အသွင်ပြောင်းလိုက်တာနဲ့ အသွင်ပျောက်သွားမှာစိုးရ

မတွေးဖြစ်အောင်နေစမ်းပါ သင်ဟာလူသားဘယ်လောက်ဆန်နိုင်မှာလဲ
အမှောင်နှစ်ခုပေါင်းစပ်တဲ့အခါ အလင်းတွေထွက်လာမှာ ရိုင်းရိုင်းစိုင်းစိုင်း ရဲမက်တွေ
ဘယ်လိုအမှောင်မျိုးလဲ အကောင်းဆုံးသတို့သမီးဟာ ၀တ်စုံထဲမှာ ရောက်နေတယ်
ချွေးတဒီးဒီးကျခဲ့ပြီးမှ ကာလတစ်ခုအရောက်မှာ ခလုတ်ကို ပိတ်ပစ်မှာ
အဲ့ဒီလက်ဗွေရာဟာ လူမှားသွားတာတဲ့ နယ်နိမိတ်ချင်းထိစပ်မိကြပြီ
ဂန္တ၀င်ထဲပြန်ရောက်တော့ မိုးသီးတွေကြွေမြဲ
ဂြိုလ်အသစ်ကြီးမဟုတ်ပေမယ့် နားလည်မှုဆီရောက်မသွားဘူး
လူစားထိုးတယ်ဆိုတာ ယပ်ခတ်ပြီးနာလိုက်ရတဲ့တရား အသစ်ထဲမှာအရာရာဟာ ဟောင်း/သစ်
ချမ်းမြေ့ပါစေတို့ ဘာတို့နဲ့ အိမ်ထဲမှာ ဂုဏ်ကျက်သရေဟာ ကျက်သရေကိုရှိလို့
ကောင်းကင်ကြီးစီးပြီးလာခဲ့တယ် လမ်းပေါ်မှာ မီးမကစားနဲ့
လမ်းရောက်မှ လှည့်ပြန်စတမ်းဆိုတော့ နွံထဲကကြာ နွံထဲမှာ ကြာသလားမမေးနဲ့
ငါက ဇာတ်ရုပ်အသစ်ကြီးနဲ့ လူလုပ်ရတယ် တစ်ရံရောအခါကပေါ့
ဦးနှောက်ဟာ ချွေးထွက်မြဲပဲ နှင်းဆီက တက်တူးထိုးပေးပါတဲ့
ဖက်ထားတာနဲ့ဖယ်ထားခံရတာ မြင်ကွင်းထာဝရ
အကောင်းဆုံး ဒရာမာဟာလည်း လိပ်ပြာ မသန့်
ဒီလိုဇာတ်မျိုးပဲ/ပုံပြင်မျိုးပဲ / အသွားအလာတူတယ် နောက်ဆုံး
အန္တရာယ်များဖြင့် ကစားခြင်း (လှပစွာ) စတိုင် ထုတ်
အစအနတောင် မကျန်ခဲ့တဲ့ကောင်းကင်ဘုံလား ရင်ခွင်ဟာ အဆုံးမဲ့ ကျယ်ဝန်းတယ် သိလား
မုဆိုးတွေကိုမှ အမဲလိုက်တတ်တဲ့ သားကောင်အမျိုးအစား မငိုပါနဲ့ မိုး /ဆောင်း
ဒါပြီးရင် ပြန်ရမယ်နော် နွေ
ကောက်ချင်တဲ့စိတ်ဟာ ဖြေတွေးနဲ့ နှစ်ပါးသွားရတယ်
ဘယ်အရာကမှ ခွဲခွာသွားအောင် မလုပ်နိုင်ဘူး အခန်းနံပတ်ဘယ်လောက်
သေတ္တာထဲကနေ ထွက်လိုက်တော့ ဘယ်ကိုရောက်သွားတာလဲ


လွမ်းတေးချို

၃၀.၅.၂၀၁၆
ညနေ ၃ နာရီ ၅၀ မိနစ်

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်