နာကျင် အချိန်ပို
နာကျင် အချိန်ပို
နာကျင်မှုတွေ
စိုးရွံ့  မှုတွေနဲ့ အသားကျပြီးတဲ့နောက်
အလိုလို နာကျင်နေရာ
စိုးရွံ့  နေရတာတွေကို
အထူးအဆန်းလို
လာလာကြည့်ကြတယ်
ဘာကြောင့်လဲလို့မေးတယ်
ငါနင့်ကို
သိပ်မသင်္ကာ ဘူး
နင်တစ်ခုခု
အမှားလုပ်ထားတယ်မလား ဖြေစမ်း တဲ့
လုံလောက်တဲ့
အဖြေ ဘယ်သူပေးနိုင်မှာလဲ ။
မတတ်နိုင်ဘူး
မဟုတ်လား
အနှိုင်းခံရမယ်
အရိုင်းဆန်ကြမယ်
ဘယ်တတ်နိုင်ပါ့မလဲ
နာကျင်လိုက်ပေါ့
ဘယ်မှာမှ
ရှာမတွေ့တော့တဲ့
နှစ်သိမ့်ဆွေးနွေးနည်း
တစ်ခုရှိတယ်
မျက်စောင်း
ပဲ
ယုံချင်ယုံ
မယုံချင်နေ နာကျင်ရမယ်
လွမ်းတေးချို
20.4.2016
Comments
Post a Comment