ဖောင်းထုခြင်း

ဖောင်းထုခြင်း
ဒီမိုကရေစီကျ ရချင်တယ်
အဆီကျ မချချင်ဘူး
ဟဟပဲ ရမယ်
အပြောနဲ့ အလုပ်မညီဘူး
အချစ်လာမတောင်းနဲ့
ဟဟပဲ ရမယ်
အလိမ်စကားတွေနဲ့ မနစ်မျှောစေနဲ့
ဘာမှတော့ မရဘူး
ဟဟ ပဲ ရမယ်
ဓာတ်ပုံလေး တပြပြနဲ့
ဘာရမလဲ တွေးတယ်
ဟဟ ပဲ ရမယ်
ယုံကြည်မှု တည်ဆောက်မယ်
စကားဝိုင်းတွေ တန်းစီ
ဟဟ ပဲ ရမယ်
တံတားတွေဆောက်တယ်
တံတိုင်းတွေ ထိုးတယ်
ဟဟ ပဲ ရမယ်
ကျူးကျော်တွေလား
ပြည်တွင်းစစ်တွေလား
ဟဟ ပဲရမယ်
ဟဟ နိုင်ငံတော်ကြီးမှာ
ဟဟ ထက်ပိုပြီး ဘာလိုချင်သလဲ
ဟ ဟ ဠ အ
ဘာနဲ့မှ အစားမထိုး နိုင်တဲ့
ဟဟ
ဇွဲမလျှော့နဲ့
ဟဟ
ဟဟ ပြီးတော့လည်း ဟဟ
ဟဟ မဟဟ ဟဟ
ဟ နှစ်လုံးကိုသိလား
ဟဟ
ဆင်းရဲမွဲတေမှုလား ဟဟ
စင်္ကာပူကို ကျော်တက်မယ်ဆိုလား ဟဟ
ဟဟ ဟဟ ဟဟ
ငါ့ကိုယ်ငါလည်း ဟဟ
ငါ့ကိုယ်လည်း သူတို့က ဟဟ
သူတို့ကိုလည်း ငါက ဟဟ
ဒီကဗျာကလည်း
ဟဟ
လွမ်းတေးချို
၁၂.၄.၂၀၁၇

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်