တစ်ယောက်ထဲနေရင်ကောင်းမလား ၊ တစ်ယောက်ထဲလည်း မနေတတ် ၊ လူတွေကြားလည်း မနေတတ်

တစ်ယောက်ထဲနေရင်ကောင်းမလား ၊ တစ်ယောက်ထဲလည်း မနေတတ် ၊ လူတွေကြားလည်း မနေတတ်


အရင်တုန်းက sky view တွေကို ကြည့်တယ် ၊ စူးစမ်းတယ်
Google Map  ပေါ်မှာ ပျောက်ဆုံးသွားတဲ့ငါ့ရဲ့  စူးစမ်းလိုစိတ်
လေယာဉ်စီးရရင် ပျော်တတ်လွန်းတဲ့စိတ်    ကုန်ပြီ
ခရီးထွက်ခဲ့တာ 
ခရီးတွေဆီက ထွက်ခဲ့ချင်တာ
လေဆိပ်ထဲမှာ ဘယ်သူရှိမလဲ
ပြန်လာချင်သူတွေ ပြန်မလာချင်သူတွေ
ပြန်မလာတော့ဘူးတွေ
အကိုမလေးရှားလား တွေ
လက်ထဲမှာ အိပ်မက်ရှိသလား
ကံကိုယုံပြီး နင်းခဲ့တဲ့ဆူးပုံ
လက်ဖ၀ါးကို တင်းတင်းဆုပ်မယ်
တစ်ကားလုံးမှာလည်း အလ္လာဆီသွားမည့်သူတွေချည်း
ငိုမိတဲ့ညက လေယာဉ်ပျက်ကျသလား
မထိန်းနိုင်တဲ့အရှိန်နဲ့ သဘောတူလိုက်ရ
ခါးပတ်ကို ပတ်ထားမယ်
အဖေပြောသလိုဆိုရင် ပျက်ကျလို့ကတော့
တစ္ဆေပါသေမယ်
ကြေငြာတွေနဲ့လမ်းသလားသလား
လူသားဟာ ဘာအတွက်ကြောင့်  ဘုရားသခင်တွေဆီအလည်သွားခဲ့တာလဲ
အစာမကြေနိုင်သေးတဲ့ ဆင်းရဲမွဲတေမှု
တန်းတူညီမျှမှုဆိုတဲ့ စကားလုံးအပေါ် ယုံကြည်နေတုန်းလား
ယုံတာနည်းလာတော့ မကြည်တော့ပါဘူးလေ
အတိတ်တွေချည်း ထပ်နေသလိုခံစားရ
မတွေ့ဖြစ်တဲ့သူငယ်ချင်းတွေနဲ့ ဆုမတောင်းဖြစ်ခဲ့တဲ့မွေးနေ့တွေ
မေ့ခဲ့တာလား
ဂရုမစိုက်တာလား
Focus  ကို နည်းနည်း ပြန်ရွှေ့ 
ရွေးချယ်ခွင့်မရှိပဲ လုပ်ခဲ့ရတဲ့အလုပ်များ
အတတ်လည်း မတွန့် နဲ့
အတွန့်လည်း မတက်စေနဲ့
ထားရမှာနေ
အိမ်ဟာ သဘာဝ မဟုတ်ဘူး
ငါက သဘာဝကျတဲ့အိမ်မျိုးကို လိုချင်တယ်လို့ ဆိုတယ်
ငါဟာ ရယ်စရာကောင်းလာတယ်
ငါဟာ ပျက်လုံးတွေကြည့်မည့်အစား
ငါ့ကိုယ်ငါ တွေးတွေးပြီးရယ်တယ်
သဘာဝ ကျတယ်မဟုတ်လား
ကိုယ့်သဘာဝဟာ ကျလောက်တယ် မဟုတ်လား
လက်ရေးက ဖတ်ဖို့ခက်လာတယ်
လက်ရေးလှ ဆိုတာ ဘယ်လို အဓိပ္ပာယ်မျိုးလဲ
စောင့်မလား စားမလား
စကားကုန်လာတယ်
ကစားနည်းအသစ်တစ်ခုလိုတယ်

လွမ်းတေးချို
၂၀၁၅


Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်