အထီးကျန်ကမ်းခြေ
အထီးကျန်ကမ်းခြေ
သနပ်ခါးတွေ
လိမ်းပြီး
ပွဲလိုက်ရမလား
စောင့်နေတဲ့ကလေး
အငြင်းဝါကျတွေဟာ
ကျည်ဆံတွေလို
မိုးပေါ်က ပြိုကျလာတယ်
ထူး
ထူး
ချွန်
ချွန်
ထုံလာခဲ့ ။
ဆယ်ကျော်သက်အရွယ်မှာ
ကျိတ်ဝိုင်းလေးတွေ
ရှိမှန်းတောင်မသိခဲ့ရဘူးဆိုလား
အတွဲချောင်းတာတောင်
အဖော်စပ် မခံရဘူးဆိုလား
သူငယ်ချင်းတွေ
ပေါင်းပြီးကြည့်တဲ့
ဗီဒီယိုအပြာကားကို
မကြည့်ခဲ့ရဘူးဆိုလား
ဒီလိုနဲ့
တစ်နေ့ပြီးတစ်နေ့
ရွေ့ ပြီးရင်းရွေ
့တဲ့အခါ
ကင်မရာ ဖိုးကပ်စ်ရွေ
့လာတဲ့မြင်ကွင်းများ
အလားတူသဏ္ဍန်တူ
ဇာတ်ကွက်များ
ဒဏ်ရာဟာ
ထမင်းရည်ချောင်းစီး
မောင်းတီးအလှူပေးလို့ရလာ
လုပ်ငန်းခွင်ထဲမှာ
လူမှုဆက်ဆံရေးထဲမှာ
အရှိန်နဲ့ထိုးဆင်းနေတဲ့ယာဉ်ပေါ်က
ဂုဏ်သိက္ခာထဲမှာ
တောင်ကျရေဟာ
အရှိန်နဲ့စီးဆင်းဖို့
အမြင့်ကို တက်ခဲ့ရတယ်
တောင်တွေကို
မော့ကြည့်သူဟာ
တောင်တွေ အဝေးကြီးဆိုတာ
သိခဲ့တယ်။
လွမ်းတေးချို
21.9.2017
Comments
Post a Comment