလိုက်စမ်းပါ တဲ့ ။
မင်းဟာ ယောင်္ကျားတွေထိတွေ့ချင်တဲ့ မိန်းမတစ်ယောက်အဖြစ်
ကြီးပြင်းလာခဲ့ရင်
သူတို့ကို ထိတွေ့ခွင့်ပေး နိုင်ပါတယ်။
တစ်ခါတစ်လေ သူတို့ထိတွေ့လိုက်တဲ့မင်းဟာ
သူတို့မျှော်မှန်းနေတဲ့သူမဟုတ်ဘူး ။
ပုလင်းတစ်လုံး ၊ တံခါးတစ်ချပ် ၊ ဆန်းဝှစ်
တစ်ခု ၊ ပူလစ်ဇာဆုတစ်ဆု ၊ အခြားမိန်းမတစ်ယောက် ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လက်တွေဟာ
မင်းကို ဦးဆုံးထိတွေ့ခွင့်ရခဲ့တာလေ။
ယောင်္ကျားတွေက
မိန်းမ ကို အသုံးချနေတာလည်း ဖြစ်နိုင်ပါတယ်တဲ့ ။ တစ်ခါတစ်လေ ကိုယ်နဲ့ အတူတာနေနေရတာ
သူတို့က ကိုယ်မဟုတ်တဲ့အရာတွေ အတွက်ကိုယ့်ကို အစားထိုးသုံးစွဲတာလည်းဖြစ်နိုင်ပါသေးတယ်တဲ့
။ ပုလင်းတစ်လုံးဆိုတာ အရက်ပုလင်းတစ်လုံးများဖြစ်နေမလား ၊ တစ်ခါတစ်လေ အတွက် စိတ်ထွက်ပေါက်
အတွက် လာသောက်တဲ့ အရက် တစ်လုံး အဖြစ် အစားထိုးခံရတာလည်း ဖြစ်နိုင်ပါတယ်တဲ့ ။ ၀င်ပေါက်
သို့မဟုတ် ထွက်ပေါက်တစ်ခု လည်းဖြစ်တဲ့ တံခါးတစ်ချပ် အနေနဲ့ အစားထိုးခံရတာလည်းဖြစ်နိုင်ပါတယ်။
အပျင်းပြေ အဟာရ အတွက် စားသောက်တဲ့ ဆန်းဝှစ်တစ်ချပ် ၊ ထိုက်တန်တဲ့ အောင်မြင်မှု ကိုယ်စားပြုတဲ့
ပူလစ်ဇာ ဆုတစ်ခု ၊ ဒါမှမဟုတ် အခြား မိန်းမ တစ်ယောက်နေရာမှာ အစားထိုးခံရတာလည်း ဖြစ်နိုင်ပါတယ်တဲ့
။ ဒီမှာ သတိထားမိတာက ထိချင်ရင်ပေးထိလိုက်ပါဆိုတော့ ဘာကြီးလဲလို့ တွေးနိုင်စရာရှိပါတယ်။
ကျွန်တော်လည်း တွေးခဲ့ပါတယ်။ ခန္တာကိုယ်တစ်ခုလုံးပေးထိရမှာလား ၊ အိုး နားရှက်စရာတွေ
ဖြစ်သွားနိုင်ပါတယ်။ အစဉ်အလာအားဖြင့် မိန်းမ ဆိုတာ သိက္ခာရှိရှိ နေရမှာမဟုတ်လား ။ ဒီမှာ ကဗျာဆရာမ ကတော့ ပေးထိလိုက်လို့ကော
မိန်းမတန်ဖိုး ယုတ်လျော့သွားတယ်လို့ မတွေးထင်ထားဘူး ။ အမှားတစ်ခုကို ကျူးလွန်မိသွားတာ
မဟုတ်ပါဘူး တဲ့ ။
မင်းကိုယ်မင်း ကာကွယ်စောင့်ရှောက်သူတစ်ယောက်လို
ဒါမှမဟုတ် ကိုယ်ဟန်ပြမယ်တစ်ယောက် သို့မဟုတ်
သားကောင်တစ်ကောင် သို့မဟုတ် အဆာပြေမုန့်တစ်ခု အဖြစ် အမှတ်မှား မနေနဲ့
မင်းဟာ မိန်းမတစ်ယောက် ၊ အသားအရေ နဲ့
အရိုးတွေ ၊ သွေးကြောတွေ နဲ့ အာရုံကြောတွေ ၊ ဆံပင်တွေ ချွေးတွေနဲ့ လေ ။
မင်းဟာ အညွှန်းခံအလင်္ကာတွေနဲ့ တည်ဆောက်ထားတာမဟုတ်
၊ တောင်းပန်မှုတွေမဟုတ် ၊ ဆင်ခြေတွေမဟုတ်
မင်း ဟာ မိန်းမသားတစ်ယောက်
လူသားတစ်ယောက်ပဲလေ ။ ကြီးမြတ်တဲ့ ကာကွယ်စောင့်ရှောက်သူကြီးမဟုတ်ဘူး ။ သွေးနဲ့သားနဲ့တည်ဆောက်ထားတာ
။ ဒါပေမယ့် မင်းဟာ အများသူတွေ ပုံသွင်းထားတဲ့ မိန်းမ မဟုတ်ဘူး ။ တစ်စုံတစ်ခုဖြစ်ခဲ့ရင်တောင်
