အလွဲ

အလွဲ

ပြိုင်တူတွန်းရင်ရွေ့တာတော့
အမှန်ပဲ
အခန့်မသင့်ရင်သာ
ချောက်ထဲ တွန်းမိတတ်တာ
လွမ်းတေးချို


အလွဲ (၂ )
အာဏာရှင်ဟာ
သူ့ကိုယ်သူ
အာဏာရှင်ဖြစ်နေမှန်း မသိဘူး

လွမ်းတေးချို


အလွဲ (၃)

တစ်ပြည်လုံးက
အသိမ်းခံရလုနီးပေမယ့်
နန်းလုလို့ မဝသေးတဲ့ 
မင်းသားတွေနဲ့
လွမ်းတေးချို


အလွဲ (၄)

ပြောတော့ ဘုရင်
ဆင်ဖြူကိုတော့
ရှာလို့မဆုံး
လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်