အမြန်နှုန်းနဲ့ ထုတ်ထားတဲ့ တစ်ခုခု
အမြန်နှုန်းနဲ့
ထုတ်ထားတဲ့ တစ်ခုခု
လမ်း က အရမ်းမတ်တယ်
ကားတွေဟာ
ဒီအတိုင်းလှိမ့်ဆင်းသွားလိမ့်မယ်
အဲ့ဒီတော့
ဂျမ်းတုံးခု
လိုဏ်းခေါင်းထဲရောက်တော့
အသက်ရှူ ကြပ်လာတယ်
အမှောင်ကို
ကြောက်ရင် စိတ်ထဲမှာ တမျိုးဖြစ်မယ်
မြွေလိမ်မြွေကောက်ထက်ပိုတယ်
ဒါဟာ လွန်းထိုးပဲ
ငါတို့လောက်
မလှဘူးလို့ ပြောကောင်းပြောမယ်
လမ်းဟာ ဒီလိုပဲ
၊ အမြင့်ဆုံးကို ရောက်မှတော့ အမြင့်ကြောက်မနေနဲ့
လမ်းတစ်ဖက်
တစ်ချက် ဆီမှာ နှင်းနံရံ ကြီးတွေ
အေးချင်အေးသွားမယ်
ခဲချင်ခဲသွားမယ် လိုက်မယ်ဆိုလာခဲ့
မပြင်ပဲထားတော့
မပျက်စီး ဘူး
စီမံကိန်းနဲ့
မလွတ်လို့ ခုတ်ပေးလိုက်ရတဲ့ သစ်ပင်
ဘယ်နားမှာလဲ
မမေးနဲ့
အဖြေဟာ ငါ့ဆီမှာ
ရှိတယ်လို့လည်း မမှတ်နဲ့
လွမ်းတေးချို
၂၀.၄.၂၀၁၆
Comments
Post a Comment