မင်းကတော်လေးဝင် ဖြစ်တဲ့မိန်းမတွေနဲ့ အနှိုင်းခံဖို့လည်း မဟုတ်ဘူး ။ တောင်းပန်မှုတွေ
ပြုလုပ်နေစရာလည်းမလိုဘူး ။ ၀မ်းနည်းနေစရာလည်း မလိုဘူး ။ လူသားတစ်ယောက်အနေနဲ့ ဖြစ်သင့်
ဖြစ်ထိုက်တဲ့ ကိစ္စတွေ ဖြစ်နေတာ လေ ။
မင်းဟာ ယောင်္ကျားတွေ လက်တွဲချင်တဲ့ မိန်းမတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့ရင်
သူတို့ကို လက်တွဲခွင့်ပေးနိုင်ပါတယ်။
တစ်နေ့လုံး သူတို့ခန္တာကိုယ်ကို တည့်မတ်ဖို့
လေ့ကျင့်နေမယ်
ဆင့်ကဲဖြစ်စဉ်ပြောင်းလဲလာပြီးလာတောင်မှ
သဘာဝမကျသလို ခံစားနေရဦးမှာပါပဲ ။
ကြွက်သားတွေ အားစိုက် ၊ လက်မောင်းနဲ့
ကျောကိုသာ တင်းတင်းဖက်ထားလိုက်စမ်းပါ။
ကိုယ့်ကိုယ်လာပြီးလက်တွဲချင်တဲ့
အမျိုးသားတွေရှိရင် ခွင့်ပြုလိုက်ပါတဲ့ ။ ဂူထဲမှာနေခဲ့တဲ့ရှေးခေတ်လူတွေဟာ ခါးကုန်းကြီးတွေလေ
။ အခုလို ခါးကုန်းကြီးတွေတောင် ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်မတ်မတ် လူသားတွေအဖြစ်
ဆင့်ကဲပြောင်းလဲ ခဲ့ပြီမဟုတ်လား ။ အခုလိုပြောင်းလဲခဲ့တာတောင် သဘာဝမကျသလို ခံစားကောင်း
ခံစားနေရဦးမျာပဲ ။
ယောင်္ကျားတချို
့သာ လက်တွဲလိုက်ခြင်းဟာ ဘယ်လိုခံစားရမလဲဆိုတာ သိချင်လိမ့်မယ်
သူတို့ကိုယ်သူတို့
Question mark တစ်ခုလို မင်းအနားမှာတွန့်လိမ်ပစ်ဖို့
အခုထိသူတို့ဆီမှာမရှိသေးတဲ့အဖြေ
ဟာ မရှိသေးဘူးဆိုတာကို ၀န်ခံလိမ့်မယ်။
အချို့  ယောင်္ကျားတွေက
မင်း အဖြေအနေနဲ့ လက်တွဲချင်ကြလိမ့်မယ်။
မင်းဟာ အဖြေမဟုတ်ဘူး
။
မင်းဟာ ပုစ္ဆာမဟုတ်ဘူး ၊ မင်းဟာ ကဗျာမဟုတ်ဘူး ၊ ရယ်ရတဲ့ဇာတ်လမ်းမဟုတ်ဘူး
၊ စကားထာ မဟုတ်ဘူး ၊ ပျက်လုံးလည်းမဟုတ်ဘူး ။
ယောင်္ကျားအနည်းငယ်ကသာ
သူတို့ ချစ်တဲ့မိန်းမ အကြောင်း သူတို့ မသိတဲ့အကြောင်းဝန်ခံလိမ့်မယ် ။ တချို့  အတွက်တော့မင်းဟာ ဖြေရှင်း အဖြေရှာနေရတဲ့ ပုစ္ဆာတစ်ပုဒ်
၊ ဖြေရှင်းလို့လည်းမရတဲ့ပုစ္ဆာ ၊ နားလည်ရခက်တဲ့ပြဿနာ ။ ဒါမှမဟုတ် အဖြေ တစ်ခု ၊ ထွက်ပေါက်တစ်ခု
၊ မွန်းကြပ်နေတဲ့ အခန်းတစ်ခုရဲ့  လေရှုပေါက်တစ်ခု အနေနဲ့ ပြောကြလိမ့်မယ် ။ မင်းဟာ ကဗျာတစ်ပုဒ်
အဓိပ္ပာယ်ရေရေရာရာ မသိတဲ့ ကဗျာတစ်ပုဒ် ဒါမှမဟုတ်
ဖတ်လိုက်ပြီးမှ ဆို့နင့်ပြီး ကျန်ခဲ့တဲ့ ကဗျာတစ်ပုဒ် ၊ အကြိမ်ကြိမ်ဖတ်မှ တစ်ခုတစ်လေ
လောက်သာ အနက်ဖွင့်လို့ရတဲ့ ကဗျာတစ်ပုဒ် ၊ ဘာမှန်းမသိပဲ ဖတ်နေရတဲ့ ကဗျာ ၊ နာမည်ကြီး
ကဗျာ ။ မင်းဟာ ရယ်ရတဲ့ ပျက်လုံးတစ်ခု ၊ မင်းကိုယ်တိုင်ဟာ ရယ်စရာဖြစ်မနေပဲ သူများတွေကိုသာရယ်မောစေတဲ့
ပျက်လုံးတစ်ခု ၊ လူတွေ အကြိမ်ပေါင်းမြောက်မြားစွာ ပြောတာကြောင့် မရယ်ရတော့တဲ့ ဟာသ ။
