လမကူး နှစ်မကူးမီ
လမကူး နှစ်မကူးမီ
လစာကတော့ ငါ့ဆီမလာသေးဘူး
သူများတွေဆီရောက်နေပြီ
အဲ့ဒီသတင်းစကားထက် ၀မ်းနည်းစရာကောင်းတာရှိဦးမလား
တစ်ယောက်တည်းစကားပြောနေတဲ့သူနဲ့ သွားမထိုင်နဲ့သိလား
သူတို့က တစ်ယောက်တည်းတောင် ဒီလောက်ပြောနေတာဆိုတော့
နေရင်းထိုင်ရင်း ကိုယ်က ပရိတ်သတ်ဖြစ်သွားမှာ
အလုပ်တွေများလွန်းတဲ့အခါ ဘယ်ကစရမှန်းမသိသလို
ဘာအလုပ်မှ လုပ်စရာမရှိတဲ့အခါလည်း ဘယ်ကစရမှန်းမသိ
အကြံသိုးကြီးတွေနဲ့အတူ
သွားသတိ၊ လာသတိ ၊ စားသတိ
သတိနဲ့ကြည့် သတိနဲ့သွား
ဘာမှထပ်မပြောဖြစ်တော့ ဘာမှလည်း မရ
ဘာရေးချ ဘာမှမရ စာရေးချ စာမှမရ
ငါရေးချ ငါမှမရ တဲ့ အခြေအနေတွေနဲ့ သူတင်ကိုယ်တင်
သူတင်ကိုယ်ကျ
အလားအလာတွေလား အလားအလာကောင်းပါတယ်
အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါပြီပေါ့

လွမ်းတေးချို
၂၆.၁၂.၂၀၁၇
၂၆.၁၂.၂၀၁၇
Comments
Post a Comment