ဘယ်သူဖြေမလဲ
ဘယ်သူဖြေမလဲ
ဘယ်အရက်ခွက်မှာ ငါတို့မူးခဲ့တာလဲ
ဘယ်ရုပ်ရှင်မှာ ငါတို့ မျက်ရည်ကျခဲ့တာလဲ
ဘယ်ကောင်မလေးကြောင့်
ငါတို့ အိမ်ပြန်နောက်ကျခဲ့တာလဲ
ဘယ်သူ့တရားမှာ ငါတို့ ကျွတ်တန်းဝင်မလဲ
ဘယ်သူ့အိပ်မက်ကဈေးကြီးပြီး
ဘယ်သူ့အဖြစ်က
ရောင်းတန်းမဝင် ဖြစ်ရတာလဲ
ဘယ်သူ့ တစ်ရှုးစက ရေစိုခံသလဲ
ဘယ်တုန်းက စသိတာလဲ
ဘယ်လမ်းမှာ ငါတို့မှားခဲ့တာလဲ
ဘယ်ကောက်ရိုးက
ကုလားအုတ်ခါးကို ကျိုးစေတာလဲ
ဘယ်သူ့ အမုန်းက ရေချိန် အကိုက်ဆုံးလဲ
ဘယ်သူက ဒီကဗျာဖတ်မလဲ
ဘယ်ရုပ်ရှင်မှာ ငါတို့ မျက်ရည်ကျခဲ့တာလဲ
ဘယ်ကောင်မလေးကြောင့်
ငါတို့ အိမ်ပြန်နောက်ကျခဲ့တာလဲ
ဘယ်သူ့တရားမှာ ငါတို့ ကျွတ်တန်းဝင်မလဲ
ဘယ်သူ့အိပ်မက်ကဈေးကြီးပြီး
ဘယ်သူ့အဖြစ်က
ရောင်းတန်းမဝင် ဖြစ်ရတာလဲ
ဘယ်သူ့ တစ်ရှုးစက ရေစိုခံသလဲ
ဘယ်တုန်းက စသိတာလဲ
ဘယ်လမ်းမှာ ငါတို့မှားခဲ့တာလဲ
ဘယ်ကောက်ရိုးက
ကုလားအုတ်ခါးကို ကျိုးစေတာလဲ
ဘယ်သူ့ အမုန်းက ရေချိန် အကိုက်ဆုံးလဲ
ဘယ်သူက ဒီကဗျာဖတ်မလဲ
လွမ်းတေးချို
Comments
Post a Comment