မင်းဟာ သိပ်လျို့ ဝှက်တဲ့ စကားထာ ၊ အပျင်းပြေဖွက် ကြတဲ့ စကားထာ ၊ မင်းဟာ အဲ့ဒါတွေတစ်ခုမှ မဟုတ်ဘူး ။
မိန်းမ… မင်းဟာ
ယောင်္ကျားတွေချစ်ချင်တဲ့သူအဖြစ် ကြီးပြင်းလာခဲ့ရင်
သူတို့ကို
ချစ်ခွင့်ပေးနိုင်ပါတယ်။
အချစ်ခံရတာဟာ
ချစ်ခြင်းနဲ့ တူတဲ့အရာမဟုတ်ဘူး ။
မင်းချစ်သွားတဲ့အခါ ဗွက်အိုင်ငယ်လေးကို နှစ်ပေါင်းများစွာခုန်ပေါက်ကျော်လွှားပြီးနောက်
သမုဒ္ဒရာကြီးကို ရှာဖွေတွေ့  ရှိတာပါပဲ
မင်းမှာလက်တွေရှိတယ်ဆိုတာကို
သိရှိသွားတာပဲ ။
အားလုံးအိမ်ပြန်သွားတဲ့အချိန်မှာ
ကြိုးတန်းပေါ်လမ်းလျှောက်ခြင်းပဲ ။
အချစ်ခံရတာကြောက်မနေပါနဲ့
။ ချစ်ရတာမှ လွယ်တာမဟုတ်ဘူး ။ သမုဒ္ဒရာ ကြီးထဲမှာ
ကူးခတ်ရတာမျိုး ။ ရွံ့ ဗွက်အိုင်လေး ခုန်ကျော်ဖူးတဲ့ အတွေ့ အကြုံ လောက်နဲ့ သမုဒ္ဒရာကူးရတဲ့
အတွေ့ အကြုံက ကွာတယ်လေ။ ရွံ့  ဗွက်အိုင်လေး
ခုန်ကျော်ရတာ ပျော်စရာကောင်းတယ် ။ အန္တရာယ်မရှိဘူး ။ မတော်တဆ ချော်ကျ ရင် တောင် ပွန်းပဲ့ရုံပေါ့
။ ချစ်မိသွားတဲ့အချိန်မှ မင်းမှာ လုပ်ရည်ကိုင်ရည်တွေရှိတယ် ။ ဘယ်လို အစွမ်းသတ္တိမျိုးရှိတယ်ဆိုတာ
ပိုသိလာလိမ့်မယ်။ စွန့်စားရမယ် ။ ပိုမိုလှပတဲ့ အလှတရားတစ်ခုကိုလည်း တွေ့လာမယ် ။ ငေးမော
ကြည့်ရှု ရမယ် ။ အံ့သြမင်သက်ရမယ် ။ သားရဲ ရန်လည်း ကြောက်ရဦးမယ် ။ ဘာပဲဖြစ်ဖြစ် မင်းလက်နဲ့
မင်းကိုယ်တိုင် ထုဆစ်ရမှာ ၊ မင်းဘ၀ကို မင်းပုံဖော်ရမှာ ၊ တခြားသူတွေလက်နဲ့ ပုံသွင်းခံရတာမျိုးတော့
မဟုတ်ဘူး လေ။
ဘယ်သူမှ မရှိတဲ့အချိန်
ကြိုးတန်းပေါ်လမ်းလျှောက်ခြင်းတဲ့ ။ ဘယ်သူမှလည်း မကြည့်ဘူး ။ ဘယ်သူမှလည်းမသိဘူး ။ အောင်မြင်သွားလည်း
ဘာမှမထူးဘူး ။ ပြုတ်ကျရင်လည်း တစ်ယောက်တည်း နာကျင်ရမှာ ၊ ကြေကွဲရမှာ ။ ချစ်မိသွားခဲ့ပြီ
မဟုတ်လား ။
မင်းဟာ ယောင်္ကျားတွေက နာကျင်အောင်ပြုလုပ်မည့်
မိန်းမ အမျိုးအစား ဖြစ်သလားဆိုတာ တွေးတောပြီး အချိန်ကုန်မခံပါနဲ့
မင်းကို ကားအချက်ပေးအော်မြည်သံလို အသဲ
နဲ့ ထားခဲ့မယ်ဆိုရင် တစ်ယောက်တည်း သီချင်းဆိုဖို့
သင်ယူထားပါ။
မင်းကို ဘယ်
ယောင်္ကျားကမှ နာကျင်အောင် မလုပ်နိုင်ပါဘူး ။ ကားအချက်ပေးသံလို အသဲ ။ တချို့ ကားတွေ က
အနားကပ်လိုက်တာနဲ့ အချက်ပေးသံ တွေ ထထမြည်တယ် ။ သံသယနဲ့ ကြည့် နေတဲ့ လူ့အဖွဲ့အစည်းမှာ
အချက်ပေးသံတွေ နေရာအနှံ့ပေါ့ ။ အခုလည်း အသဲက အချက်ပေးသံတွေနဲ့ အနားကပ်လာသမျှကို ထထအော်
တာမျိုး ။ ဒဏ်ရာရနေတဲ့အသဲ ပေါ့ ။ တစ်ခါသေဖူးတော့
ပျဉ်ဖိုးနားလည်နေတာမျိုး ။ အချက်ပေးခလုတ်တွေကို ဖြုတ်ပစ်လိုက် ။ အဲ့လို အဖြစ်မျိုးနဲ့
ထားခဲ့ရင် အေးအေးဆေးဆေးသီချင်းလေးညည်းနိုင် အောင် ကျင့်ထားပေတော့ ။ ကြိုတင်ပြင်ဆင်ထားပေတော့
။
သမုဒ္ဒရာကြီးကို ချစ်နေရတာကို ရပ်တန့်ပစ်လို့ဖို့ခက်ပါတယ်။
မင်းကို မွန်းကြပ်ကြပ် ၊ ငန်တူးတူးနဲ့
ထားခဲ့တာတောင်မှ
ပင်ပန်းတယ်
အရမ်းပင်ပန်းတယ် ။ အသက်ရှု ရပ်တန့်သွား မတတ် ၊ လူကလည်း ငန်ကျိကျိနဲ့ ပူလောင် စပ်ဖျင်း
နေမယ်။ ရေငတ်မယ်။ ဒါပေမယ့် ကူးခတ်နေရမှာပါပဲ ၊ ရပ်တန့်ပစ်လိုက်ဖို့ခက်မှာ ။ သောက်လေသောက်လေ
ငတ်မပြေ ဆိုတာ ဒါမျိုးဖြစ်နေမလား ။ ချစ်ပြီးမှတော့ ဘာလို့ များ အချစ်တွေကို ခ၀ါချ ပစ်နိုင်မလဲ
လေ ။
ဒါကြောင့် မင်းချခဲ့တဲ့ ဆုံးဖြတ်ချက်တွေအတွက်
မင်းကိုယ်မင်းခွင့်လွှတ်လိုက်ပါ
ညကာလမှာ ၀ှက်ထားတဲ့ အမှားလို့ခေါ်ဆိုလို့ရတဲ့
အရာတွေ ကိုရောပေါ့
ဆုံးဖြတ်ချက်အမှားတွေရှိမယ်
။ လူတိုင်းဟာ အမှားနဲ့မကင်းပါဘူး ။ ကိုယ်နဲ့ မဖြစ်သင့်တဲ့ လူတစ်ယောက် နဲ့ ပေါင်းဖက်မိမယ်
။ ဒါဟာအမှားပါပဲလို့ နောင်တတွေ ရမနေပါနဲ့ ။ ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပေးပါ ။
ခေါင်းအုံးပေါ်မျက်နှာအပ် ငိုခဲ့ရတဲ့ ညတွေ ကုန်ဆုံးပစ်ပါတော့ ။
ပြီးတော့ ဒါကို သိထားပါ ။
မင်းဟာ မင်းပိုင်တယ်ဆိုတဲ့နေရာကိုရှာဖွေနေတဲ့
မိန်းမ အမျိုးအစား ဖြစ်တယ်ဆိုတာ သိထားပါ ။
ရုပ်ထုတွေကို ချေမွပစ်လိုက်စမ်းပါ။
မင်းမှာ နေရာ အမြဲ ရှိပါတယ်
မင်းဟာ အဲဒီနေရာလေးကို မင်းကိုယ်တိုင်
တည်ဆောက်နိုင်တဲ့ မိန်းမမျိုးပဲ
မင်းဟာ တည်ဆောက်ဖို့မွေးဖွားလာခဲ့တာလေ
။
ကဗျာအစမှာ
ပြောခဲ့သလိုပဲ လူတိုင်းမှာနေရာလေးတစ်ခုလိုတယ်။ အဲ့ဒီနေရာဟာ ကိုယ်ပိုင်တဲ့ကိုယ့်နေရာလေးဖြစ်ဖို့လိုတယ်။ ရုပ်တု တွေ ၊ ရုပ်ထုတွေကို ချေမွပစ်လိုက်စမ်းပါ။
မိန်းမဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး လူတွေ သတ်မှတ်ကြတဲ့ စံနှုန်းတွေကို ရိုက်ချိုးပစ်လိုက်စမ်းပါ
။ ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မခံပါနဲ့ လွတ်လပ်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရှင်သန်ပစ်လိုက်ပါ
။ အဲဒီလို အခြေအနေမျိုး ရောက်ဖို့ဆိုတာ ကိုယ်တိုင်တည်ဆောက်မှ ရမယ် ။ မှတ်ထားလိုက်ပါ
မင်းဟာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး လျှောက်ဖို့ ကမ္ဘာမြေကြီးပေါ်ကို ရောက်ရှိလာခဲ့တယ်ဆိုတာ
။
The Type
Everyone
needs a place. It shouldn’t be inside of someone else. -Richard Siken
If you
grow up the type of woman men want to look at,
You can
let them look at you. But do not mistake eyes for hands.
Or
windows.
Or
mirrors.
Let them
see what a woman looks like.
They may
not have ever seen one before.
If you
grow up the type of woman men want to touch,
You can
let them touch you.
Sometimes
it is not you they are reaching for.
Sometimes
it is a bottle. A door. A sandwich. A Pulitzer. Another woman.
But
their hands found you first. Do not mistake yourself for a guardian.
Or a
muse. Or a promise. Or a victim. Or a snack.
You are
a woman. Skin and bones. Veins and nerves. Hair and sweat.
You are
not made of metaphors. Not apologies. Not excuses.
If you
grow up the type of woman men want to hold,
You can
let them hold you.
All day
they practice keeping their bodies upright—
Even
after all this evolving, it still feels unnatural, still strains the muscles,
Holds
firm the arms and spine. Only some men will want to learn
What it
feels like to curl themselves into a question mark around you,
admit
they do not have the answers
They
thought they would have by now;
Some men
will want to hold you like The Answer.
You are
not The Answer.
You are
not the problem. You are not the poem
or the
punchline or the riddle or the joke.
Woman.
If you grow up the type men want to love,
You can
let them love you.
Being
loved is not the same thing as loving.
When you
fall in love, it is discovering the ocean
after
years of puddle jumping. It is realizing you have hands.
It is
reaching for the tightrope when the crowds have all gone home.
Do not
spend time wondering if you are the type of woman
men will
hurt. If he leaves you with a car alarm heart, you learn to sing along.
It is
hard to stop loving the ocean. Even after it has left you gasping, salty.
Forgive
yourself for the decisions you have made, the ones you still call
mistakes
when you tuck them in at night. And know this:
Know you
are the type of woman who is searching for a place to call yours.
Let the
statues crumble.
You have
always been the place.
You are
a woman who can build it yourself.
You were
born to build.
လွမ်းတေးချို
၂၅.၃.၂၀၁၆
Comments
Post a Comment